ၾကားသိရသမွ်

ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရုပ်တုကို လူအုပ်စုက ဖျက်ဆီး

ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရုပ်တုကို လူအုပ်စုက ဖျက်ဆီး

မန္တလေးမြို့ကံတက်ကုန်းမစိုးရိမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဝင်းအတွင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပုံတူရုပ်တုကို ယနေ့နံနက်ပိုင်းက အမည်မသိလူ ၃၀ ဦးခန့်ကဝင်ရောက်ဖျက်ဆီးသွားကြောင်း သိရသည်။

ယနေ့ (အောက်တိုဘာ ၁၄ ရက်)နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က အဆိုပါ လူအုပ်စုသည် ကျောင်းရှေ့ကားများထိုးရပ်ကာ ကျောင်းဝင်းတံခါးကို ရိုက်ချိုး ဖျက်ဆီးပြီး ဒေါ်အောင်ဆန်းစုကြည်ပုံတူရုပ်တုကို ဖျက်ဆီးသွား ခြင်းဖြစ်သည်။

” ပျူစောထီးတွေပဲဖြစ်မှာပါ၊ အယောက်သုံးဆယ်လောက်ကျောင်းထဲကျော် ဝင်လာပြီး အမေစုရုပ်ထုကို ဖျက်ဆီးသွားတယ်၊ ဗိုလ်ချုပ်ရုပ်ထုတော့ မဖျက် သွားဘူး” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။

” တခြားတော့အန္တရာယ်ပေးမသွားပါဘူး၊ အမေ့ရုပ်တုကိုပဲဖျက်ဆီးသွားတာပါ၊ အမေစုကိုလက်မခံတော့ဘူး၊ အဲဒါကြောင့်မို့လို့ အမေ့ရုပ်တုတွေကို ပြည်သူတွေ ကလိုက်ဖျက်ဆီးနေကြတာပါလို့လုပ်ကြံသတင်းလွှင့်ချင်တာဖြစ်မယ်” ဟု သူက ထပ်ပြောသည်။

အဆိုပါရုပ်တုကို ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက် ဆရာတော်ဘုရားကြီး ကိုယ်တိုင် ကျောင်းဝင်းအတွင်းစိုက်ထူခဲ့ခြင်းဖြစ်သည်။

ကံတက်ကုန်းမစိုးရိမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက မန္တလေး မဟာ အောင်မြေမြို့နယ် ၅၅ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြား လမ်းအရှေ့ဘက် ခြမ်း တွင်ရှိသည်။

unicode






