ကလေးငယ် တမှေးအိပ်အောင် ချော့သိပ်နေတဲ့ ဉာဏ်ကောင်းလွန်းတဲ့ ဖခင်

နေ့ခင်ကလေးငယ် တစ်မှေးအိပ်အောင် ချော့သိပ်ရတဲ့မိဘတွေအနေနဲ့လည်း အိပ်စက်အနားယူချင်နေကြမှာပါ ။ သို့ပေမဲ့လည်း ကလေးငယ်တွေက မိဘတွေရဲ့ အရိပ်တကြည့်ကြည့်နဲ့ ချော့သိပ်ပေးနေတာမျိုးကိုပဲ လိုချင်ကြတာပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံက ဖခင်တစ်ဦးရဲ့ကလေးချော့သိပ်ပုံကတော့ အရမ်းကို ဉာဏ်ကောင်းလွန်းခဲ့တယ်လို့ ပြောရမှာပါပဲ ။

အကြောင်းကတော့ ကလေးငယ် ရဲ့ ဘေးမှာလှဲအိပ်ပေးနေပြီး ၊မျက်ခွံပေါ်မှာလည်းမျက်လုံးပုံစံဆွဲထားကာ ကလေးကိုအမြဲစောင့်ကြည့်နေတဲ့ပုံစံမျိုးနဲ့ပါ ။ ဒါ့အပြင် ကလေးချော့သိပ်တေးသီချင်းကို ဖုန်းနဲ့အသံသွင်းထားပြီး တစ်ဆင့်ပြန်ဖွင့်ထားပြီး ဖခင်ဖြစ်သူမှာတော့နားထဲတစ်သျူးစထိုးထည့်ထားပြီး တစ်မေ့တစ်မောအိပ်နေခဲ့တာပါ ။ အဆိုပါ အဖြစ်အပျက်လေးကို ကလေးငယ်ရဲ့မိခင်ဖြစ်သူက video ရိုက်ကူးထားပြီး social media ပေါ်ပြန်လည်ဝေမျှခဲ့တာပါ ။

မကြာခင်မှာပဲ အဆိုပါ video ဟာ ကြည့်ရှုသူအများအပြားရရှိခဲ့ပြီး ၊ အချို့သောဖခင်တွေကလည်း သူတို့ကလေးထိန်းတဲ့ ပုံစံတွေကိုပါ ထပ်လောင်ပြီးဝေမျှသွားခဲ့ကြပါသေးတယ် ။

Zawgyi

နေ့ခင်ကလေးငယ် တစ်မှေးအိပ်အောင် ချော့သိပ်ရတဲ့မိဘတွေအနေနဲ့လည်း အိပ်စက်အနားယူချင်နေကြမှာပါ ။ သို့ပေမဲ့လည်းကလေးငယ်တွေက မိဘတွေရဲ့ အရိပ်တကြည့်ကြည့်နဲ့ ချော့သိပ်ပေးနေတာမျိုးကိုပဲ လိုချင်ကြတာပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံက ဖခင်တစ်ဦးရဲ့ ကလေးချော့သိပ်ပုံကတော့ အရမ်းကို ဉာဏ်ကောင်းလွန်းခဲ့တယ်လို့ ပြောရမှာပါပဲ ။

အကြောင်းကတော့ ကလေးငယ် ရဲ့ ဘေးမှာ လှဲအိပ်ပေးနေပြီး ၊ မျက်ခွံပေါ်မှာလည်း မျက်လုံးပုံစံ ဆွဲထားကာ ကလေးကို အမြဲစောင့်ကြည့်နေတဲ့ပုံစံမျိုးနဲ့ပါ ။ ဒါ့အပြင် ကလေးချော့သိပ်တေးသီချင်းကို ဖုန်းနဲ့အသံသွင်းထားပြီး တစ်ဆင့်ပြန်ဖွင့်ထားပြီး ဖခင်ဖြစ်သူမှာတော့နားထဲတစ်သျူးစထိုးထည့်ထားပြီး တစ်မေ့တစ်မောအိပ်နေခဲ့တာပါ ။ အဆိုပါ အဖြစ်အပျက်လေးကို ကလေးငယ်ရဲ့မိခင်ဖြစ်သူက video ရိုက်ကူးထားပြီး social media ပေါ်ပြန်လည်ဝေမျှခဲ့တာပါ ။

မကြာခင်မှာပဲ အဆိုပါ video ဟာ ကြည့်ရှုသူအများအပြားရရှိခဲ့ပြီး ၊ အချို့သောဖခင်တွေကလည်း သူတို့ကလေးထိန်းတဲ့ ပုံစံတွေကိုပါ ထပ်လောင်ပြီးဝေမျှသွားခဲ့ကြပါသေးတယ် ။

crd