ပရိသတ်ကြီးရေ မင်းသား ပိုင်တံခွန်ကိုတော့ မနေ့က မနက်က အဖမ်းခံခဲ့ရတာ သိကြမယ် ထင်ပါတယ်နော်။ ပြည်ပမှာ ရှိတဲ့ သူ့ရဲ့ ပရိသတ်များကပါ ပိုင်တံခွန်ရဲ့ သတင်းကို ကြားကြားချင်း ဝမ်းနည်းငိုကြွေးနေကြတာပါနော်။ မြန်မာနိုင်ငံက တတ်သိနားလည်တဲ့ ပညာရှင်များကလည်း ပိုင်တံခွန်နဲ့ အဆက်သွယ်ရဖို့ ဝိုင်းပြီး ကြိုးစားနေကြတာပါနော်။
ပိုင်တံခွန်အဖမ်းခံခဲ့ရတာကြောင့် သူ့ရဲ့ချစ်သူကောင်မလေးလည်း မိသားစုနဲ့ထပ်တူ ပူဆွေးသောကရောက်နေတာပါနော်။ တတ်နိုင်တဲ့ဘက်ကနေပြီး ချစ်သူအမြန်ဆုံးလွတ်ဖို့ ဆောင်ရွက်နေတာပါနော်။ သူမရဲ့ Instagram ကနေပြီးတော့လည်း ပိုင်တံခွန်ဟာ လုံခြုံတဲ့နေရာမှာ နေထိုင်နေစဉ် နေအတော်မကောင်းဖြစ်လာတာကြောင့် မိဘအိမ်သို့ပြန်လည်ရောက်ရှိနေတာ (၄) ရက်မြောက်တဲ့နေ့မှာဘဲ အဖမ်းခံခဲ့ရတာပါ။
မြဝတီသတင်းမှ ၅၀၅ ( က ) နဲ့ တရားစွဲတယ်ဆိုတဲ့ သတင်းထွက်တဲ့ အချိန်မှာပဲ လုံခြုံတဲ့နေရာကို ထွက်ပြေးလို့အဆင်မပြေခဲ့တာကြောင့် အိမ်မှာပဲ နေထိုင်ခဲ့တာလို့ ဆိုထားပါတယ်။ ဒါ့အပြင် ပိုင်တံခွန်နဲ့ နောက်ဆုံးစကားပြောခဲ့တဲ့ စာမှတ်တမ်းကိုလည်း တင်ထားပါသေးတယ်နော်။ ချစ်သူအတွက် လိုအပ်တာမှန်သမျှလည်း လိုက်လုပ်ဖို့အသင့်ရှိနေပြီး အရင်လို ပြန်ဆုံဆည်းလို့ မျှော်လင့်နေတယ်လို့လည်း ရေးသားထားပါသေးတယ်နော်။