အခ်စ္ေရး

စိတ္ေကာက္ၿပီး မိုးေရထဲ႐ြဲ႕ၿပီး ထြက္ထိုင္ေနသည့္ ခ်စ္သူေလးအား ရယ္စရာေလးမ်ားဖန္တီးၿပီး အတင္းလိုက္ျပန္ေခ်ာ့ေနသည့္ ေကာင္ေလး

ခ်စ္သူစုံတြဲတို႔သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ အရမ္းခ်စ္ေသာ္လည္း တစ္ခါတစ္ေလ သေဘာထားကြဲလြဲၿပီး စိတ္ဆိုး စိတ္ေကာက္တာမ်ိဳးေတြ ရွိသည္။

သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ ခ်စ္သူစုံတြဲသည္ စကားမ်ားရန္ျဖစ္ၿပီး မိန္းကေလးမွ အရမ္းစိတ္ဆိုးသြားၿပီး မိုး႐ြာေနသည့္ၾကားက အ႐ႊဲခံၿပီး အျပင္ထြက္ထိုင္ခဲ့သည္။

ထိုစဥ္ ခ်စ္သူေကာင္ေလးမွ မိုးကာအက်ႌကို ဝတ္ထားၿပီး အထဲသြားဖို႔ေခၚေသာ္လည္း မိန္းကေလးမွာ စိတ္ဆိုးမေျပႏိုင္ပဲ စူပုတ္ပုတ္မ်က္ႏွာထားေလးႏွင့္ မ်က္ေစာင္းထိုးကာ ခပ္တည္တည္ေနခဲ့သည္။

ေကာင္ေလးမွာလည္း အရမ္းခ်စ္ရသူမို႔ ကိုယ့္ခ်စ္သူေလး စိတ္ေကာက္ေျပဖို႔ရာ အဓိကထားၿပီး ပတ္ဝန္းက်င္ကိုပင္ သတိထားမေနေတာ့ပဲ မိုးကာ အက်ႌကို ခြၽတ္လိုက္ၿပီး မိန္းကေလးေရွ႕တြင္ ရယ္စရာပုံမ်ားဖန္တီးေပးခဲ့သည္။

မိန္းကေလးလည္း ခ်စ္သူေကာင္ေလးဧ။္ ၾကည္ႏူးစရာေကာင္းသည့္ ေခ်ာ့ပုံေလးေၾကာင့္ ၿပဳံးမိသြားကာ စိတ္ဆိုးေျပၿပီး အမိုးရွိမည့္ေနရာသို႔ ျပန္သြားခဲ့သည္။

Rain(For Ialinks)

Unicode

စိတ်ကောက်ပြီး မိုးရေထဲရွဲ့ပြီး ထွက်ထိုင်နေသည့် ချစ်သူလေးအား ရယ်စရာလေးများဖန်တီးပြီး အတင်းလိုက်ပြန်ချော့နေသည့် ကောင်လေး

ချစ်သူစုံတွဲတို့သည် တစ်ယောက်နှင့်တစ်ယောက် အရမ်းချစ်သော်လည်း တစ်ခါတစ်လေ သဘောထားကွဲလွဲပြီး စိတ်ဆိုး စိတ်ကောက်တာမျိုးတွေ ရှိသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ချစ်သူစုံတွဲသည် စကားများရန်ဖြစ်ပြီး မိန်းကလေးမှ အရမ်းစိတ်ဆိုးသွားပြီး မိုးရွာနေသည့်ကြားက အရွှဲခံပြီး အပြင်ထွက်ထိုင်ခဲ့သည်။

ထိုစဥ် ချစ်သူကောင်လေးမှ မိုးကာအင်္ကျီကို ဝတ်ထားပြီး အထဲသွားဖို့ခေါ်သော်လည်း မိန်းကလေးမှာ စိတ်ဆိုးမပြေနိုင်ပဲ စူပုတ်ပုတ်မျက်နှာထားလေးနှင့် မျက်စောင်းထိုးကာ ခပ်တည်တည်နေခဲ့သည်။

ကောင်လေးမှာလည်း အရမ်းချစ်ရသူမို့ ကိုယ့်ချစ်သူလေး စိတ်ကောက်ပြေဖို့ရာ အဓိကထားပြီး ပတ်ဝန်းကျင်ကိုပင် သတိထားမနေတော့ပဲ မိုးကာ အင်္ကျီကို ချွတ်လိုက်ပြီး မိန်းကလေးရှေ့တွင် ရယ်စရာပုံများဖန်တီးပေးခဲ့သည်။

မိန်းကလေးလည်း ချစ်သူကောင်လေးဧ။် ကြည်နူးစရာကောင်းသည့် ချော့ပုံလေးကြောင့် ပြုံးမိသွားကာ စိတ်ဆိုးပြေပြီး အမိုးရှိမည့်နေရာသို့ ပြန်သွားခဲ့သည်။

Rain(For Ialinks)