Source: Chan Chan
Credit
ချစ်လှစွာသောပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်း ကတော့အနုပညာလောကမှာ ဒိတ်ဒိတ်ကျဲအောင်မြင်မှုတွေရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှုကိုလည်း များစွာရရှိထားတဲ့သူဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကြာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ သူမကအချစ်သီချင်းတွေသာမကပဲ အဆွေးသီချင်းတွေကိုလည်း စိတ်ခံစားချက်အပြည့်နဲ့သီဆိုလေ့ရှိတဲ့သူတစ်ယောက်ပါ…။
အခုလိုအောင်မြင်မှုတွေရရှိခဲ့တဲ့ ချမ်းချမ်းဟာ လက်ရှိမှာဆိုရင် ခင်ပွန်းသည်ရှိရာ အီတလီမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ်။
ချမ်းချမ်း ကတော့မြန်မာပြည်မှာကျန်ခဲ့တဲ့ သမီးကြီးကိုလည်း လွမ်းနေရင်း သမီးငယ်လေးအပေါ်မှာလည်း အရမ်းကိုချစ်ပြီး အရိပ်တကြည့်ကြည့်နဲ့ ချစ်နေတာ ဖြစ်ပါတယ်နော် တစ်ခါတစ်လေမှာလည်း သမီးငယ်လေးရဲံချစ်စရာကောင်းတဲ့ ပုံလေးနဲ့ ဗီဒီယိုလေးတွေကိုလည်းပရိသတ်ကြီးအတွက် တင်ပေးနေကြဖြစ်ပါတယ်….။
မကြာသေးခင်က ချမ်းချမ်း ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ” သမီးလေးနဲ့ ခရစ်စမတ် အတွက် ပြင်ဆင်တွေ့သမျှကိုက်နေလို့ မနည်းဆွဲထားရတယ်😹😹My playful Pilar 😻preparing for Christmas decorations you cannot finish anything with her 😹😹😻” ဆိုပြီးရေးသားလာပြီး ချစ်စရာကောင်းတဲ့ဗီဒီယိုလေးတစ်ခုကို တင်လာခဲ့တာ ဖြစ်ပါတယ်။ သမီးငယ်လေးရဲ့ ဗီဒီိယိုလေးကို ပရိသတ်ကြီးလည်းချစ်ပေးကြပါအုံးနော်….။
Source: Chan Chan
Credit