အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး တခြားတစ်ယောက်ကို မနာကျင်စေပါနဲ့ …
အချစ်တဲ့ … တကယ်သိပ်ချစ်တတ်သွားရင် ဖြတ်ရခက်တယ် ဒါကြောင့် တကယ်မှ မချစ်ရင် ချစ်တယ် ဆိုတဲ့စကားလုံး
တွေ ယောင်လို့တောင် မသုံးမိပါစေနဲ့ ။ တစ်ခါတစ်လေမှာ စိတ်ကစားတာနဲ့ ချစ်တာကို မှားတတ်ကြတယ်လေ …
တကယ်ချစ်မှန်းမသေချာသေးပါနဲ့ သိပ်ချစ်တာပဲ ဆိုတဲ့ စကားကို သုံးတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ လမ်းခွဲခြင်းတွေ
ဆီ ဦးတည်သွားတတ်တယ်လေ ။
တချို့ကတော့ တကယ်ကို မချစ်မှန်းသိသိရဲ့နဲ့ သေသေချာချာကို ချစ်တယ်ပြောပြီး လှည့်စားတတ်ကြသေးတယ် …
ဂရုစိုက်သလို အပြုအမူတွေ ပြရင်းနဲ့ ချည်နှောင်တတ်သေးတာလေ … တကယ်မှ မချစ်ရင် အစကတည်းက မချစ်ခဲ့
သလို နေခဲ့တာပဲ ကောင်းပါတယ် တစ်ဖက်မှာ တကယ်ချစ်တယ်အထင်နဲ့ တကယ်ကြီး တွယ်တာမိတဲ့သူက အချိန်ကြာ
လာတာနဲ့အမျှ ဒုက္ခတွေ ပိုတိုးလာတတ်တယ်လေ …
လူတစ်ယောက်ကို မှားပြီးချစ်မိရံုံလောက်နဲ့ အသက်တွေ မသေတတ်ဘူးဆိုပေမယ့် တကယ်တမ်းချစ်မိသူအတွက်
တော့ မျှော်လင့်ချက်တွေ သေတတ်တယ် … ပြီးတော့ နူးညံ့တဲ့ နှလုံးသားတွေဟာလဲ သေသွားရတတ်တယ်လေ … ချစ်
တယ်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ လူတစ်ယောက်ရဲ့ ဘဝတွေကို မသတ်လိုက်ပါနဲ့ တကယ်မချစ်ပဲနဲ့ပေါ့ ။
ကျေးဇူးပြုပြီးတော့ … လူတစ်ယောက်ကို တကယ်မချစ်ပါပဲနဲ့ သိပ်ချစ်တာပဲဆိုတဲ့ အပြောအဆိုမျိုးတွေနဲ့ ဒုက္ခမပေးပါနဲ့
တကယ်မချစ်တဲ့သူမှာ အချိန်တန် မေ့သွားမှာဖြစ်ပေမယ့်လို့ တကယ်ချစ်မိသူမှာ နှစ်တွေကြာတာတောင် အဲ့ဒီ ဒဏ်ရာ
တွေကို ပြန်တွေးပြီး နာကျင်နေရတတ်တယ်လေ …
မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ
အခ်စ္ဆုိတဲ့ ေခါင္းစဥ္တပ္ျပီး တျခားတစ္ေယာက္ကို မနာက်င္ေစပါနဲ႔ …
အခ်စ္တဲ့ … တကယ္သိပ္ခ်စ္တတ္သြားရင္ ျဖတ္ရခက္တယ္ ဒါေၾကာင့္ တကယ္မွ မခ်စ္ရင္ ခ်စ္တယ္ ဆုိတဲ့စကားလံုးေတြ
ေယာင္လို့ေတာင္ မသံုုးမိပါေစနဲ႔ ။ တစ္ခါတစ္ေလမွာ စိတ္ကစားတာနဲ႔ ခ်စ္တာကို မွားတတ္ၾကတယ္ေလ … တကယ္ခ်စ္မွ
န္းမေသခ်ာေသးပါနဲ႔ သိပ္ခ်စ္တာပဲ ဆုိတဲ့ စကားကို သံုးတဲ့အခါ အခ်ိန္ၾကာလာတာနဲ႔အမွ် လမ္းခြဲျခင္းေတြဆီ ဦးတည္သြား
တတ္တယ္ေလ ။
တခ်ိဳ႔ကေတာ့ တကယ္ကို မခ်စ္မွန္းသိသိရဲ႔နဲ႔ ေသေသခ်ာခ်ာကို ခ်စ္တယ္ေျပာျပီး လွည့္စားတတ္ၾကေသးတယ္ … ဂရုစိုက္
သလို အျပဳအမူေတြ ျပရင္းနဲ႔ ခ်ည္ေနွာင္တတ္ေသးတာေလ … တကယ္မွ မခ်စ္ရင္ အစကတည္းက မခ်စ္ခဲ့သလို ေနခဲ့
တာပဲ ေကာင္းပါတယ္ တစ္ဖက္မွာ တကယ္ခ်စ္တယ္အထင္နဲ႔ တကယ္ၾကီး တြယ္တာမိတဲ့သူက အခ်ိန္ၾကာလာတာနဲ႔အမွ်
ဒုကၡေတြ ပိုတိုးလာတတ္တယ္ေလ …
လူတစ္ေယာက္ကို မွားျပီးခ်စ္မိရံံုေလာက္နဲ႔ အသက္ေတြ မေသတတ္ဘူးဆိုေပမယ့္ တကယ္တမ္းခ်စ္မိသူအတြက္ေတာ့ ေ
မ်ွာ္လင့္ခ်က္ေတြ ေသတတ္တယ္ … ျပီးေတာ့ နူးညံ့တဲ့ နွလံုးသားေတြဟာလဲ ေသသြားရတတ္တယ္ေလ … ခ်စ္တယ္ဆို
တဲ့ စကားေလးတစ္ခြန္းနဲ႔ လူတစ္ေယာက္ရဲ႔ ဘ၀ေတြကို မသတ္လိုက္ပါနဲ႔ တကယ္မခ်စ္ပဲနဲ႔ေပါ့ ။
ေက်းဇူးျပဳျပီးေတာ့ … လူတစ္ေယာက္ကို တကယ္မခ်စ္ပါပဲနဲ႔ သိပ္ခ်စ္တာပဲဆုိတဲ့ အေျပာအဆိုမ်ိဳးေတြနဲ႔ ဒုကၡမေပးပါနဲ႔ တ
ကယ္မခ်စ္တဲ့သူမွာ အခ်ိန္တန္ ေမ့သြားမွာျဖစ္ေပမယ့္လုိ့ တကယ္ခ်စ္မိသူမွာ နွစ္ေတြၾကာတာေတာင္ အဲ့ဒီ ဒဏ္ရာေတြကို
ျပန္ေတြးျပီး နာက်င္ေနရတတ္တယ္ေလ …



