ၾကားသိရသမွ်

ႏိုင္ငံသားအျဖစ္ကေန ရပ္စဲခံရတာနဲ႔ပတ္သက္ၿပီး ဒဲ့ ေဆာ္လိုက္တဲ့ ပန္ဆယ္လို

ကိုယ္ကသာ ကိုယ့္ကိုယ္ကိုယ္ ဘာေကာင္မွ မဟုတ္ဘူး ထင္ေနတာ။ ေစာက္တပ္ကဟာေတြက ကိုယ့္ကို ကိုယ့္ထက္ေတာင္ အထင္ႀကီးေသးတာ။

NUG က ဝန္ႀကီးေတြေတာင္ အစုံမပါေသးဘူး။ ကိုယ့္လို ငခြၽတ္က အရင္ဆုံးထုတ္တဲ့ ႏိုင္ငံသားရပ္စဲျခင္းမွာ ပါလာတယ္။ အာဏာသိမ္းစတုန္းကလည္း NLD က အမတ္ေတြေတာင္ ျပန္လႊတ္ေပးေနခ်ိန္ အရင္ဆုံးထုတ္တဲ့ ဝရမ္းList ၇ေယာက္မွာ ပါခဲ့တယ္။ ပိုင္ဆိုင္မႈေတြ ခ်ိတ္ပိတ္ေတာ့လည္း ကိုယ္က ေရွ႕ဆုံးက ပါေသးတာ။

ငါ့မ်ား ဘာေကာင္ႀကီး ထင္ေနၾကတာလဲေဟ။ သာမန္မိန္းမတစ္ေယာက္ပါဟ။ နင္တို႔သာ မွန္ေနရင္ နင္တို႔ႏိုင္ငံႀကီးကို ဘာမွလုပ္လို႔မရပါဘူး။ ႏိုင္ငံေတာ္ပ်က္စီးေစရန္ေဆာင္႐ြက္တယ္ဆိုပဲ။ ႏိုင္ငံေတာ္ဆိုတာႀကီးက ငါလိုေကာင္ ပ်က္စီးစမ္းဆိုတာနဲ႔ ပ်က္စီးမယ္ထင္ရေလာက္ေအာင္ အရမ္းေၾကာက္ေနတယ္ေပါ့။ အဟက္
ကိုယ့္ကိုယ္ကိုယ္ ႏိုင္ငံေတာ္လို႔ ထင္ေနတဲ့ ေစာက္႐ူးေတြက တစ္မ်ိဳး။ ႏိုင္ငံေတာ္ကို ေယာကၡမအေမြလို လုပ္ခ်င္တိုင္းလုပ္လို႔ရမယ္ ဘဝင္႐ူးေနတဲ့ ေစာက္႐ူးေတြ။

ဘာပုဒ္မ ညာပုဒ္မေတြ လာမလုပ္နဲ႔။ ဘာဥပေဒမွ မရွိတဲ့ တရားလက္လြတ္ရမ္းကားေနတဲ့ေကာင္ေတြ ေစာက္ေပါက္က ထြက္တဲ့ ဥပေဒဆိုတာကို L**ပဲ ထင္တယ္။ အဲ့ထက္ရွင္းေအာင္ ေျပာစရာလိုေသးလား။

ႏိုင္ငံသားအျဖစ္ဆိုတာ ဒီႏိုင္ငံမွာ ေမြးဖြားလာတဲ့ ျပည္သူတစ္ေယာက္ရဲ႕ အေျခခံရပိုင္ခြင့္နဲ႔ အခြင့္အေရးပဲ။ ဘယ္ေခြးသူေတာင္းစားကမွ စာ႐ြက္ေပၚေရးၿပီး ပယ္ဖ်က္ခ်င္တိုင္း ပယ္ဖ်က္လို႔ မရဘူး။

လက္နက္သာ မကိုင္ထားရင္ မိနစ္ပိုင္းအတြင္း တစ္စစီ ၿဖဲဆုပ္ခံရမယ့္အေနအထားနဲ႔ ေကာင္ေတြကမ်ား။ ျပည္သူ႔ဆီက တစ္မဲမွ မရလို႔ ေသနတ္ျပ အာဏာဓါးျပတိုက္တဲ့ သူခိုးဓါးျပေစာက္ဆင့္နဲ႔ ေကာင္ေတြကမ်ား။ ေနစမ္းပါဦး… ငါတို႔ကို ႏိုင္ငံသားအျဖစ္က ရပ္စဲတယ္ေတြဘာေတြလုပ္ေနရေအာင္ နင္တို႔ကို ဘယ္သူက အစိုးရလို႔ ေစာက္ဖက္လုပ္ေနလို႔တုန္း။

ငါတို႔ကေရာ ႏိုင္ငံသားျဖစ္ခြင့္မရေတာ့လို႔ဆိုၿပီး လူးလွိမ့္ငိုေနမယ္ ထင္တယ္ေပါ့ေလ။ လခြမ္း… ေတာ္ေတာ္ေနာက္တဲ့ေကာင္ေတြ။ ႏိုင္ငံသားျဖစ္ခြင့္က ေစာက္ရမ္းမက္ေမာစရာႀကီးဆိုေတာ့ေလ။ ႏိုင္ငံထဲက ျပည္သူေတြကိုပဲ ေမးၾကည့္ပါဦး။ ဘယ္သူက ႏိုင္ငံသား ေစာက္က်ိဳးနည္းႀကီး ျဖစ္ခ်င္ေနၾကသလဲလို႔။

နင္တို႔လိုေအာက္တန္းစားေတြ အႏိုင္က်င့္အုပ္ခ်ဳပ္ခံေနရတဲ့ ေန႔ရက္တိုင္းစကၠန္႔တိုင္းမွာ ႏိုင္ငံသားျဖစ္ေနရတာကိုက အန္ခ်င္စရာ ေကာင္းေနတာ။ႏိုင္ငံသား ဆတ္စလူးထ အဇမ္းျဖစ္ခ်င္ေနရေအာင္ ႏိုင္ငံေတာ္ႀကီးက ေစာက္က်ိဳးနည္း ေစာင့္ေရွာက္ေနရွာတယ္ဆိုေတာ့။

နင္တို႔က အခုမွ ႏိုင္ငံသားအျဖစ္က ရပ္စဲသည္ လုပ္ေနတာ။ ငါတို႔က နင္တို႔ကို လူအျဖစ္က ရပ္စဲထားလိုက္တာ ၾကာလွၿပီ။ ငါတို႔က ႏိုင္ငံသားအျဖစ္ တမင္လာခံယူထားသူေတြ မဟုတ္ဘူး။ ေမြးရာပါ ႏိုင္ငံသားေတြ။ အခုလည္း ျမန္မာႏိုင္ငံသား၊ ေနာင္လည္း ျမန္မာႏိုင္ငံသားပဲ။ စာ႐ြက္စုတ္ေပၚ လိလိလားလားေရးလိုက္႐ုံနဲ႔ ႏိုင္ငံသားမျဖစ္ေတာ့ဘူးထင္တဲ့ေကာင္ ေစာက္႐ူးပဲထင္တယ္။

နင္တို႔က ငါတို႔ကို ဖိႏွိပ္ခြင့္ရလိုက္တယ္ ထင္တာ။ ဒါေပမယ့္ နင္တို႔က ငါတို႔ကို ဂုဏ္တင္ေပးေနတာ။ နင္တို႔က ငါတို႔ကို ခ်ီးေျမႇာက္ေပးေနတာ။ နင္တို႔လို အဓမၼ မတရားေကာင္ေတြ မုန္းေလ၊ ငါတို႔ရဲ႕ အမွန္တရားကို ခ်စ္ျမတ္ႏိုးမႈက ပိုမိုထင္ရွားလာေလပဲ။ နင္တို႔လို လူသတ္အၾကမ္းဖက္ သူခိုးဓါးျပ လူအႏၶေတြနဲ႔ တစ္ဖက္တည္း မရပ္တည္တဲ့အျပင္ နင္တို႔ကို ျပင္းျပင္းထန္ထန္ ဆန္႔က်င္ေနႏိုင္တာဟာ ဘဝမွာ ဂုဏ္အယူရဆုံးေသာ သမိုင္းပဲ။

အာဏာသိမ္းတဲ့ေန႔ ဘာမွဆန္႔က်င္ခ်ိန္ မရေသးခင္မွာ ငါကို ဖမ္းဖို႔ ႀကိဳးစားတယ္။ နင္တို႔ကို ဆန္႔က်င္မယ္ဆိုတာ သိလို႔၊ နင္တို႔ စိတ္မလုံၿခဳံလို႔။ ငါ့ကို ဝရမ္းထုတ္တယ္။ နင္တို႔စိတ္မလုံၿခဳံလို႔။ ငါ့မိသားစုဝင္ေတြကို ဖမ္းဖို႔ႀကိဳးစားတယ္။ နင္တို႔ စိတ္မလုံၿခဳံလို႔။ ငါ့ပိုင္ဆိုင္မႈေတြကို သိမ္းတယ္။ နင္တို႔ စိတ္မလုံၿခဳံလို႔။ ငါ့ကို ႏိုင္ငံသားအျဖစ္က ရပ္စဲတယ္။ နင္တို႔ စိတ္မလုံၿခဳံလို႔။ တနည္းအားျဖင့္ နင္တို႔ ငါ့ကို ေၾကာက္ေနလို႔။ နင္တို႔ဟာ ငါ့ရဲ႕ဆန္႔က်င္မႈကို တုန္လႈပ္လို႔။ နင္တို႔ရင္ထဲမွာ ငါ့က ဆူးတစ္ေခ်ာင္းလို နာက်င္ေနရခက္ေနလို႔။

လိုက္ဖမ္းတယ္။ နင္တို႔ကို ဆန္႔က်င္ဖို႔ ငါေၾကာက္႐ြံ႕ရပ္တန္႔မေနခဲ့ဘူး။ ဝရမ္းထုတ္တယ္။ နင္တို႔ကို ဆန္႔က်င္ဖို႔ ငါေၾကာက္႐ြံ႕ရပ္တန္႔မေနခဲ့ဘူး။ မိသားစုေတြနဲ႔ ၿခိမ္းေျခာက္တယ္။ နင္တို႔ကို ဆန္႔က်င္ဖို႔ ငါေၾကာက္႐ြံ႕ရပ္တန္႔မေနခဲ့ဘူး။ ပိုင္ဆိုင္မႈေတြ သိမ္းတယ္။ နင္တို႔ကို ဆန္႔က်င္ဖို႔ ငါေၾကာက္႐ြံ႕ရပ္တန္႔မေနခဲ့ဘူး။ ႏိုင္ငံသားအျဖစ္က ရပ္ဆဲတယ္။ နင္တို႔ကို ဆန္႔က်င္ဖို႔ ငါေၾကာက္႐ြံ႕ရပ္တန္႔ေနမွာ မဟုတ္ဘူး။

ၿမဲၿမဲမွတ္ထား။ ငါတို႔က ေသၿပီးသားေတြ။ ေသၿပီးသားလူကို ထပ္သတ္လို႔မရဘူး။ နင္တို႔ ငါ့ကို ဘာနဲ႔မွ ရပ္တန္႔လို႔ မရဘူး။ နင္တို႔က အရႈံးသမားေတြ။ နင္တို႔က ငါ့ကို အၿမဲရႈံးေနတဲ့ အရႈံးသမားေတြ။

ငါ့ကို နင္တို႔ ဘယ္အရာနဲ႔မွ တားဆီးလို႔ မရဘူး။ နင္တို႔ကို ဆက္ေတာ္လွန္ေနမွာ၊ ဆက္ဆန္႔က်င္ေနမွာ။ နင္တို႔က်ရႈံးဖို႔ အဆက္မျပတ္ ႀကိဳးစားေနမွာ။
ယုံစမ္းပါ။

ငါတို႔ဆီက လုယူသြားတဲ့ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးကို ငါတို႔ျပန္အရယူၿပီး ငါ့ႏိုင္ငံကို ေခါင္းေမာ့ရင္ေကာ့ၿပီး ျပန္လာခဲ့မယ္ဆိုတာ။ အလွည့္က်ရင္ မႏြဲ႕ေၾကး ေဂါင္းႀကီးတို႔

ငါတို႔ မိုးေကာင္းတဲ့အခ်ိန္က် မိုးႀကိဳးကို ေစာက္ခြက္တည့္တည့္ပစ္ခ်မွာ။

ပုံ–ပန္ဆယ္လို (ခ) အိမ့္ပိုးဥ (ဘ)ဦးေက်ာ္ႏိုင္

ကိုယ်ကသာ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှ မဟုတ်ဘူး ထင်နေတာ။ စောက်တပ်ကဟာတွေက ကိုယ့်ကို ကိုယ့်ထက်တောင် အထင်ကြီးသေးတာ။

NUG က ဝန်ကြီးတွေတောင် အစုံမပါသေးဘူး။ ကိုယ့်လို ငချွတ်က အရင်ဆုံးထုတ်တဲ့ နိုင်ငံသားရပ်စဲခြင်းမှာ ပါလာတယ်။ အာဏာသိမ်းစတုန်းကလည်း NLD က အမတ်တွေတောင် ပြန်လွှတ်ပေးနေချိန် အရင်ဆုံးထုတ်တဲ့ ဝရမ်းList ၇ယောက်မှာ ပါခဲ့တယ်။ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တော့လည်း ကိုယ်က ရှေ့ဆုံးက ပါသေးတာ။

ငါ့များ ဘာကောင်ကြီး ထင်နေကြတာလဲဟေ။ သာမန်မိန်းမတစ်ယောက်ပါဟ။ နင်တို့သာ မှန်နေရင် နင်တို့နိုင်ငံကြီးကို ဘာမှလုပ်လို့မရပါဘူး။ နိုင်ငံတော်ပျက်စီးစေရန်ဆောင်ရွက်တယ်ဆိုပဲ။ နိုင်ငံတော်ဆိုတာကြီးက ငါလိုကောင် ပျက်စီးစမ်းဆိုတာနဲ့ ပျက်စီးမယ်ထင်ရလောက်အောင် အရမ်းကြောက်နေတယ်ပေါ့။ အဟက်
ကိုယ့်ကိုယ်ကိုယ် နိုင်ငံတော်လို့ ထင်နေတဲ့ စောက်ရူးတွေက တစ်မျိုး။ နိုင်ငံတော်ကို ယောက္ခမအမွေလို လုပ်ချင်တိုင်းလုပ်လို့ရမယ် ဘဝင်ရူးနေတဲ့ စောက်ရူးတွေ။

ဘာပုဒ်မ ညာပုဒ်မတွေ လာမလုပ်နဲ့။ ဘာဥပဒေမှ မရှိတဲ့ တရားလက်လွတ်ရမ်းကားနေတဲ့ကောင်တွေ စောက်ပေါက်က ထွက်တဲ့ ဥပဒေဆိုတာကို L**ပဲ ထင်တယ်။ အဲ့ထက်ရှင်းအောင် ပြောစရာလိုသေးလား။

နိုင်ငံသားအဖြစ်ဆိုတာ ဒီနိုင်ငံမှာ မွေးဖွားလာတဲ့ ပြည်သူတစ်ယောက်ရဲ့ အခြေခံရပိုင်ခွင့်နဲ့ အခွင့်အရေးပဲ။ ဘယ်ခွေးသူတောင်းစားကမှ စာရွက်ပေါ်ရေးပြီး ပယ်ဖျက်ချင်တိုင်း ပယ်ဖျက်လို့ မရဘူး။

လက်နက်သာ မကိုင်ထားရင် မိနစ်ပိုင်းအတွင်း တစ်စစီ ဖြဲဆုပ်ခံရမယ့်အနေအထားနဲ့ ကောင်တွေကများ။ ပြည်သူ့ဆီက တစ်မဲမှ မရလို့ သေနတ်ပြ အာဏာဓါးပြတိုက်တဲ့ သူခိုးဓါးပြစောက်ဆင့်နဲ့ ကောင်တွေကများ။ နေစမ်းပါဦး… ငါတို့ကို နိုင်ငံသားအဖြစ်က ရပ်စဲတယ်တွေဘာတွေလုပ်နေရအောင် နင်တို့ကို ဘယ်သူက အစိုးရလို့ စောက်ဖက်လုပ်နေလို့တုန်း။

ငါတို့ကရော နိုင်ငံသားဖြစ်ခွင့်မရတော့လို့ဆိုပြီး လူးလှိမ့်ငိုနေမယ် ထင်တယ်ပေါ့လေ။ လခွမ်း… တော်တော်နောက်တဲ့ကောင်တွေ။ နိုင်ငံသားဖြစ်ခွင့်က စောက်ရမ်းမက်မောစရာကြီးဆိုတော့လေ။ နိုင်ငံထဲက ပြည်သူတွေကိုပဲ မေးကြည့်ပါဦး။ ဘယ်သူက နိုင်ငံသား စောက်ကျိုးနည်းကြီး ဖြစ်ချင်နေကြသလဲလို့။

နင်တို့လိုအောက်တန်းစားတွေ အနိုင်ကျင့်အုပ်ချုပ်ခံနေရတဲ့ နေ့ရက်တိုင်းစက္ကန့်တိုင်းမှာ နိုင်ငံသားဖြစ်နေရတာကိုက အန်ချင်စရာ ကောင်းနေတာ။နိုင်ငံသား ဆတ်စလူးထ အဇမ်းဖြစ်ချင်နေရအောင် နိုင်ငံတော်ကြီးက စောက်ကျိုးနည်း စောင့်ရှောက်နေရှာတယ်ဆိုတော့။

နင်တို့က အခုမှ နိုင်ငံသားအဖြစ်က ရပ်စဲသည် လုပ်နေတာ။ ငါတို့က နင်တို့ကို လူအဖြစ်က ရပ်စဲထားလိုက်တာ ကြာလှပြီ။ ငါတို့က နိုင်ငံသားအဖြစ် တမင်လာခံယူထားသူတွေ မဟုတ်ဘူး။ မွေးရာပါ နိုင်ငံသားတွေ။ အခုလည်း မြန်မာနိုင်ငံသား၊ နောင်လည်း မြန်မာနိုင်ငံသားပဲ။ စာရွက်စုတ်ပေါ် လိလိလားလားရေးလိုက်ရုံနဲ့ နိုင်ငံသားမဖြစ်တော့ဘူးထင်တဲ့ကောင် စောက်ရူးပဲထင်တယ်။

နင်တို့က ငါတို့ကို ဖိနှိပ်ခွင့်ရလိုက်တယ် ထင်တာ။ ဒါပေမယ့် နင်တို့က ငါတို့ကို ဂုဏ်တင်ပေးနေတာ။ နင်တို့က ငါတို့ကို ချီးမြှောက်ပေးနေတာ။ နင်တို့လို အဓမ္မ မတရားကောင်တွေ မုန်းလေ၊ ငါတို့ရဲ့ အမှန်တရားကို ချစ်မြတ်နိုးမှုက ပိုမိုထင်ရှားလာလေပဲ။ နင်တို့လို လူသတ်အကြမ်းဖက် သူခိုးဓါးပြ လူအန္ဓတွေနဲ့ တစ်ဖက်တည်း မရပ်တည်တဲ့အပြင် နင်တို့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေနိုင်တာဟာ ဘဝမှာ ဂုဏ်အယူရဆုံးသော သမိုင်းပဲ။

အာဏာသိမ်းတဲ့နေ့ ဘာမှဆန့်ကျင်ချိန် မရသေးခင်မှာ ငါကို ဖမ်းဖို့ ကြိုးစားတယ်။ နင်တို့ကို ဆန့်ကျင်မယ်ဆိုတာ သိလို့၊ နင်တို့ စိတ်မလုံခြုံလို့။ ငါ့ကို ဝရမ်းထုတ်တယ်။ နင်တို့စိတ်မလုံခြုံလို့။ ငါ့မိသားစုဝင်တွေကို ဖမ်းဖို့ကြိုးစားတယ်။ နင်တို့ စိတ်မလုံခြုံလို့။ ငါ့ပိုင်ဆိုင်မှုတွေကို သိမ်းတယ်။ နင်တို့ စိတ်မလုံခြုံလို့။ ငါ့ကို နိုင်ငံသားအဖြစ်က ရပ်စဲတယ်။ နင်တို့ စိတ်မလုံခြုံလို့။ တနည်းအားဖြင့် နင်တို့ ငါ့ကို ကြောက်နေလို့။ နင်တို့ဟာ ငါ့ရဲ့ဆန့်ကျင်မှုကို တုန်လှုပ်လို့။ နင်တို့ရင်ထဲမှာ ငါ့က ဆူးတစ်ချောင်းလို နာကျင်နေရခက်နေလို့။

လိုက်ဖမ်းတယ်။ နင်တို့ကို ဆန့်ကျင်ဖို့ ငါကြောက်ရွံ့ရပ်တန့်မနေခဲ့ဘူး။ ဝရမ်းထုတ်တယ်။ နင်တို့ကို ဆန့်ကျင်ဖို့ ငါကြောက်ရွံ့ရပ်တန့်မနေခဲ့ဘူး။ မိသားစုတွေနဲ့ ခြိမ်းခြောက်တယ်။ နင်တို့ကို ဆန့်ကျင်ဖို့ ငါကြောက်ရွံ့ရပ်တန့်မနေခဲ့ဘူး။ ပိုင်ဆိုင်မှုတွေ သိမ်းတယ်။ နင်တို့ကို ဆန့်ကျင်ဖို့ ငါကြောက်ရွံ့ရပ်တန့်မနေခဲ့ဘူး။ နိုင်ငံသားအဖြစ်က ရပ်ဆဲတယ်။ နင်တို့ကို ဆန့်ကျင်ဖို့ ငါကြောက်ရွံ့ရပ်တန့်နေမှာ မဟုတ်ဘူး။

မြဲမြဲမှတ်ထား။ ငါတို့က သေပြီးသားတွေ။ သေပြီးသားလူကို ထပ်သတ်လို့မရဘူး။ နင်တို့ ငါ့ကို ဘာနဲ့မှ ရပ်တန့်လို့ မရဘူး။ နင်တို့က အရှုံးသမားတွေ။ နင်တို့က ငါ့ကို အမြဲရှုံးနေတဲ့ အရှုံးသမားတွေ။

ငါ့ကို နင်တို့ ဘယ်အရာနဲ့မှ တားဆီးလို့ မရဘူး။ နင်တို့ကို ဆက်တော်လှန်နေမှာ၊ ဆက်ဆန့်ကျင်နေမှာ။ နင်တို့ကျရှုံးဖို့ အဆက်မပြတ် ကြိုးစားနေမှာ။
ယုံစမ်းပါ။

ငါတို့ဆီက လုယူသွားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ငါတို့ပြန်အရယူပြီး ငါ့နိုင်ငံကို ခေါင်းမော့ရင်ကော့ပြီး ပြန်လာခဲ့မယ်ဆိုတာ။ အလှည့်ကျရင် မနွဲ့ကြေး ဂေါင်းကြီးတို့

ငါတို့ မိုးကောင်းတဲ့အချိန်ကျ မိုးကြိုးကို စောက်ခွက်တည့်တည့်ပစ်ချမှာ။

ပုံ–ပန်ဆယ်လို (ခ) အိမ့်ပိုးဥ (ဘ)ဦးကျော်နိုင်