အခ်စ္ေရး

ရည်းစားရတဲ့အခါလက်တွဲမြဲစေဖို့ Single ဘဝမှထဲကာ ကြိုပြင်ထားသင့်တဲ့ အရာ (၃) ခု

ရည်းစားရတဲ့အခါလက်တွဲမြဲစေဖို့ Single ဘဝမှထဲကာ ကြိုပြင်ထားသင့်တဲ့ အရာ (၃) ခု

သင်သဘောကျတဲ့ ပုံစံ၊ သင့်ကို ပျော်ရွှင်အောင် ထားမယ့် လူတစ်ယောက်နဲ့ မဆုံတွေ့နိုင်ဘူးဆိုပြီး စိုးရိမ်နေပြီလား။

ဒီအချိန်ထိ Perfect Partner နဲ့ လုံးဝမတွေ့သေးဘူးလား။ ရည်းစားထားတဲ့အချိန်မှာ ခဏတဖြုတ်မဟုတ်ဘဲ အချိန်အကြာကြီးတွဲနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

ခဏလေးနဲ့ ပြတ်သွားတာက ကိုယ့်အတွက်မကောင်းပါဘူး။ လူတွေရဲ့ တလွဲထင်မြင်ခြင်းကို ခံရနိုင်ပါတယ်။

ကိုယ်သဘောကျတဲ့လူတစ်ယောက်နဲ့ ဆုံတွေ့တဲ့အချိန် လက်တွဲမြဲနေစေဖို့ Single ဘဝတည်းက လုပ်သင့်တဲ့အရာ (၃) ခုကတော့-

၁။ သင်လိုချင်တဲ့ပုံစံကို ကြိုတွေးထားပါ

သင့်ဘဝမှာ သင်လိုချင်တဲ့အရာတွေကို စဉ်းစားသလိုပဲ သင့်ရည်းစားမှာရှိသင့်တဲ့အရာတွေကိုလည်း ကြိုစဉ်းစားထားသင့်ပါတယ်။

ရိုးသားတာကို တန်ဖိုးထားတာလား။ ရုပ်ချောတာကို အဓိကထားလား။ သင့်လိုအပ်ချက်တွေကို ကြိုတွေးထားပါ။

၂။ သင့်အားနည်းချက်ကို တန်ဖိုးထားပါ

သင့်ပျော့ကွက် အားနည်းချက်တွေကို အခြားလူတွေဆီမှာ ရင်ဖွင့်နိုင်လား။ ကိုယ့်ရဲ့အရှိအတိုင်းပဲ ကိုယ့်ချစ်သူရှေ့ နေနိုင်မလား။ ဒါတွေကို အရင်သုံးသပ်ပါ။

ရည်းစားထားတဲ့အချိန် ကိုယ့်ချစ်သူဆီမှာ ကိုယ့်အားနည်းချက်တွေကို မပြောဘဲ အပေါ်ယံဟန်ဆောင်နေရင်တော့ လက်တွဲမြဲမှာ မဟုတ်ပါဘူး။

၃။ သမီးရည်းစားဆက်ဆံရေးက စိန်ခေါ်မှုပါပဲ

ဆက်နွယ်မှု ဆက်ဆံရေးအားလုံးက အဆင့်အမျိုးမျိုးနဲ့ သင့်ကို စိန်ခေါ်နေမှာပါ။

သင်ဘယ်လောက်ထိ ရင့်ကျက်လဲ ဘယ်လောက်ထိ လူကြီးဆန်လဲဆိုတာကို ဆက်ဆံရေးတွေက စမ်းသပ်နေပါတယ်။

အရင်ရည်းစားတုန်းက ဘာကြောင့်ပြတ်ခဲ့ရတာလဲ။ သင့်ကို ပျော်ရွှင်စေတဲ့အရာတွေ ရှိသလို စိတ်ဆင်းရဲစရာ အရာတွေကလည်း စောင့်ကြိုနေမှာပါ။

ဒါတွေကို သင်စိန်ခေါ်နိုင်ပြီလား Single ဘဝထဲက ကြိုတွေးထားပါ။

May Olive