အခ်စ္ေရး

သင့်ကိုအသက်နဲ့အမျှချစ်တဲ့ ကောင်လေးတွေရဲ့ လက္ခဏာ(၅)မျိုး

အချစ်ဆိုတာ နှလုံးသားချင်းဆက်နွယ်နေမှ ဖြစ်ပေါ်လာတဲ့အရာမျိုးပါ။ အချစ်ကံကောင်းတဲ့ မိန်းကလေးတွေကတော့ ဒီလိုယောကျာ်းမျိုးကို ပိုင်ဆိုင်ထားရမှာပါ။ သင်ရော ပိုင်ဆိုင်ထားရပြီးလား ။ ပိုင်ဆိုင်ထားရပြီးဆို အရင်ကထက် ပို လိမ္မာပါတော့နော် …

(၁) သင့်ကို အမြဲဂရုစိုက်တယ် ”

သင့်ကို အသက်နဲ့အမျှ ချစ်တဲ့ယောကျာ်းဆိုတာ သင့်ရဲ့ အရာအားလုံး အသေးအမွှေားလေးတွေကစ ဂရုစိုက်နေတတ်သူပါ။ တကယ်လို့ သင်နေမကောင်းခဲ့ရင်တောင် အဖေတစ်ယောက်လို ၊ အစ်ကိုကြီးတစ်ယောက် ဆေးသောက်ဖို့ ၊ အစားပုံမှန်စားဖို့ကို တဖွဖွ မှာပြီး ဂရုစိုက်နေတတ်တယ်။

သင်နေမကောင်းဖြစ်ရင် အပြစ်ရှိတယ်လို့ခံယူနေသူပါ။ သင်အားငယ်နေချိန် သင့်အနားမှာ ဖေးမကူညီတတ်ပြီး သင်ဝမ်းနည်းရင် သူ့စိတ်ထဲလည်း မကောင်းဖြစ်နေတတ်ပါတယ်။ သူ့အလုပ်တွေ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ၊ အလုပ်တွေ ဘယ်လောက်ပဲ ရှုပ်နေပါစေ သင်နဲ့တွေ့ရရင် ပင်ပန်းတာတွေ ပျောက်သွားတယ်။

သင့်အတွက်ဆို ညည်းနေရတာမျိုးမရှိဘဲ သင့်စိတ်ကြိုက်ဖြစ်အောင် အမြဲနေပေးတတ်တယ်။ အလုပ်ဆိုတာကလည်း သင့်ကို ချမ်းချမ်းသာသာ ထားစေချင်တဲ့ ရည်ရွယ်ချက်ကြောင့် လုပ်နေရသလို သူ့အနာဂတ် တစ်ခုလုံးက သင်နဲ့ပဲ ဖြစ်နေမှာပါ …။

(၂) သင့်ကို ခွင့်လွတ်မြဲခွင့်လွှတ်တယ် ”

သင့်ကို သူဘယ်လောက်ထိချစ်လဲဆိုရင် .. တခြားသူတွေအတွက်ဆို ခွင့်လွှတ်ပေးလို့မရတဲ့ အပြစ်မျိုးဖြစ်နေရင်တောင် သူ့သင်ကို ခွင့်လွှတ်မြဲ ၊ ခွင့်လွှတ်ဆဲပါ။ သူနဲ့ တွဲနေရက်နဲ့ သင့်က တခြားတစ်ယောက်နဲ့ အိနေတာမျိုးကိုတောင် သင့်ကို ခွင့်လွှတ်ပေးပြီး ဆက်တွဲနေတတ်တယ်။ သူ့တုံးလို့ ၊ အလို့မဟုတ်ဘဲ သင့်ကို ဆုံးရှုံးလိုက်ရမှာ ကြောက်လို့ပါ။ ဒီလိုမျိုး ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားရပြီဆို အရမ်းမဆိုးပါနဲ့ …။

(၃) သင့်ကို နားလည်မှုအပြည့်ပေးထားတယ် ”

သင့်ကို ဘယ်လောက်တောင်ချစ်တယ်ဆိုရင် သင့်ကို ချုပ်ချယ်ထားတာမျိုးမရှိဘဲ သင့်ကို စိတ်ချမ်းသာအောင် အမြဲနားလည်မှုပေးထားသူပါ။ မကောင်းတာဆိုရင်တော့ ဆိုးဆုံးမတတ်တာက လွဲရင် သင့်ကို အမြဲလွတ်လပ်စွာ နားလည်မှုအပြည့်နဲ့နေခိုင်းတယ်။သူငယ်ချင်းတွေနဲ့ အပြင်သွားမယ်ဆိုရင်လည်း သူ့ကိုယ်တိုင်လိုက်ပို့ပေးတာမျိုးဖြစ်ဖြစ် လုပ်ပေးတယ်။ သင့်ပျော်နေတာမြင်ရရင် သူ့စိတ်ထဲ လည်း ပျော်နေတတ်တယ် …။

(၄) သင်က ဘုရင်မ ”

သင်က သူ့ဘဝအတွက် အလင်းပါ။ သူ့မှာ တစ်နေ့လုံးအလုပ်တွေရှုပ်နေရင်တောင် သင်အတွက် အချိန်ပေးပြီး date ပေးတယ်။ သူ့အလုပ်တွေကြောင့် ပင်ပန်းနေရင်တောင် ပင်ပန်းတယ်လို့ မညည်းဘဲ သင့်အတွက် အချိန်ပေးတယ်။ သင်စိတ်ဆိုးနေလည်း သင့်ကို စိတ်ရှည်ရှည်နဲ့ချော့တယ်။ အကြောင်းကတော့ သင့်က သူ့ဘဝ အတွက် ဘုရင်မဖြစ်နေလို့ပါပဲ …။ ။

Credit:ခရက်ဒစ် မူရင်း

Zawgyi

အခ်စ္ဆိုတာ ႏွလုံးသားခ်င္းဆက္ႏြယ္ေနမွ ျဖစ္ေပၚလာတဲ့အရာမ်ိဳးပါ။ အခ်စ္ကံေကာင္းတဲ့ မိန္းကေလးေတြကေတာ့ ဒီလိုေယာက်ာ္းမ်ိဳးကို ပိုင္ဆိုင္ထားရမွာပါ။ သင္ေရာ ပိုင္ဆိုင္ထားရၿပီးလား ။ ပိုင္ဆိုင္ထားရၿပီးဆို အရင္ကထက္ ပို လိမၼာပါေတာ့ေနာ္ …

(၁) သင့္ကို အၿမဲဂ႐ုစိုက္တယ္ ”

သင့္ကို အသက္နဲ႔အမွ် ခ်စ္တဲ့ေယာက်ာ္းဆိုတာ သင့္ရဲ႕ အရာအားလုံး အေသးအေမႊားေလးေတြကစ ဂ႐ုစိုက္ေနတတ္သူပါ။ တကယ္လို႔ သင္ေနမေကာင္းခဲ့ရင္ေတာင္ အေဖတစ္ေယာက္လို ၊ အစ္ကိုႀကီးတစ္ေယာက္ ေဆးေသာက္ဖို႔ ၊ အစားပုံမွန္စားဖို႔ကို တဖြဖြ မွာၿပီး ဂ႐ုစိုက္ေနတတ္တယ္။ သင္ေနမေကာင္းျဖစ္ရင္ အျပစ္ရွိတယ္လို႔ခံယူေနသူပါ။ သင္အားငယ္ေနခ်ိန္ သင့္အနားမွာ ေဖးမကူညီတတ္ၿပီး သင္ဝမ္းနည္းရင္ သူ႔စိတ္ထဲလည္း မေကာင္းျဖစ္ေနတတ္ပါတယ္။ သူ႔အလုပ္ေတြ ဘယ္ေလာက္ပဲ ပင္ပန္းေနပါေစ ၊ အလုပ္ေတြ ဘယ္ေလာက္ပဲ ရႈပ္ေနပါေစ သင္နဲ႔ေတြ႕ရရင္ ပင္ပန္းတာေတြ ေပ်ာက္သြားတယ္။ သင့္အတြက္ဆို ညည္းေနရတာမ်ိဳးမရွိဘဲ သင့္စိတ္ႀကိဳက္ျဖစ္ေအာင္ အၿမဲေနေပးတတ္တယ္။ အလုပ္ဆိုတာကလည္း သင့္ကို ခ်မ္းခ်မ္းသာသာ ထားေစခ်င္တဲ့ ရည္႐ြယ္ခ်က္ေၾကာင့္ လုပ္ေနရသလို သူ႔အနာဂတ္ တစ္ခုလုံးက သင္နဲ႔ပဲ ျဖစ္ေနမွာပါ …။

(၂) သင့္ကို ခြင့္လြတ္ၿမဲခြင့္လႊတ္တယ္ ”

သင့္ကို သူဘယ္ေလာက္ထိခ်စ္လဲဆိုရင္ .. တျခားသူေတြအတြက္ဆို ခြင့္လႊတ္ေပးလို႔မရတဲ့ အျပစ္မ်ိဳးျဖစ္ေနရင္ေတာင္ သူ႔သင္ကို ခြင့္လႊတ္ၿမဲ ၊ ခြင့္လႊတ္ဆဲပါ။ သူနဲ႔ တြဲေနရက္နဲ႔ သင့္က တျခားတစ္ေယာက္နဲ႔ အိေနတာမ်ိဳးကိုေတာင္ သင့္ကို ခြင့္လႊတ္ေပးၿပီး ဆက္တြဲေနတတ္တယ္။ သူ႔တုံးလို႔ ၊ အလို႔မဟုတ္ဘဲ သင့္ကို ဆုံးရႈံးလိုက္ရမွာ ေၾကာက္လို႔ပါ။ ဒီလိုမ်ိဳး ခ်စ္သူေကာင္ေလးကို ပိုင္ဆိုင္ထားရၿပီဆို အရမ္းမဆိုးပါနဲ႔ …။

(၃) သင့္ကို နားလည္မႈအျပည့္ေပးထားတယ္ ”

သင့္ကို ဘယ္ေလာက္ေတာင္ခ်စ္တယ္ဆိုရင္ သင့္ကို ခ်ဳပ္ခ်ယ္ထားတာမ်ိဳးမရွိဘဲ သင့္ကို စိတ္ခ်မ္းသာေအာင္ အၿမဲနားလည္မႈေပးထားသူပါ။ မေကာင္းတာဆိုရင္ေတာ့ ဆိုးဆုံးမတတ္တာက လြဲရင္ သင့္ကို အၿမဲလြတ္လပ္စြာ နားလည္မႈအျပည့္နဲ႔ေနခိုင္းတယ္။သူငယ္ခ်င္းေတြနဲ႔ အျပင္သြားမယ္ဆိုရင္လည္း သူ႔ကိုယ္တိုင္လိုက္ပို႔ေပးတာမ်ိဳးျဖစ္ျဖစ္ လုပ္ေပးတယ္။ သင့္ေပ်ာ္ေနတာျမင္ရရင္ သူ႔စိတ္ထဲ လည္း ေပ်ာ္ေနတတ္တယ္ …။

(၄) သင္က ဘုရင္မ ”

သင္က သူ႔ဘဝအတြက္ အလင္းပါ။ သူ႔မွာ တစ္ေန႔လုံးအလုပ္ေတြရႈပ္ေနရင္ေတာင္ သင္အတြက္ အခ်ိန္ေပးၿပီး date ေပးတယ္။ သူ႔အလုပ္ေတြေၾကာင့္ ပင္ပန္းေနရင္ေတာင္ ပင္ပန္းတယ္လို႔ မညည္းဘဲ သင့္အတြက္ အခ်ိန္ေပးတယ္။ သင္စိတ္ဆိုးေနလည္း သင့္ကို စိတ္ရွည္ရွည္နဲ႔ေခ်ာ့တယ္။ အေၾကာင္းကေတာ့ သင့္က သူ႔ဘဝ အတြက္ ဘုရင္မျဖစ္ေနလို႔ပါပဲ …။ ။

Credit:ခရက္ဒစ္ မူရင္း