ၾကားသိရသမွ်

မုန်တိုင်း အထူးသတိပေးချက်…

Typhoon Surigae (ဖိလစ်ပိုင်နာမည် Bising)

ဖိလပိုင်ပင်လယ်တွင်းက တိုင်ဖုန်းမုန်တိုင်း Surigae သည်

ပင်လယ်အတွင်းရှိအပူချိန် (မိုင် ၁၅ မိုင်)

(၂၉-၃၀ ဒီဂရီစင်တီဂရိတ်) ပင်လယ်မျက်နှာပြင်အပူချိန်တို့ဖြင့် လေထုဖိအားဆက်လက်ကျဆင်းနေပြီး

လေတိုက်နှုန်း ပိုမိုမြင့်မားလာနိုင်ခြင်းကြောင့်နောက် ၂၄ နာရီအတွင်း ပိုမိုပြင်းထန်သော

တိုင်ဖွန်း စူပါတိုင်ဖွန်းမုန်တိုင်း (ST)အဆင့်ဖြင့် ဖိလပိုင် အရှေ့တောင်ပိုင်းကမ်းရိုးတန်းဆီ ဦးတည်ချဉ်းကပ် လာနိုင်ပါသည်။

 

ယခုခါ Typhoon Surigae သည်လေထုဖိအား 978 mb( မီလီဘား)လေတိုက်နှုန်း 85 mph ရှိပါသည်။

Typhoon Surigae အင်အားမြင့်လာသည်နှင့်အမျှ မြန်မာ့အနောက်တောင်ဖက် ဘဂ်လားပင်လယ်အတွင်း

ဖြစ်ပေါ်နေသော တိမ်တိုက်များသည်မြန်မာ့တောင်ပိုင်းကို လျှပ်စီးလက်ခြင်း၊ မိုးချုန်း မိုးကြိုးပစ်ခြင်း

ထစ်ချုန်းမိုးများနဲ့အတူ ဖြတ်သန်းလာနိုင်ပါသည်။မနက်ဖြန် 17.4.2021 မြန်မာနှစ်ဆန်းနေ့ကတော့မြန်မာ့တောင်ပိုင်း နေရာများများမှာ မိုးများရွာနိုင်ပါသည်။

16.4.2021(10:30)amKo Minn
———————-











16.4.2021(10:30)amKo Minn