ရွှေပြည်သာ စက်မှုဇုန်မှ မြန်မာ့ ပထမဦးဆုံး လျှပ်စစ်ကား အစီးရေ ၅၀၀ ထုတ်လုပ်မည်
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်တွင် လျှပ်စစ်ကား အစီးရေ ၅၀၀ ထိ ထုတ်လုပ်မည်ဖြစ်ကြောင်း အဆိုပါ ကားထုတ်လုပ်ရေးလုပ်ငန်းက သိရသည်။ “အရစ်ကျစနစ်နဲ့တော့ မရောင်းဘူး။ လက်ငင်း ငွေချေစနစ်နဲ့ ရောင်းပါတယ်။ လက်ရှိမှာက နှစ်ရာလောက်ပဲ ထုတ်ထားတယ်။
ကျွန်တော်တို့အနေနဲ့က တရုတ်-မြန်မာ ချစ်ကြည်ရေးအရ ထုတ်လုပ်ရောင်းချပေးတာပါ။ အကျိုးအမြတ်ကို အဓိက မထားဘူး၊ ကိုဗစ်ကလည်း ဖြစ်ကြတယ်။ အခုဆိုရင် လောင်စာဆီဈေးကလည်း တက်လာတယ်ဆိုတော့ လျှပ်စစ်ကားကို သက်ဆိုင်ရာကလည်း ထုတ်လုပ်ဖို့ ခွင့်ပြုတာကြောင့်ပါ။
ကျွန်တော်တို့ ရောင်းနေတာမှာတော့ ကား နံပါတ်ထွက်ပြီးသားမရှိဘူး။ ဝယ်တဲ့အခါမှ လိုင်စင်လုပ်ပြီးနံပါတ်လည်း ရမှာပါ” ဟု KSD အမှတ်တံဆိပ် ကားထုတ်လုပ်သည့် ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ မစ္စတာ ယူဂျင်ချန်း က ပြောသည်။
အဆိုပါ ကားမှာ လူ ၅ ဦး စီးနင်းနိုင်ပြီး KSDV1-NE1 နှင့် KSDV1-NE2 မော်ဒယ် နှစ်မျိုး ထုတ်လုပ်ထားကြောင်း၊ သို့သော်လည်း KSDV1-NE1 မော်ဒယ်မှာ မြို့တွင်းသွားလာရန် ရည်ရွယ်ပြီး ခရီးဝေးသွားလာမည့်သူများအတွက် KSDV1-NE2 မော်ဒယ်ကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ၊ ကားများတွင် လီသီယမ် ဘက်ထရီအမျိုးအစား တပ်ဆင်ထားကာ အာမခံ ၅ နှစ်ပေးထားကြောင်းလည်း သိရသည်။
မော်တော်ယာဉ် အမျိုးအစား နှစ်ခုစလုံးတွင် တပ်ဆင်ထားသော ဘက်ထရီများကို အိမ်သုံးလျှပ်စစ်မီးဖြင့် လွယ်ကူစွာအားသွင်းနိုင်ကြောင်း သိရသည်။ အနက်ရောင်ပါတာက NE2, တစ်စီးလုံးအဖြူရောင်က NE1 ပါ။ NE1 မော်ဒယ်မှာ ဘက်ထရီ အားသွင်းချိန် ၈ နာရီ ကြာမြင့်ပြီး ခရီးအကွာအဝေး ကီလိုမီတာ ၁၈၀ မှ ၂၀၀ ကြား မောင်းနှင်နိုင်မည်ဖြစ်သည်။ တစ်နာရီလျှင် ကီလိုမီတာ ၆၀ နှုန်းထိ မောင်းနှင်နိုင်ပြီး ၂၀၀ စီစီ အရေးပေါ်အားသွင်း မီးစက်ပါဝင်သည်။
ခရီးဝေးသွားလာနိုင်သည့် NE2 မော်ဒယ်အနေနဲ့ ဘက်ထရီအားသွင်းချိန် ၅ နာရီကြာမြင့်ပြီး ကီလိုမီတာ ၁၀၀ ထိ မောင်းနှင်နိုင်ကာ ဘက်ထရီကို ၇၆၆ စီစီအားသွင်းမီးစက်ဖြင့် အားဖြည့်ပြီး ဆက်လက်မောင်းနှင်နိုင်သည်။ အမြန်နှုန်း တစ်နာရီလျှင် ၈၀ ကီလိုမီတာဖြင့် မောင်းနှင်နိုင်သည်။
KSDV1-NE1 ကားမှာ စက်ရုံဈေး ၁၀၃ သိန်း ၊ KSDV1-NE2 ကားမှာ စက်ရုံဈေး ၁၁၆ သိန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ ဝယ်ယူပြီးပါက ကညနတွင် သုံးနှစ်စာ လိုင်စင်ကြေး ပေးသွင်းရမည် ဖြစ်ကြောင်းလည်း သိရသည်။
ေရႊျပည္သာ စက္မႈဇုန္မွ ျမန္မာ့ ပထမဦးဆုံး လၽွပ္စစ္ကား အစီးေရ ၅၀၀ ထုတ္လုပ္မည္
ရန္ကုန္တိုင္းေဒသႀကီး ေရႊျပည္သာၿမိဳ႕နယ္၊ သာဓုကန္စက္မႈဇုန္တြင္ လၽွပ္စစ္ကား အစီးေရ ၅၀၀ ထိ ထုတ္လုပ္မည္ျဖစ္ေၾကာင္း အဆိုပါ ကားထုတ္လုပ္ေရးလုပ္ငန္းက သိရသည္။ “အရစ္က်စနစ္နဲ႔ေတာ့ မေရာင္းဘူး။ လက္ငင္း ေငြေခ်စနစ္နဲ႔ ေရာင္းပါတယ္။ လက္ရွိမွာက ႏွစ္ရာေလာက္ပဲ ထုတ္ထားတယ္။
ကၽြန္ေတာ္တို႔အေနနဲ႔က တ႐ုတ္-ျမန္မာ ခ်စ္ၾကည္ေရးအရ ထုတ္လုပ္ေရာင္းခ်ေပးတာပါ။ အက်ိဳးအျမတ္ကို အဓိက မထားဘူး၊ ကိုဗစ္ကလည္း ျဖစ္ၾကတယ္။ အခုဆိုရင္ ေလာင္စာဆီေဈးကလည္း တက္လာတယ္ဆိုေတာ့ လၽွပ္စစ္ကားကို သက္ဆိုင္ရာကလည္း ထုတ္လုပ္ဖို႔ ခြင့္ျပဳတာေၾကာင့္ပါ။
ကၽြန္ေတာ္တို႔ ေရာင္းေနတာမွာေတာ့ ကား နံပါတ္ထြက္ၿပီးသားမရွိဘူး။ ဝယ္တဲ့အခါမွ လိုင္စင္လုပ္ၿပီးနံပါတ္လည္း ရမွာပါ” ဟု KSD အမွတ္တံဆိပ္ ကားထုတ္လုပ္သည့္ ကုမၸဏီ၏ မန္းေနးဂ်င္းဒါရိုက္တာ မစၥတာ ယူဂ်င္ခ်န္း က ေျပာသည္။
အဆိုပါ ကားမွာ လူ ၅ ဦး စီးနင္းနိုင္ၿပီး KSDV1-NE1 ႏွင့္ KSDV1-NE2 ေမာ္ဒယ္ ႏွစ္မ်ိဳး ထုတ္လုပ္ထားေၾကာင္း၊ သို႔ေသာ္လည္း KSDV1-NE1 ေမာ္ဒယ္မွာ ၿမိဳ႕တြင္းသြားလာရန္ ရည္ရြယ္ၿပီး ခရီးေဝးသြားလာမည့္သူမ်ားအတြက္ KSDV1-NE2 ေမာ္ဒယ္ကို ေရြးခ်ယ္ဝယ္ယူနိုင္မည္ျဖစ္ေၾကာင္း ၊ ကားမ်ားတြင္ လီသီယမ္ ဘက္ထရီအမ်ိဳးအစား တပ္ဆင္ထားကာ အာမခံ ၅ ႏွစ္ေပးထားေၾကာင္းလည္း သိရသည္။
ေမာ္ေတာ္ယာဥ္ အမ်ိဳးအစား ႏွစ္ခုစလုံးတြင္ တပ္ဆင္ထားေသာ ဘက္ထရီမ်ားကို အိမ္သုံးလၽွပ္စစ္မီးျဖင့္ လြယ္ကူစြာအားသြင္းနိုင္ေၾကာင္း သိရသည္။ အနက္ေရာင္ပါတာက NE2, တစ္စီးလုံးအျဖဴေရာင္က NE1 ပါ။ NE1 ေမာ္ဒယ္မွာ ဘက္ထရီ အားသြင္းခ်ိန္ ၈ နာရီ ၾကာျမင့္ၿပီး ခရီးအကြာအေဝး ကီလိုမီတာ ၁၈၀ မွ ၂၀၀ ၾကား ေမာင္းႏွင္နိုင္မည္ျဖစ္သည္။ တစ္နာရီလၽွင္ ကီလိုမီတာ ၆၀ ႏႈန္းထိ ေမာင္းႏွင္နိုင္ၿပီး ၂၀၀ စီစီ အေရးေပၚအားသြင္း မီးစက္ပါဝင္သည္။
ခရီးေဝးသြားလာနိုင္သည့္ NE2 ေမာ္ဒယ္အေနနဲ႔ ဘက္ထရီအားသြင္းခ်ိန္ ၅ နာရီၾကာျမင့္ၿပီး ကီလိုမီတာ ၁၀၀ ထိ ေမာင္းႏွင္နိုင္ကာ ဘက္ထရီကို ၇၆၆ စီစီအားသြင္းမီးစက္ျဖင့္ အားျဖည့္ၿပီး ဆက္လက္ေမာင္းႏွင္နိုင္သည္။ အျမန္ႏႈန္း တစ္နာရီလၽွင္ ၈၀ ကီလိုမီတာျဖင့္ ေမာင္းႏွင္နိုင္သည္။
KSDV1-NE1 ကားမွာ စက္႐ုံေဈး ၁၀၃ သိန္း ၊ KSDV1-NE2 ကားမွာ စက္႐ုံေဈး ၁၁၆ သိန္းျဖင့္ ဝယ္ယူနိုင္မည္ျဖစ္ေၾကာင္း၊ ဝယ္ယူၿပီးပါက ကညနတြင္ သုံးႏွစ္စာ လိုင္စင္ေၾကး ေပးသြင္းရမည္ ျဖစ္ေၾကာင္းလည္း သိရသည္။