ၾကားသိရသမွ်

အမ်ိဳးသမီးထုႀကီးအား တစ္ေန႔ သုံးႀကိမ္ေရခ်ိဳးတဲ့အမ်ိဳးသားမ်ားကို ဘယ္ေတာ့မွလက္မထပ္ရန္ အႀကံေပးခဲ့တဲ့ အမ်ိဳးသမီးတစ္ဦး

ဂါနာ-ႏိုင္ဂ်ီးရီးယား လူ႐ႊင္ေတာ္သ႐ုပ္ေဆာင္တစ္ဦးဟာ အမ်ိဳးသားအခ်ိဳ႕ရဲ႕ေထာက္ခံမႈကို အျပည့္အဝရထားတဲ့ tweet တစ္ခုႏွင့္အတူ social media ေပၚမွာ ဂယက္ထသြားခဲ့ပါတယ္။ Social media ကို ကိုင္တြယ္သူႏွင့္ ဟာသလူ႐ႊင္ေတာ္တစ္ဦးျဖစ္တဲ့ Twitter အသုံးျပဳသူ @heiressjacinta ဟာ သူမရဲ႕follower အမ်ိဳးသမီးမ်ားအား အိမ္ေထာင္ဖက္အျဖစ္ ထည့္သြင္းမစဥ္းစားသင့္တဲ့ အမ်ိဳးသားမ်ားရဲ႕အေၾကာင္းကို အႀကံေပးခဲ့ပါတယ္။ သူမဟာ အမ်ိဳးသမီးမ်ားအား တစ္ေန႔သုံးႀကိမ္ေရခ်ိဳးတတ္တဲ့ အမ်ိဳးသားမ်ားႏွင့္မလက္ထပ္ရန္ အႀကံေပးခဲ့ပါတယ္။

ဟာသသ႐ုပ္ေဆာင္ျဖစ္တဲ့သူမက တကယ့္အမ်ိဳးသားေတြက ေရခ်ိဳးတာကို မႀကိဳက္ၾကဘူးဟုလည္း ထပ္မံေျပာၾကားခဲ့ပါတယ္။ တစ္ကယ္လည္း ဟားဗတ္ေဆးေက်ာင္းမွ ထုတ္ေဝခဲ့တဲ့စာေစာင္ကလည္း အဆိုပါဟာသသ႐ုပ္ေဆာင္အမ်ိဳးသမီးႏွင့္နည္းတူ လူတစ္ေယာက္ဟာ ေယဘုယ်အားျဖင့္ သုံးႀကိမ္ေရခ်ိဳးရန္မလိုအပ္ေၾကာင္း ေရးသားထားခဲ့ပါတယ္။

၎ေဆာင္းပါးအရ ေန႔စဥ္ေရခ်ိဳးျခင္းဟာ တစ္ဦးတစ္ေယာက္ရဲ႕က်န္းမာေရးကို ဆိုး႐ြားစြာ ထိခိုက္ေစႏိုင္ေၾကာင္း သိရွိခဲ့ရပါတယ္။ မၾကာခဏေရခ်ိဳးျခင္းဟာ အေရျပားကို ေျခာက္ေသြ႕ေစၿပီး ဘက္တီးရီးယားမ်ားႏွင့္ဓာတ္မတည့္မႈမ်ားျဖင့္ အေရျပားကို ပိုးကူးစက္ေစႏိုင္ပါတယ္။


,753rtg
၎ေဆာင္းပါးရဲ႕ေရးသားခ်က္မ်ားအရ antibacterial ဆပ္ျပာမ်ားဟာ သာမန္ effect မရွိတဲ့ဘက္တီးရီးယားမ်ားကိုပါ ေသေစႏိုင္ၿပီး အေရျပားရဲ႕ေသးငယ္တဲ့ ဇီဝျဖစ္ပ်က္မႈဟန္ခ်က္ကို ထိခိုက္ေစသလို ပဋိဇီဝေဆးမ်ားအား ခံႏိုင္ရည္နည္းေစတဲ့ အျခားေသာဘက္တီးရီးယားမ်ိဳးစိတ္မ်ားေပၚထြက္လာျခင္းကို အားေပးေစတာေၾကာင့္ အေရျပားေရာဂါမ်ားကို ျဖစ္ပြါးေစႏိုင္ပါတယ္။

ထို႔ေၾကာင့္ တစ္ေန႔ေရသုံးႀကိမ္ခ်ိဳးျခင္းႏွင့္ပတ္သက္ၿပီး ဟာသသ႐ုပ္ေဆာင္ @heiressjacinta က သူမရဲ႕စိတ္ထဲမွာ ၎အခ်က္အလက္ေတြကရွိေကာင္းရွိေနႏိုင္သလို သို႔မဟုတ္ ၎က သူမရဲ႕ျပက္လုံးတစ္ခုသာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ထို႔ေနာက္ ၎ကယက္ထသြားခဲ့တဲ့ သူမရဲ႕အႀကံေပးခ်က္ကို အင္တာနက္အသုံးျပဳသူအမ်ိဳးသားမ်ားစြာက “ ညစ္ပတ္တဲ့မိန္းမေတြက တစ္ေန႔တစ္ႀကိမ္ဘဲခ်ိဳးတယ္ ၊ သူတို႔ကေကာ ” ၊ “ အမေလး ငါ တစ္ရက္ကို ႏွစ္ႀကိမ္ဘဲ ခ်ိဳးတယ္ ၊ ေတာ္ေသးလို႔ သို႔မဟုတ္ရင္ ငါ မိန္းမမရေတာ့ဘူး” ၊ “ ကိုယ့္ေခါင္းကိုျပန္႐ိုက္သြားခ်င္တဲ့အႀကံဥာဏ္အတြက္ ေက်းဇူးတင္ပါတယ္ ” ၊ “ အမေလး ျဖစ္မွျဖစ္ရေလ တစ္ေန႔သုံးႀကိမ္ေရခ်ိဳးတဲ့ေယာက်္ားက ကမာၻမွာ ရွိရဲ႕လား ” ဟုတဲ့ ခံစားခ်က္ရႈပ္ေထြးေနၾကပုံရတဲ့မွတ္ခ်က္မ်ားစြာျဖင့္ သူမအား ျပန္လည္တုံ႔ျပန္ခဲ့ၾကပါတယ္။

စာဖတ္သူတို႔ေကာ တစ္ေန႔ကို ေရဘယ္ႏွစ္ႀကိမ္ခ်ိဳးၾကပါသလဲဗ်ာ။ စာဖတ္သူတို႔ထဲမွာေကာ တစ္ေန႔ေရသုံးႀကိမ္ခ်ိဳးတတ္တဲ့သူမ်ားရွိပါသလားဗ်ာ။

Mia (KBdailynews)

Unicode

ဂါနာ-နိုင်ဂျီးရီးယား လူရွှင်တော်သရုပ်ဆောင်တစ်ဦးဟာ အမျိုးသားအချို့ရဲ့ထောက်ခံမှုကို အပြည့်အဝရထားတဲ့ tweet တစ်ခုနှင့်အတူ social media ပေါ်မှာ ဂယက်ထသွားခဲ့ပါတယ်။ Social media ကို ကိုင်တွယ်သူနှင့် ဟာသလူရွှင်တော်တစ်ဦးဖြစ်တဲ့ Twitter အသုံးပြုသူ @heiressjacinta ဟာ သူမရဲ့follower အမျိုးသမီးများအား အိမ်ထောင်ဖက်အဖြစ် ထည့်သွင်းမစဉ်းစားသင့်တဲ့ အမျိုးသားများရဲ့အကြောင်းကို အကြံပေးခဲ့ပါတယ်။ သူမဟာ အမျိုးသမီးများအား တစ်နေ့သုံးကြိမ်ရေချိုးတတ်တဲ့ အမျိုးသားများနှင့်မလက်ထပ်ရန် အကြံပေးခဲ့ပါတယ်။

ဟာသသရုပ်ဆောင်ဖြစ်တဲ့သူမက တကယ့်အမျိုးသားတွေက ရေချိုးတာကို မကြိုက်ကြဘူးဟုလည်း ထပ်မံပြောကြားခဲ့ပါတယ်။ တစ်ကယ်လည်း ဟားဗတ်ဆေးကျောင်းမှ ထုတ်ဝေခဲ့တဲ့စာစောင်ကလည်း အဆိုပါဟာသသရုပ်ဆောင်အမျိုးသမီးနှင့်နည်းတူ လူတစ်ယောက်ဟာ ယေဘုယျအားဖြင့် သုံးကြိမ်ရေချိုးရန်မလိုအပ်ကြောင်း ရေးသားထားခဲ့ပါတယ်။

၎င်းဆောင်းပါးအရ နေ့စဉ်ရေချိုးခြင်းဟာ တစ်ဦးတစ်ယောက်ရဲ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သိရှိခဲ့ရပါတယ်။ မကြာခဏရေချိုးခြင်းဟာ အရေပြားကို ခြောက်သွေ့စေပြီး ဘက်တီးရီးယားများနှင့်ဓာတ်မတည့်မှုများဖြင့် အရေပြားကို ပိုးကူးစက်စေနိုင်ပါတယ်။

၎င်းဆောင်းပါးရဲ့ရေးသားချက်များအရ antibacterial ဆပ်ပြာများဟာ သာမန် effect မရှိတဲ့ဘက်တီးရီးယားများကိုပါ သေစေနိုင်ပြီး အရေပြားရဲ့သေးငယ်တဲ့ ဇီဝဖြစ်ပျက်မှုဟန်ချက်ကို ထိခိုက်စေသလို ပဋိဇီဝဆေးများအား ခံနိုင်ရည်နည်းစေတဲ့ အခြားသောဘက်တီးရီးယားမျိုးစိတ်များပေါ်ထွက်လာခြင်းကို အားပေးစေတာကြောင့် အရေပြားရောဂါများကို ဖြစ်ပွါးစေနိုင်ပါတယ်။

ထို့ကြောင့် တစ်နေ့ရေသုံးကြိမ်ချိုးခြင်းနှင့်ပတ်သက်ပြီး ဟာသသရုပ်ဆောင် @heiressjacinta က သူမရဲ့စိတ်ထဲမှာ ၎င်းအချက်အလက်တွေကရှိကောင်းရှိနေနိုင်သလို သို့မဟုတ် ၎င်းက သူမရဲ့ပြက်လုံးတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ထို့နောက် ၎င်းကယက်ထသွားခဲ့တဲ့ သူမရဲ့အကြံပေးချက်ကို အင်တာနက်အသုံးပြုသူအမျိုးသားများစွာက “ ညစ်ပတ်တဲ့မိန်းမတွေက တစ်နေ့တစ်ကြိမ်ဘဲချိုးတယ် ၊ သူတို့ကကော ” ၊ “ အမလေး ငါ တစ်ရက်ကို နှစ်ကြိမ်ဘဲ ချိုးတယ် ၊ တော်သေးလို့ သို့မဟုတ်ရင် ငါ မိန်းမမရတော့ဘူး” ၊ “ ကိုယ့်ခေါင်းကိုပြန်ရိုက်သွားချင်တဲ့အကြံဥာဏ်အတွက် ကျေးဇူးတင်ပါတယ် ” ၊ “ အမလေး ဖြစ်မှဖြစ်ရလေ တစ်နေ့သုံးကြိမ်ရေချိုးတဲ့ယောကျ်ားက ကမ္ဘာမှာ ရှိရဲ့လား ” ဟုတဲ့ ခံစားချက်ရှုပ်ထွေးနေကြပုံရတဲ့မှတ်ချက်များစွာဖြင့် သူမအား ပြန်လည်တုံ့ပြန်ခဲ့ကြပါတယ်။

စာဖတ်သူတို့ကော တစ်နေ့ကို ရေဘယ်နှစ်ကြိမ်ချိုးကြပါသလဲဗျာ။ စာဖတ်သူတို့ထဲမှာကော တစ်နေ့ရေသုံးကြိမ်ချိုးတတ်တဲ့သူများရှိပါသလားဗျာ။

Mia (KBdailynews)