ၾကားသိရသမွ်

CDMခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းထွန်း အကျဉ်းထောင်တွင် ကွယ်လွန်

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသော မန္တလေးမှ CDMခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းထွန်း အကျဉ်းထောင်တွင် ကွယ်လွန်

ရန်ကုန်၊ ဩဂုတ် ၈

အကြမ်းဖက် လူသတ်စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသော မန္တလေးမှ CDM ခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာမောင်မောင်ငြိမ်းထွန်းသည် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၆ နာရီ ၃၈ မိနစ်တွင် ကိုဗစ်ရောဂါဖြင့် မန္တလေး အကျဉ်းထောင်တွင် ကွယ်လွန်သွားကြောင်း မိသားစုက တရားဝင် သတင်းထုတ်ပြန်သည်။

“သားကြီးဒေါက်တာမောင်မောင်ငြိမ်းထွန်း အသက် ၄၅ နှစ်သည် ဒီနေ့ ၈.၈.၂၀၂၁ နံနက် ၆နာရီ ၃၈ မိနစ် မှာကိုဗစ် ပြင်းထန် ဝေဒနာများမှလွတ်မြောက်ပြီးကောင်းမွန်ရာ ဘုံဘဝတပါးသို့ငြိမ်းချမ်းစွာ ကူးပြောင်းသွားပါပြီ” ဟု မိခင်ဖြစ်သူက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်လူသတ်စစ်ကောင်စီက မန္တလေးဆေးရုံကြီးမှ CDM ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းနှင့် ဒေါက်တာဆွေဇင်ဦးတို့ကို CRPH/NUG တွင် ပါဝင်သည်ဟုဆိုကာ မတရားအသင်းဥပဒေပုဒ်မ ၁၇/၁ ဖြင့် ဇူလိုင်လ ၁၉ ရက်နေ့တွင် အမှုဖွင့် ဖမ်းဆီး အရေးယူခဲ့ခြင်းဖြစ်သည်။

Source : #KhitThitMedia

စစ္ေကာင္စီက ဖမ္းဆီးတရားစြဲဆိုထားေသာ မႏၲေလးမွ CDMခြဲစိတ္အထူးကုဆရာဝန္ႀကီး ေဒါက္တာေမာင္ေမာင္ၿငိမ္းထြန္း အက်ဥ္းေထာင္တြင္ ကြယ္လြန္

ရန္ကုန္၊ ဩဂုတ္ ၈

အၾကမ္းဖက္ လူသတ္စစ္ေကာင္စီက ဖမ္းဆီးတရားစြဲဆိုထားေသာ မႏၲေလးမွ CDM ခြဲစိတ္အထူးကုဆရာဝန္ႀကီးေဒါက္တာေမာင္ေမာင္ၿငိမ္းထြန္းသည္ ဩဂုတ္လ ၈ ရက္ေန႔ နံနက္ ၆ နာရီ ၃၈ မိနစ္တြင္ ကိုဗစ္ေရာဂါျဖင့္ မႏၲေလး အက်ဥ္းေထာင္တြင္ ကြယ္လြန္သြားေၾကာင္း မိသားစုက တရားဝင္ သတင္းထုတ္ျပန္သည္။

“သားႀကီးေဒါက္တာေမာင္ေမာင္ၿငိမ္းထြန္း အသက္ ၄၅ ႏွစ္သည္ ဒီေန႔ ၈.၈.၂၀၂၁ နံနက္ ၆နာရီ ၃၈ မိနစ္ မွာကိုဗစ္ ျပင္းထန္ ေဝဒနာမ်ားမွလြတ္ေျမာက္ၿပီးေကာင္းမြန္ရာ ဘုံဘဝတပါးသို႔ၿငိမ္းခ်မ္းစြာ ကူးေျပာင္းသြားပါၿပီ” ဟု မိခင္ျဖစ္သူက လူမႈကြန္ရက္မွတစ္ဆင့္ သတင္းထုတ္ျပန္သည္။

အၾကမ္းဖက္လူသတ္စစ္ေကာင္စီက မႏၲေလးေဆး႐ုံႀကီးမွ CDM ခြဲစိတ္အထူးကုဆရာဝန္ႀကီး ေဒါက္တာေမာင္ေမာင္ၿငိမ္းႏွင့္ ေဒါက္တာေဆြဇင္ဦးတို႔ကို CRPH/NUG တြင္ ပါဝင္သည္ဟုဆိုကာ မတရားအသင္းဥပေဒပုဒ္မ ၁၇/၁ ျဖင့္ ဇူလိုင္လ ၁၉ ရက္ေန႔တြင္ အမႈဖြင့္ ဖမ္းဆီး အေရးယူခဲ့ျခင္းျဖစ္သည္။

Source : #KhitThitMedia