အနုပညာရှင်တွေပြန်လွှတ်ပေးပြီ စစ်ကိုင်းကိုဖိလာပါပြီနော် အခြေအနေဆိုးနေတဲ့စစ်ကိုင်းတိုင်း…..seemore
စစ်ကိုင်းတိုင်း မြို့နယ် ၂၄ ခုတွင် မိုဘိုင်းလ် အင်တာနက်လိုင်းများ စစ်ကောင်စီက ဖြတ်တောက်၊ ရွာလုံးကျွတ်မီးရှို့ခြင်းများနှင့် ပြည်သူများကို သတ်ဖြတ်မှုများ စစ်တပ်က အရှိန်မြှင့်လုပ်ဆောင်
စစ်ကိုင်းတိုင်းရှိ မြို့နယ် ၂၄ ခုတွင် အင်တာနက်လိုင်းများကို စစ်ကောင်စီက မတ် လ ၃ ရက်နေ့ ည ၁၁ နာရီမှစတင်ဖြတ်တောက်လိုက်ပြီး စစ်ကောင်စီတပ်များက ရွာလုံးကျွတ် မီးရှို့ခြင်းများ ၊ ပြည်သူများကို သတ်ဖြတ်ခြင်းများကို ယနေ့ မတ်လ ၄ ရက်နေ့တွင် အရှိန်မြှင့်လုပ်ဆောင်လာကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ချောင်းဦးမြို့နယ်၊ မြောင်၊ ဆားလင်းကြီး၊ ခင်ဦး၊ ဒီပဲယင်း၊ ဝက်လက်၊ ရေဦး၊ မြင်းမူ၊ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ တန့်ဆည်၊ မင်းကင်း၊ ကလေးဝ၊ တမူး၊ မော်လိုက်၊ အင်းတော်၊ ဟုမ္မလင်း၊ ကျွန်းလှ၊ ဖောင်းပြင်၊ ခန္တီး၊ လဟယ်၊ ကလေး မြို့နယ်များတွင် ယမန်နေ့ည ၁၁ နာရီမှ စတင်ပြီး အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မနေ့ည ၁၁ နာရီကစပြီး ဝက်လက်မှာ အင်တာနက်လိုင်းတွေ မရတော့ဘူးလို့ အမျိုးတွေက ဖုန်းဆက်အကြောင်း ကြားလာပါတယ်။ အင်တာနက်လိုင်းမရတော့ စစ်တပ်က လူသတ် အကြမ်းဖက်မှုတွေ ပိုလုပ်မှာကို စိုးရိမ်နေကြတယ်” ဟု မုံရွာမြို့မှ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်းကလေးမြို့နယ်တွင်လည်း မိုဘိုင်းလ်အင်တာနက်လိုင်းများအားလုံး ပြတ်တောက် နေကြောင်း သိရှိရသည်။
စစ်ကောင်စီက ကနီ၊ ပုလဲ၊ ယင်းမာပင်၊ အရာတော်၊ ဝန်းသို၊ ဘုတလင်၊ ပင်လည် ဘူး၊ ကောလင်းတို့ကို ယခင်ကတည်းက အင်တာနက်ဖြတ်တောက်ခဲ့ပြီးနောက် ထပ်မံ၍ ၂၃ မြို့နယ်ကို အင်တာနက် ထပ်မံ ဖြတ်တောက်ခြင်းဖြစ် သည်။
မတ်လ ၄ ရက်နေ့ နံနက် ဒီပဲယင်းမြို့နယ်အတွင်းရှိ မင်းဆွေ ၂ ရွာကို စစ်ကောင် စီတပ်က ဝင်ရောက်စီးနင်းလိုက်ပြီး လူငယ် ၉ ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဖုန်းဖြင့် ပြောဆိုသည်။
ယမန်နေ့ မတ်လ ၃ ရက်နေ့ ညပိုင်း စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ဝေလမူကျေးရွာနှင့် ကုန်းစည်းရွာတွင် စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး ရွာတောင်ပိုင်းနှင့် အရှေ့ဘက်ပိုင်းရှိ နေအိမ်နှင့် ဆိုင်ကယ်များကို မီးရှို့ကြောင်း၊ ကျန်းမာရေးCDM ဆရာမ အပါအဝင် CDM ဝန်ထမ်းများကို ရှာဖွေ ဖမ်းဆီးကြောင်း ၊ လက်ရှိအချိန်တွင် အင်တာနက်လိုင်းများ ပြတ်တောက်နေသည့် အတွက် အခြေအနေ မသိရှိရတော့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ရန်ကုန်၊ မတ် ၄

crd
Zawgyi
အနုပညာရှငတြှပှနေလြှှတပြေးပှီ စဈကိုငြးကိုဖိလာပါပှီနောြ အခှအနေဆေိုးနတေဲ့စဈကိုငြးတိုငြး…..seemore
