ကြမ္းယာေရာင္းသည့္ ေကာင္မေလးကို အမ်ိဳးသားႏွစ္ဦးမွဓာတ္ပုံ႐ိုက္ခဲ့သည့္အတြက္ ရည္းစားျဖစ္သူမွ ဓားျဖင့္ထိုးသတ္မႈ ျမစ္ႀကီးနားတြင္ ျဖစ္ပြားခဲ့
ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ ေ႐ႊအိုက္ ရပ္ကြက္တြင္ ယမန္ေန႔ ၾသဂုတ္လ ၇ ရက္ ည ၉ နာရီခန႔္က ေ႐ႊအိုက္လမ္းဆုံ၊ ေ႐ႊ နဒီကြမ္းယာဆိုင္တြင္
ကြမ္းယာေရာင္းသည့္ေကာင္မေလးတစ္ဦးကို ကြမ္းလာဝယ္သူ လူငယ္ႏွစ္ဦးမွ ဓာတ္ပုံ႐ိုက္ခဲ့သည့္အတြက္ရည္းစားျဖစ္သူမွဓားျဖင့္ထိုးသတ္ခဲ့သည့္ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း အနီးအနားရွိေဒသခံမ်ားထံမွ သိရသည္။
” ေကာင္ေလး ၂ ေယာက္က ကြမ္းယာလာဝယ္ရင္း ၊ ကြမ္းယာဆိုင္က ေကာင္မေလးကို ထိကပါးရိကပါး စကားေျပာၿပီး ဖုန္းနဲ႔ ဓာတ္ပုံ႐ိုက္လိုက္တာ ေဘးမွာရွိတဲ့
ေကာင္မေလးရဲ႕ ရည္းစားေကာင္ေလးက ဝင္လာၿပီး စကားမ်ားၿပီး ကြမ္းယာခုံမွာရွိတဲ့ ဓားနဲ႔ ကြမ္းလာဝယ္တဲ့ ေကာင္ေလး ၂ ေယာက္ကို ထိုးလိုက္တာ ၊ ဒီေန႔မနက္မွ ေကာင္ေလး တစ္ေယာက္ေသသြားတယ္ ၾကားတယ္ ” ဟု ၎ကေျပာသည္။
ဓားထိုးခံရမႈေၾကာင့္ အသက္ (၃၀) ခန႔္ အ႐ြယ္ရွိ ကို ဒီေယာဆဲလ္ ဆိုသူတြင္ ရင္ၫႊန႔္ထိုးသြင္းဒဏ္ရာ (၁)ခ်က္ ၊ညာဘက္ရင္အုံ ဓားဒဏ္ရာ (၂) ခ်က္၊ ဘယ္ဘက္ ရင္အုံ ဓားဒဏ္ရာ (၂) ခ်က္ႏွင့္ ဝမ္းဗိုက္တြင္ ဓားထိုးသြင္းဒဏ္ရာ (၁) ခ်က္ရရွိခဲ့ၿပီး
အသက္ ၃၀ ႏွစ္ခန႔္ အ႐ြယ္ရွိ ကို အားဖူ ဆိုသူတြင္ ရင္ၫႊန႔္ ထိုးသြင္းဒဏ္ရာ (၁) ခ်က္ ရရွိခဲ့ကာ ျမစ္ႀကီးနားၿမိဳ႕နယ္ ျပည္သူေဆး႐ုံႀကီးသို႔ပို႔ေဆာင္ခဲ့ေၾကာင္းသိရသည္။
ယင္း ဓားဒဏ္ရာရရွိသူ လူငယ္ႏွစ္ဦးအနက္ ကို အားဖူ ဆိုသူမွာ ယေန႔ ၾသဂုတ္လ ၈ ေန႔ နံနက္ ပိုင္းခန႔္တြင္ ဓားဒဏ္ရာျဖင့္ ေသဆုံးခဲ့ေၾကာင္းသိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ျပစ္မႈက်ဴးလြန္သူအသက္ (၂၆) ႏွစ္အ႐ြယ္ရွိ
ကို ေအာင္ပိုင္ (ခ) ပိုင္ပိုင္ကို ျမစ္ႀကီးနားၿမိဳ႕ နယ္ေျမရဲစခန္းတြင္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၆ ျဖင့္ အမႈ ဖြင့္ အေရးယူထားေၾကာင္းသိရသည္။
Unicode
ကွမ်းယာရောင်းသည့် ကောင်မလေးကို အမျိုးသားနှစ်ဦးမှဓာတ်ပုံရိုက်ခဲ့သည့်အတွက် ရည်းစားဖြစ်သူမှ ဓားဖြင့်ထိုးသတ်မှု မြစ်ကြီးနားတွင် ဖြစ်ပွားခဲ့
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေအိုက် ရပ်ကွက်တွင် ယမန်နေ့ သြဂုတ်လ ၇ ရက် ည ၉ နာရီခန့်က ရွှေအိုက်လမ်းဆုံ၊ ရွှေ နဒီကွမ်းယာဆိုင်တွင်
ကွမ်းယာရောင်းသည့်ကောင်မလေးတစ်ဦးကို ကွမ်းလာဝယ်သူ လူငယ်နှစ်ဦးမှ ဓာတ်ပုံရိုက်ခဲ့သည့်အတွက်ရည်းစားဖြစ်သူမှဓားဖြင့်ထိုးသတ်ခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိဒေသခံများထံမှ သိရသည်။
” ကောင်လေး ၂ ယောက်က ကွမ်းယာလာဝယ်ရင်း ၊ ကွမ်းယာဆိုင်က ကောင်မလေးကို ထိကပါးရိကပါး စကားပြောပြီး ဖုန်းနဲ့ ဓာတ်ပုံရိုက်လိုက်တာ ဘေးမှာရှိတဲ့
ကောင်မလေးရဲ့ ရည်းစားကောင်လေးက ဝင်လာပြီး စကားများပြီး ကွမ်းယာခုံမှာရှိတဲ့ ဓားနဲ့ ကွမ်းလာဝယ်တဲ့ ကောင်လေး ၂ ယောက်ကို ထိုးလိုက်တာ ၊ ဒီနေ့မနက်မှ ကောင်လေး တစ်ယောက်သေသွားတယ် ကြားတယ် ” ဟု ၎င်းကပြောသည်။
ဓားထိုးခံရမှုကြောင့် အသက် (၃၀) ခန့် အရွယ်ရှိ ကို ဒီယောဆဲလ် ဆိုသူတွင် ရင်ညွှန့်ထိုးသွင်းဒဏ်ရာ (၁)ချက် ၊ညာဘက်ရင်အုံ ဓားဒဏ်ရာ (၂) ချက်၊ ဘယ်ဘက် ရင်အုံ ဓားဒဏ်ရာ (၂) ချက်နှင့် ဝမ်းဗိုက်တွင် ဓားထိုးသွင်းဒဏ်ရာ (၁) ချက်ရရှိခဲ့ပြီး
အသက် ၃၀ နှစ်ခန့် အရွယ်ရှိ ကို အားဖူ ဆိုသူတွင် ရင်ညွှန့် ထိုးသွင်းဒဏ်ရာ (၁) ချက် ရရှိခဲ့ကာ မြစ်ကြီးနားမြို့နယ် ပြည်သူဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။
ယင်း ဓားဒဏ်ရာရရှိသူ လူငယ်နှစ်ဦးအနက် ကို အားဖူ ဆိုသူမှာ ယနေ့ သြဂုတ်လ ၈ နေ့ နံနက် ပိုင်းခန့်တွင် ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ပြစ်မှုကျူးလွန်သူအသက် (၂၆) နှစ်အရွယ်ရှိ
ကို အောင်ပိုင် (ခ) ပိုင်ပိုင်ကို မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ ဖြင့် အမှု ဖွင့် အရေးယူထားကြောင်းသိရသည်။