ၾကားသိရသမွ်

ယနေ့ညမှာ ကမ္ဘာကြီးရဲ့လှပမှုကို သင်ကိုယ်တိုင်မြင်တွေ့ရမှာမို့ စောင့်ကြည့်ရင်း ဆုတောင်းကြပါ

ယ​ေန႔ ဇင္ဘာ ၁၄ ၊ ၁၅ ရက္ညေတြမွာ ၾကယ္မိုးေတြရြာတာကို သင္ကိုယ္တိုင္ မ်က္ဝါးထင္ထင္ ျမင္ေတြ႕နိုင္မွာပါ။

ဒါဇင္နဲ႔ခ်ီတဲ့ၾကယ္ေတြဟာ ျပာ ၊ စိမ္း ၊ ဝါ ၊ လိေမၼာ္ အစရွိတဲ့ ေရာင္စဥ္ေလးေတြနဲ႔ လွပစြာေႂကြဆင္းလာၾကမွာပါ။

တစ္နာရီကို ၾကယ္အလုံး ၁၂၀ လုံးေလာက္အထိေႂကြက်နိုင္ၿပီး ဒီျဖစ္စဥ္ကိုေတာ့ကမၻာ့ေနရာ အႏွံ့အျပားကေန ျမင္ေတြ႕နိုင္မွာပါ။

ျမန္မာနိုင္ငံမွာလည္း ေသခ်ာျမင္ေတြ႕ရမွာမလို႔ ဒီလိုကာလႀကီးထဲမွာ အိမ္တြင္းေအာင္းေနရတဲ့ သားသားမီးမီးေတြကို ေဖေဖေမေမတို႔က ၾကယ္ေလးေတြ အေရာင္အေသြးစုံစုံလင္လင္နဲ႔ ေႂကြက်တဲ့ ရွားရွားပါးပါးျဖစ္စဥ္ေလးကို ျပဖို႔‌မေမ့ၾကပါနဲ႔ဦးေနာ္။

ၾကယ္ေႂကြတယ္ဆိုေပမယ့္ တကယ္တမ္းေတာ့ အာကာသထဲက ဥကၠာခဲ အပိုင္းအစေတြဟာ ကမၻာ့ဆြဲငင္အားေၾကာင့္ ကမၻာေျမသို႔ က်လာၿပီးေလထုပြတ္အားၾကာင့္ မီးေတာက္ေလာင္ကာ အလင္းေရာင္ ထြက္လာတာကို ၾကယ္ေႂကြတယ္ ဆိုၿပီးေတာ့ ေျပာၾကတာျဖစ္ပါတယ္။

ယုံတမ္းလက္ဆင့္ကမ္းစကား ပုံျပင္ေတြအရ ၾကယ္ေလးေတြေႂကြက်တဲ့အခါ ဆုေတာင္းရင္ ဆုေတာင္းျပည့္တတ္ၾကတယ္တဲ့။

ယုံတမ္းစကားေလးဆိုေပမယ့္လည္း ၾကယ္‌ေလးတစ္ပြင့္ ေႂကြတဲ့အခ်ိန္တိုင္းမွာ ဆုေတာင္းရတဲ့အရသာဟာ မြန္းက်ပ္ေနတဲ့ ယခုကာလမွာ ‌စိတ္ကိုေပါ့ပါးေစၿပီး အရမ္းကို ေပ်ာ္စရာေကာင္းေစမွာမလို႔ ၾကယ္မိုးေလးေတြၾကည့္ရင္း အတူတူဆုေတာင္းၾကတာေပါ့။

ကမၻာ့အခ်ိဳ႕ေနရာေတြမွာ ည 7 နာရီဝန္းက်င္ေလာက္ တည္းကေတြ႕နိုင္ၿပီး တစ္ခ်ိဳ႕နိုင္ငံေတြမွာေတာ့ ည 12နာရီဝန္းက်င္ေလာက္မွေတြ႕နိုင္မွာပါ။

ၾကည့္ရအေကာင္းဆုံးအျမင္ရဆုံး ျဖစ္မယ့္ အခ်ိန္ကေတာ့ညသန္းေခါင္နဲ႔ မနက္အ႐ုဏ္ စပ္ၾကားအခ်ိန္ပါ။

ေျမာက္အရပ္နဲ႔ အေရွ႕ေျမာက္အရပ္ေတြမွာ ၾကယ္ေႂကြတဲ့ ျဖစ္စဥ္ေတြကိုအေကာင္းဆုံးေတြ႕ျမင္နိုင္မွာမလို႔ အဲ့ဘက္ေတြကိုအဓိကထားၿပီး ၾကည့္ဖို႔မေမ့ၾကနဲ႔ေနာ္။

( ပတ္ဝန္းက်င္ လၽွပ္စစ္မီး အလင္းေရာင္မရွိတဲ့ ေနရာမွာသာပိုမိုထင္ရွားစြာ ေတြ႕နိုင္မွာျဖစ္ပါတယ္ )

ဒီည ၾကယ္မိုး‌ရြာမယ့္ညမွာ မင္မင္ကေတာ့ လသာေဆာင္ကေန ၾကယ္ေလးေတြ ေႂကြက်လာတာကို ၾကည့္ရင္း ကပ္ေဘးေတြနဲ႔ တိုင္းျပည္စနစ္ဆိုးႀကီး အျမန္ ေက်ာ္လႊားနိုင္ၿပီး ေရွ႕ဆက္ပိုမို ေကာင္းမြန္ လာေအာင္ ဆုေတာင္းမိမယ္ထင္ပါတယ္။

ဒီည ၾကယ္မိုးရြာမယ့္ညေလးဟာ 2022 ႏွစ္ကုန္ခါနီးရဲ့ထူးျခားျဖစ္စဥ္ေလး တစ္ခုမို႔ နကၡတ္တာရာကိုစိတ္မဝင္စားသည့္တိုင္ ၾကည့္ဖို႔ လက္မလႊတ္ၾကဖို႔ေျပာလိုပါတယ္။

credit to orginal

unicode

ယ​နေ့ ဇင်ဘာ ၁၄ ၊ ၁၅ ရက်ညတွေမှာ ကြယ်မိုးတွေရွာတာကို သင်ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့နိုင်မှာပါ။

ဒါဇင်နဲ့ချီတဲ့ကြယ်တွေဟာ ပြာ ၊ စိမ်း ၊ ဝါ ၊ လိမ္မော် အစရှိတဲ့ ရောင်စဉ်လေးတွေနဲ့ လှပစွာကြွေဆင်းလာကြမှာပါ။

တစ်နာရီကို ကြယ်အလုံး ၁၂၀ လုံးလောက်အထိကြွေကျနိုင်ပြီး ဒီဖြစ်စဉ်ကိုတော့ကမ္ဘာ့နေရာ အနှံ့အပြားကနေ မြင်တွေ့နိုင်မှာပါ။

မြန်မာနိုင်ငံမှာလည်း သေချာမြင်တွေ့ရမှာမလို့ ဒီလိုကာလကြီးထဲမှာ အိမ်တွင်းအောင်းနေရတဲ့ သားသားမီးမီးတွေကို ဖေဖေမေမေတို့က ကြယ်လေးတွေ အရောင်အသွေးစုံစုံလင်လင်နဲ့ ကြွေကျတဲ့ ရှားရှားပါးပါးဖြစ်စဉ်လေးကို ပြဖို့‌မမေ့ကြပါနဲ့ဦးနော်။

ကြယ်ကြွေတယ်ဆိုပေမယ့် တကယ်တမ်းတော့ အာကာသထဲက ဥက္ကာခဲ အပိုင်းအစတွေဟာ ကမ္ဘာ့ဆွဲငင်အားကြောင့် ကမ္ဘာမြေသို့ ကျလာပြီးလေထုပွတ်အားကြာင့် မီးတောက်လောင်ကာ အလင်းရောင် ထွက်လာတာကို ကြယ်ကြွေတယ် ဆိုပြီးတော့ ပြောကြတာဖြစ်ပါတယ်။

ယုံတမ်းလက်ဆင့်ကမ်းစကား ပုံပြင်တွေအရ ကြယ်လေးတွေကြွေကျတဲ့အခါ ဆုတောင်းရင် ဆုတောင်းပြည့်တတ်ကြတယ်တဲ့။

ယုံတမ်းစကားလေးဆိုပေမယ့်လည်း ကြယ်‌လေးတစ်ပွင့် ကြွေတဲ့အချိန်တိုင်းမှာ ဆုတောင်းရတဲ့အရသာဟာ မွန်းကျပ်နေတဲ့ ယခုကာလမှာ ‌စိတ်ကိုပေါ့ပါးစေပြီး အရမ်းကို ပျော်စရာကောင်းစေမှာမလို့ ကြယ်မိုးလေးတွေကြည့်ရင်း အတူတူဆုတောင်းကြတာပေါ့။

ကမ္ဘာ့အချို့နေရာတွေမှာ ည 7 နာရီဝန်းကျင်လောက် တည်းကတွေ့နိုင်ပြီး တစ်ချို့နိုင်ငံတွေမှာတော့ ည 12နာရီဝန်းကျင်လောက်မှတွေ့နိုင်မှာပါ။

ကြည့်ရအကောင်းဆုံးအမြင်ရဆုံး ဖြစ်မယ့် အချိန်ကတော့ညသန်းခေါင်နဲ့ မနက်အရုဏ် စပ်ကြားအချိန်ပါ။

မြောက်အရပ်နဲ့ အရှေ့မြောက်အရပ်တွေမှာ ကြယ်ကြွေတဲ့ ဖြစ်စဉ်တွေကိုအကောင်းဆုံးတွေ့မြင်နိုင်မှာမလို့ အဲ့ဘက်တွေကိုအဓိကထားပြီး ကြည့်ဖို့မမေ့ကြနဲ့နော်။

( ပတ်ဝန်းကျင် လျှပ်စစ်မီး အလင်းရောင်မရှိတဲ့ နေရာမှာသာပိုမိုထင်ရှားစွာ တွေ့နိုင်မှာဖြစ်ပါတယ် )

ဒီည ကြယ်မိုး‌ရွာမယ့်ညမှာ မင်မင်ကတော့ လသာဆောင်ကနေ ကြယ်လေးတွေ ကြွေကျလာတာကို ကြည့်ရင်း ကပ်ဘေးတွေနဲ့ တိုင်းပြည်စနစ်ဆိုးကြီး အမြန် ကျော်လွှားနိုင်ပြီး ရှေ့ဆက်ပိုမို ကောင်းမွန် လာအောင် ဆုတောင်းမိမယ်ထင်ပါတယ်။

ဒီည ကြယ်မိုးရွာမယ့်ညလေးဟာ 2022 နှစ်ကုန်ခါနီးရဲ့ထူးခြားဖြစ်စဉ်လေး တစ်ခုမို့ နက္ခတ်တာရာကိုစိတ်မဝင်စားသည့်တိုင် ကြည့်ဖို့ လက်မလွှတ်ကြဖို့ပြောလိုပါတယ်။

credit to orginal