လက်ဖြင့်ချုပ်လုပ်တဲ့ သားရေဖိနပ်တွေကို မင်းမျိုးမင်းနွယ်တို့ကို ရောင်းချပေးနိုင်တဲ့အထိ ဖက်ရှင်ကျအောင်လုပ်နိုင်ခဲ့တဲ့ အဘိုးအို
ကိုယ်တိုင်သင်ကြားတဲ့ ဖိနပ်ချုပ်လုပ်သူဟာ ဗီယက်နမ်နိုင်ငံ Saigon မြို့ရှိ သူ့ရဲ့ အလုပ်ရုံဆွေးနွေးပွဲမှ ကမ္ဘာပေါ်မှာ အကောင်းဆုံးသောသားရေဖိနပ်အချို့ကို ဖက်ရှင်ကျအောင်ပြုလုပ်နိုင်ခဲ့ပါတယ် ။ အသက် ၈၉ နှစ်ရှိ Trinh Ngoc အမည်ရှိ အဘိုးအိုဟာ ကမ္ဘာ့ခေါင်းဆောင်များရဲ့ အလိုလိုက်တဲ့ဖိနပ်များကို လက်မှုပညာဖြင့် ဆက်လက်လုပ်ဆောင်ခဲ့ပါတယ် ။
သူက ဖိနပ်ချုပ်ခြင်းကို ငယ်ဆင်ကပင် စတင်ခဲ့ပြီး Ngoc ရဲ့အစ်ကိုက ခရီးဆောင်အိတ်များ ပြုလုပ်ရန် လေ့ကျင့်ခဲ့ပါတယ် ။ မကြာခင်မှာ Ngoc တို့မိသားစုက ဖနွမ်းပင်ကို ပြောင်းသွားပြီး ပြင်သစ်မြို့သစ်တစ်မြို့မှာ ဖိနပ်ဆိုင်ဖွင့်ခဲ့ပါတယ် ။ အစပိုင်းမှာ လူတွေက Ngocသူလက်ရာကိုအယုံအကြည်မရှိဘဲ၊ သူ့ဖိနပ်ရဲ့ အရည်အသွေးက မသန့်ရှင်းသေးတာကြောင့် ဖြစ်ပါတယ် ။
ဒါပေမယ့် Ngoc ညတိုင်းဒီဖိနပ်တွေကို အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ခဲ့ပါတယ် ။ “ တဖြည်းဖြည်း၊ တနေ့ထက်တနေ့၊ တစ်နှစ်ပြီးတစ်နှစ်၊ ကျွန်တော့်ကျွမ်းကျင်မှုတိုးတက်လာပြီး ဖိနပ်တွေပို လုပ်လာတယ် ” လို့ Ngoc ပြောခဲ့ပါတယ် ။
ထိုနည်းအတိုင်း နှစ်နှစ်ခန့်လေ့ကျင့်ပြီးနောက် သူက သူရဲ့ဖောက်သည်အချို့ကို ပြသခဲ့ပြီး ကံကောင်းစွာနဲ့ပဲ သူ့ဖောက်သည်တွေက သူ့လက်ရာတွေကို တကယ်ကြိုက်နှစ်သက်တာတွေ့ခဲ့ရပြီး မကြာခင်မှာ နေ့တိုင်းအော်ဒါတွေပိုများလာခဲ့ပါတယ် ။
သူ့ရဲ့နာမည်ဂုဏ်သတင်းနဲ့ စီးပွားရေးက တဖြည်းဖြည်းကြီးထွားလာပြီး အချိန်တန်သော် သူ့ရဲ့ အမှတ်တံဆိပ်က ကမ္ဘောဒီးယားတစ်ခွင်မှာ ကျော်ကြားလာခဲ့ပါတယ် ။ “ ပြင်သစ်စီးပွားရေးသမားတွေ၊ ပါမောက္ခတွေ၊ ဆရာဝန်တွေကအစ အော်ဒါတင်တယ် ။ ပြင်သစ်သံအမတ်တောင် ကျွန်တော့်ဆိုင်မှာ ဖိနပ်ချုပ်ဖို့ လာခဲ့တယ် ” လို့ Ngoc က ဆိုပါတယ် ။
ဥရောပဖိနပ်များသာစီးတဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ Norodom Sihanouk က Ngoc ရဲ့ ဖိနပ်စွမ်းရည်ကိုကြား သိပြီး သူ့အတွက် တစ်စုံပြုလုပ်ရန် နန်းတော်သို့ ဖိတ်ခေါ်ခံခဲ့ရပါတယ် ။ ထိုအချိန်မှာ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းက အမြင့်ဆုံးသို့ ရောက်လာခဲ့ပါတယ် ။
အဲ့ဒီအချိန်ကစပြီး သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းက အဆင်ပြေလာပြီး တစ်နေ့ကို ဖိနပ် အရံ ၂၀၀၊ ၃၀၀အထိ ထုတ်လုပ်လာနိုင်ခဲ့ပါတယ် ။ ဖိနပ်ချုပ်လုပ်ငန်းမှ အောင်မြင်ရန်၊ သင်မြင်လိုတဲ့အရာကို အကောင်အထည်ဖော်ရန် စိတ်အားထက်သန်မှု၊ တီထွင်ဖန်တီးနိုင်စွမ်း၊ ခေတ်မီအနုပညာမျက်လုံးများနဲ့ ရွှေလက်များလိုအပ်တယ်လို့ သူက ထပ်မံပြောခဲ့ပါတယ် ။
credit
Zawgyi
လက္ျဖင့္ခ်ဳပ္လုပ္တဲ့ သားေရဖိနပ္ေတြကို မင္းမ်ိဳးမင္းႏြယ္တို႔ကို ေရာင္းခ်ေပးႏိုင္တဲ့အထိ ဖက္ရွင္က်ေအာင္လုပ္ႏိုင္ခဲ့တဲ့ အဘိုးအို
ကိုယ္တိုင္သင္ၾကားတဲ့ ဖိနပ္ခ်ဳပ္လုပ္သူဟာ ဗီယက္နမ္ႏိုင္ငံ Saigon ၿမိဳ႕ရွိ သူ႔ရဲ႕ အလုပ္႐ုံေဆြးေႏြးပြဲမွ ကမာၻေပၚမွာ အေကာင္းဆုံးေသာသားေရဖိနပ္အခ်ိဳ႕ကို ဖက္ရွင္က်ေအာင္ျပဳလုပ္ႏိုင္ခဲ့ပါတယ္ ။ အသက္ ၈၉ ႏွစ္ရွိ Trinh Ngoc အမည္ရွိ အဘိုးအိုဟာ ကမာၻ႔ေခါင္းေဆာင္မ်ားရဲ႕ အလိုလိုက္တဲ့ဖိနပ္မ်ားကို လက္မႈပညာျဖင့္ ဆက္လက္လုပ္ေဆာင္ခဲ့ပါတယ္ ။
သူက ဖိနပ္ခ်ဳပ္ျခင္းကို ငယ္ဆင္ကပင္ စတင္ခဲ့ၿပီး Ngoc ရဲ႕အစ္ကိုက ခရီးေဆာင္အိတ္မ်ား ျပဳလုပ္ရန္ ေလ့က်င့္ခဲ့ပါတယ္ ။ မၾကာခင္မွာ Ngoc တို႔မိသားစုက ဖႏြမ္းပင္ကို ေျပာင္းသြားၿပီး ျပင္သစ္ၿမိဳ႕သစ္တစ္ၿမိဳ႕မွာ ဖိနပ္ဆိုင္ဖြင့္ခဲ့ပါတယ္ ။ အစပိုင္းမွာ လူေတြက Ngocသူလက္ရာကိုအယုံအၾကည္မရွိဘဲ၊ သူ႔ဖိနပ္ရဲ႕ အရည္အေသြးက မသန႔္ရွင္းေသးတာေၾကာင့္ ျဖစ္ပါတယ္ ။
ဒါေပမယ့္ Ngoc ညတိုင္းဒီဖိနပ္ေတြကို အေကာင္းဆုံးျဖစ္ေအာင္ ေလ့က်င့္ခဲ့ပါတယ္ ။ “ တျဖည္းျဖည္း၊ တေန႔ထက္တေန႔၊ တစ္ႏွစ္ၿပီးတစ္ႏွစ္၊ ကြၽန္ေတာ့္ကြၽမ္းက်င္မႈတိုးတက္လာၿပီး ဖိနပ္ေတြပို လုပ္လာတယ္ ” လို႔ Ngoc ေျပာခဲ့ပါတယ္ ။
ထိုနည္းအတိုင္း ႏွစ္ႏွစ္ခန႔္ေလ့က်င့္ၿပီးေနာက္ သူက သူရဲ႕ေဖာက္သည္အခ်ိဳ႕ကို ျပသခဲ့ၿပီး ကံေကာင္းစြာနဲ႔ပဲ သူ႔ေဖာက္သည္ေတြက သူ႔လက္ရာေတြကို တကယ္ႀကိဳက္ႏွစ္သက္တာေတြ႕ခဲ့ရၿပီး မၾကာခင္မွာ ေန႔တိုင္းေအာ္ဒါေတြပိုမ်ားလာခဲ့ပါတယ္ ။
သူ႔ရဲ႕နာမည္ဂုဏ္သတင္းနဲ႔ စီးပြားေရးက တျဖည္းျဖည္းႀကီးထြားလာၿပီး အခ်ိန္တန္ေသာ္ သူ႔ရဲ႕ အမွတ္တံဆိပ္က ကေမာၻဒီးယားတစ္ခြင္မွာ ေက်ာ္ၾကားလာခဲ့ပါတယ္ ။ “ ျပင္သစ္စီးပြားေရးသမားေတြ၊ ပါေမာကၡေတြ၊ ဆရာဝန္ေတြကအစ ေအာ္ဒါတင္တယ္ ။ ျပင္သစ္သံအမတ္ေတာင္ ကြၽန္ေတာ့္ဆိုင္မွာ ဖိနပ္ခ်ဳပ္ဖို႔ လာခဲ့တယ္ ” လို႔ Ngoc က ဆိုပါတယ္ ။
ဥေရာပဖိနပ္မ်ားသာစီးတဲ့ ဘုရင္တစ္ပါးျဖစ္တဲ့ Norodom Sihanouk က Ngoc ရဲ႕ ဖိနပ္စြမ္းရည္ကိုၾကား သိၿပီး သူ႔အတြက္ တစ္စုံျပဳလုပ္ရန္ နန္းေတာ္သို႔ ဖိတ္ေခၚခံခဲ့ရပါတယ္ ။ ထိုအခ်ိန္မွာ သူ႔ရဲ႕ အသက္ေမြးဝမ္းေက်ာင္းက အျမင့္ဆုံးသို႔ ေရာက္လာခဲ့ပါတယ္ ။
အဲ့ဒီအခ်ိန္ကစၿပီး သူတို႔ရဲ႕ အသက္ေမြးဝမ္းေက်ာင္းက အဆင္ေျပလာၿပီး တစ္ေန႔ကို ဖိနပ္ အရံ ၂၀၀၊ ၃၀၀အထိ ထုတ္လုပ္လာႏိုင္ခဲ့ပါတယ္ ။ ဖိနပ္ခ်ဳပ္လုပ္ငန္းမွ ေအာင္ျမင္ရန္၊ သင္ျမင္လိုတဲ့အရာကို အေကာင္အထည္ေဖာ္ရန္ စိတ္အားထက္သန္မႈ၊ တီထြင္ဖန္တီးႏိုင္စြမ္း၊ ေခတ္မီအႏုပညာမ်က္လုံးမ်ားနဲ႔ ေ႐ႊလက္မ်ားလိုအပ္တယ္လို႔ သူက ထပ္မံေျပာခဲ့ပါတယ္ ။
credit