ၾကားသိရသမွ်

အချုပ်ကားမီးလောင်ပျက်စီးတဲ့အထိ အရှိန်အဟုန်မြင့်နေပြီး ရာဘာကျည်တွေ၊မျက်ရည်ယိုဗုံးတွေနဲ့ အင်အားသုံးဖြိုခွင်းခံလိုက်ရတဲ့ ထိုင်းဆန္ဒပြသူများ

မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီအရေးအတွက် ရရာနည်းလမ်းတွေသုံးပြီး အာဏာရှင်ကိုတွန်းလှန်နေသလို အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း ဒီမိုကရေစီအရေးအတွက် ထိုင်းပြည်သူတွေဟာ ဆန္ဒထုတ်ဖော်နေကြပါတယ်။

သြဂုတ်လ(၇)ရက်နေ့ မနေ့ကတော့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ ပြည်သူတွေဟာ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ ဝန်ကြီးချုပ်ပရာယွတ်နုတ်ထွက်ပေးရေးအတွက် သူတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော်ခဲ့ကြပါတယ်။

ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြတဲ့ ပြည်သူတွေက ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha ရဲ့အစိုးရရုံးကို ချီတက်ခဲ့ကြရင်း ရဲတွေနဲ့ ထိပ်တိုက်တိုးခဲ့ကြပြီး နှစ်ဖက်တင်းမာမှုတွေရှိခဲ့တာဖြစ်ပါတယ်။

ထိုင်းရဲတွေက ဆန္ဒပြနေတဲ့ ပြည်သူတွေကို ရာဘာကျည်တွေ၊မျက်ရည်ယိုဗုံးတွေ၊ အသုံးပြုပြီး အင်အားသုံးဖြိုခွင်းခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေကလည်း မီးရှုးတွေ၊ဗောက်အိုးတွေနဲ့ပြန်လည်ခုခံကြသလို ရဲအချုပ်ကားတစ်စီးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ဒီမိုကရေစီအရေးတောင်းဆိုတဲ့ အဆိုပါဆန္ဒပြပွဲကို ရဲတွေကအင်အားသုံးဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြနေတဲ့ပြည်သူအချို့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲမှာ ထိုင်းပြည်သူတစ်ယောက်က မြန်မာနိုင်ငံနဲ့အတူ ရပ်တည်ကြောင်းပြသတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။

မြန်မာပြည်သူတွေကလည်း ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြနေတဲ့ ထိုင်းပြည်သူတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး လိုချင်တဲ့ပန်းတိုင်တွေဆီ ရောက်ရှိကြပါစေကြောင်း ဆုတောင်းပေးနေကြပါတယ်။

မြန်မာပြည်သူတွေ ဆန္ဒပြခဲ့စဥ်တုန်းက အိမ်နီးချင်းထိုင်းပြည်သူတွေက ဘေးကင်းကြစေဖို့ ဆုတောင်းပေးနေခဲ့တာဖြစ်သလို ယခုထိုင်းပြည်သူတွေ ဆန္ဒထုတ်ဖော်ချိန်မှာလည်း မြန်မာပြည်သူတွေက အခုလိုပြန်လည်ဆုတောင်းပေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲတွေ အရှိန်အဟုန်မြင့်လာပြီး အချုပ်ကားတစ်စီး မီးလောင်ပျက်စီးနေတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

ျမန္မာႏိုင္ငံမွာလည္း ဒီမိုကေရစီအေရးအတြက္ ရရာနည္းလမ္းေတြသုံးၿပီး အာဏာရွင္ကိုတြန္းလွန္ေနသလို အိမ္နီးခ်င္းထိုင္းႏိုင္ငံမွာလည္း ဒီမိုကေရစီအေရးအတြက္ ထိုင္းျပည္သူေတြဟာ ဆႏၵထုတ္ေဖာ္ေနၾကပါတယ္။

ၾသဂုတ္လ(၇)ရက္ေန႔ မေန႔ကေတာ့ ထိုင္းႏိုင္ငံ၊ဘန္ေကာက္ၿမိဳ႕ရွိ ျပည္သူေတြဟာ စစ္ဗိုလ္ခ်ဳပ္ေဟာင္းျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ပရာယြတ္ႏုတ္ထြက္ေပးေရးအတြက္ သူတို႔ရဲ႕ဆႏၵေတြကို ထုတ္ေဖာ္ခဲ့ၾကပါတယ္။

ဒီမိုကေရစီအေရးေတာင္းဆိုဆႏၵျပတဲ့ ျပည္သူေတြက ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha ရဲ႕အစိုးရ႐ုံးကို ခ်ီတက္ခဲ့ၾကရင္း ရဲေတြနဲ႔ ထိပ္တိုက္တိုးခဲ့ၾကၿပီး ႏွစ္ဖက္တင္းမာမႈေတြရွိခဲ့တာျဖစ္ပါတယ္။

ထိုင္းရဲေတြက ဆႏၵျပေနတဲ့ ျပည္သူေတြကို ရာဘာက်ည္ေတြ၊မ်က္ရည္ယိုဗုံးေတြ၊ အသုံးျပဳၿပီး အင္အားသုံးၿဖိဳခြင္းခဲ့တာျဖစ္ပါတယ္။

ဆႏၵျပသူေတြကလည္း မီးရႈးေတြ၊ေဗာက္အိုးေတြနဲ႔ျပန္လည္ခုခံၾကသလို ရဲအခ်ဳပ္ကားတစ္စီးလည္း မီးေလာင္ပ်က္စီးခဲ့ပါတယ္။ဒီမိုကေရစီအေရးေတာင္းဆိုတဲ့ အဆိုပါဆႏၵျပပြဲကို ရဲေတြကအင္အားသုံးၿဖိဳခြင္းခဲ့တာေၾကာင့္ ဆႏၵျပေနတဲ့ျပည္သူအခ်ိဳ႕ ဖမ္းဆီးထိန္းသိမ္းခံလိုက္ရပါတယ္။

အဆိုပါဆႏၵထုတ္ေဖာ္ပြဲမွာ ထိုင္းျပည္သူတစ္ေယာက္က ျမန္မာႏိုင္ငံနဲ႔အတူ ရပ္တည္ေၾကာင္းျပသတဲ့ ဆိုင္းဘုတ္ကိုင္ေဆာင္ၿပီး ဆႏၵျပခဲ့ပါတယ္။

ျမန္မာျပည္သူေတြကလည္း ဒီမိုကေရစီအေရးေတာင္းဆိုဆႏၵျပေနတဲ့ ထိုင္းျပည္သူေတြအားလုံး ေဘးအႏၲရာယ္ကင္းရွင္းၿပီး လိုခ်င္တဲ့ပန္းတိုင္ေတြဆီ ေရာက္ရွိၾကပါေစေၾကာင္း ဆုေတာင္းေပးေနၾကပါတယ္။

ျမန္မာျပည္သူေတြ ဆႏၵျပခဲ့စဥ္တုန္းက အိမ္နီးခ်င္းထိုင္းျပည္သူေတြက ေဘးကင္းၾကေစဖို႔ ဆုေတာင္းေပးေနခဲ့တာျဖစ္သလို ယခုထိုင္းျပည္သူေတြ ဆႏၵထုတ္ေဖာ္ခ်ိန္မွာလည္း ျမန္မာျပည္သူေတြက အခုလိုျပန္လည္ဆုေတာင္းေပးမႈေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာ ဆႏၵျပပြဲေတြ အရွိန္အဟုန္ျမင့္လာၿပီး အခ်ဳပ္ကားတစ္စီး မီးေလာင္ပ်က္စီးေနတဲ့ ဗီဒီယိုဖိုင္ကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Source : Original Uploder