ၾကားသိရသမွ်

ကျောင်းဖွင့်ပြီး တလနီးပါး ကြာတဲ့အထိ တိုင်ပတ်နေဆဲဖြစ်တဲ့ စကစကျောင်းတွေနဲ့ ပုံနှိပ်စာအုပ် ဂယက်

ကျောင်းဖွင့်ပြီး တလနီးပါး ကြာတဲ့အထိ တိုင်ပတ်နေဆဲဖြစ်တဲ့ စကစကျောင်းတွေနဲ့ ပုံနှိပ်စာအုပ် ဂယက်

စကစက တည်ငြိမ်အေးဆေးနေပါပြီ ဆိုတဲ့အကြောင်း လိမ်လည် ဝါဒဖြန့်ဖို့ ဖွင့်လှစ်ခဲ့တဲ့ ကျောင်းတွေမှာ ကျောင်းဖွင့်ချိန် တလနီးပါး ရှိလာပေမယ့် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။

မူလတန်းတွေမှာ ကျောင်းတက်ရောက်သူ နည်းပါးခြင်း၊ သင်ကြားပေမယ့် ဆရာ၊ ဆရာမ မရှိခြင်းတို့ကြောင့် တတန်းထဲမှာပဲ ကျောင်းချိန်ကုန်တဲ့အထိ စုပြုံထိုင်ခိုင်းနေရတယ်လို့ ကြားသိရပါတယ်။

သင်ကြားမှုလည်း သေသေချာချာ မလုပ်နိုင်တာကြောင့် မိဘတွေက ဆရာမတွေကို ကလေးထိန်းခိုင်းထားသလို ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဆရာမတဦးက ပြောပါတယ်။

ပုံနှိပ်စာအုပ်နဲ့ ဗလာစာအုပ်တွေကလည်း ကျောင်းတက်တဲ့ ကျောင်းသားဦးရေနဲ့ ညီတူညီမျှ မပေးနိုင်သေးဘဲ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ သိရပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ဧရာတီတိုင်းက ကျောင်းဆရာ တဦးရဲ့ ရင်ဖွင့်သံကို ဖော်ပြ လိုက်ပါတယ်-

သင်ရိုးညွှန်းတမ်း မာတိကာတွေလည်း ဘယ်တော့ထုတ်ပေးမလဲ၊ ဗလာစာအုပ်တွေလဲ ဘယ်တော့ ရမလဲ။G1 ကနေ G5 အထိ ၅၃ယောက် ရှိတာ ဗလာစာအုပ် ၁၄ ဒါဇင်ဘဲ ရသေးတယ်။ ပုံနှိပ်စာအုပ်တွေကလည်း ဟိုဘာသာ မရသေး၊ ဒီဘာသာ မရသေး၊ G5 ဆရာလမ်းညွှန်တွေကလည်း စာအုပ်ဆိုင်တွေမှာသာ ရှိတာ ကျောင်းတွေကို မရောက်သေး၊ ကျောင်းတွေကို အရင်ပို့ရမယ့် စာအုပ်တွေက စာအုပ်ဆိုင်တွေ ရောက်နေတာ ဘယ်သူတွေ လက်ချက်လဲ၊ စီမံခန့်ခွဲမှူကောင်း

ကျောင်းအပ်တဲ့ ကျောင်းသာတိုင်း အခမဲ့ ရမယ်ဆိုတဲ့ ဗလာစာအုပ်နဲ့ ပုံနှိပ်စာအုပ်တွေကို ကျောင်းလာတက်တဲ့ သူတိုင်းကို လက်ရှိအချိန်ထိ မပေးနိုင်သေးပေမယ့်လည်း ပိုက်ဆံနဲ့ ဝယ်ရတဲ့အပြင်ဆိုင်တွေမှာတော့ လိုသလောက် ဝယ်လို့ ရနေတာကို ထူးဆန်းအံ့ဩစွာ တွေ့ရှိရပါတယ်။

စကစလက်အောက်ခံ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ဘဲ ချေးငွေ လစာ (၂) လစာ ပြန်ရဖို့ ဆရာ၊ ဆရာမတွေဆီက အတင်းအကျပ် ပြန်တောင်းရေးကို အဓိက ထားနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဆရာ၊ ဆရာမတွေအနေနဲ့ စကစ လက်အောက်ခံ ပညာရေး ဝန်ကြီးဌာနက မကြာခဏ ကောက်ခိုင်းတဲ့ အဓိပ္ပာယ် မရှိတဲ့ စာရင်းအင်းတွေကို ကောက်ယူ ပြုစုနေရတာကြောင့် သင်ကြားရေးပိုင်းကို အာရုံမစိုက်နိုင်ကြဘူးလို့ သိရပါတယ်။ ဒီလို အိုးနင်း ခွက်နင်း ဖြစ်နေတဲ့ စကစကျောင်းတွေအနေနဲ့ ကလေးတွေကို ရေရှည်မှာ ပညာတတ်ကြီးတွေ ဖြစ်သွားအောင် ဘယ်လို ပြုစုပျိုးထောင် သင်ကြားပေးမလဲဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။


crd

ေက်ာင္းဖြင့္ၿပီး တလနီးပါး ၾကာတဲ့အထိ တိုင္ပတ္ေနဆဲျဖစ္တဲ့ စကစေက်ာင္းေတြနဲ႔ ပုံႏွိပ္စာအုပ္ ဂယက္

စကစက တည္ၿငိမ္ေအးေဆးေနပါၿပီ ဆိုတဲ့အေၾကာင္း လိမ္လည္ ဝါဒျဖန႔္ဖို႔ ဖြင့္လွစ္ခဲ့တဲ့ ေက်ာင္းေတြမွာ ေက်ာင္းဖြင့္ခ်ိန္ တလနီးပါး ရွိလာေပမယ့္ အဆင္မေျပမႈေတြနဲ႔ ၾကဳံေတြ႕ ေနရတယ္လို႔ သိရပါတယ္။

မူလတန္းေတြမွာ ေက်ာင္းတက္ေရာက္သူ နည္းပါးျခင္း၊ သင္ၾကားေပမယ့္ ဆရာ၊ ဆရာမ မရွိျခင္းတို႔ေၾကာင့္ တတန္းထဲမွာပဲ ေက်ာင္းခ်ိန္ကုန္တဲ့အထိ စုျပဳံထိုင္ခိုင္းေနရတယ္လို႔ ၾကားသိရပါတယ္။

သင္ၾကားမႈလည္း ေသေသခ်ာခ်ာ မလုပ္နိုင္တာေၾကာင့္ မိဘေတြက ဆရာမေတြကို ကေလးထိန္းခိုင္းထားသလို ျဖစ္ေနတယ္လို႔ အမည္မေဖာ္လိုတဲ့ ဆရာမတဦးက ေျပာပါတယ္။

ပုံႏွိပ္စာအုပ္နဲ႔ ဗလာစာအုပ္ေတြကလည္း ေက်ာင္းတက္တဲ့ ေက်ာင္းသားဦးေရနဲ႔ ညီတူညီမၽွ မေပးနိုင္ေသးဘဲ လိုအပ္ခ်က္ေတြ ရွိေနေသးတယ္လို႔ သိရပါတယ္။ အဆိုပါ ကိစၥနဲ႔ ပတ္သက္ၿပီး ဧရာတီတိုင္းက ေက်ာင္းဆရာ တဦးရဲ့ ရင္ဖြင့္သံကို ေဖာ္ၿပ လိုက္ပါတယ္-

သင္ရိုးညႊန္းတမ္း မာတိကာေတြလည္း ဘယ္ေတာ့ထုတ္ေပးမလဲ၊ ဗလာစာအုပ္ေတြလဲ ဘယ္ေတာ့ ရမလဲ။G1 ကေန G5 အထိ ၅၃ေယာက္ ရွိတာ ဗလာစာအုပ္ ၁၄ ဒါဇင္ဘဲ ရေသးတယ္။ ပုံႏွိပ္စာအုပ္ေတြကလည္း ဟိုဘာသာ မရေသး၊ ဒီဘာသာ မရေသး၊ G5 ဆရာလမ္းညႊန္ေတြကလည္း စာအုပ္ဆိုင္ေတြမွာသာ ရွိတာ ေက်ာင္းေတြကို မေရာက္ေသး၊ ေက်ာင္းေတြကို အရင္ပို႔ရမယ့္ စာအုပ္ေတြက စာအုပ္ဆိုင္ေတြ ေရာက္ေနတာ ဘယ္သူေတြ လက္ခ်က္လဲ၊ စီမံခန္႔ခြဲမႉေကာင္း

ေက်ာင္းအပ္တဲ့ ေက်ာင္းသာတိုင္း အခမဲ့ ရမယ္ဆိုတဲ့ ဗလာစာအုပ္နဲ႔ ပုံႏွိပ္စာအုပ္ေတြကို ေက်ာင္းလာတက္တဲ့ သူတိုင္းကို လက္ရွိအခ်ိန္ထိ မေပးနိုင္ေသးေပမယ့္လည္း ပိုက္ဆံနဲ႔ ဝယ္ရတဲ့အျပင္ဆိုင္ေတြမွာေတာ့ လိုသေလာက္ ဝယ္လို႔ ရေနတာကို ထူးဆန္းအံ့ဩစြာ ေတြ႕ရွိရပါတယ္။

စကစလက္ေအာက္ခံ ပညာေရးဝန္ႀကီးဌာနအေနနဲ႔လည္း လိုအပ္ခ်က္မ်ားကို မျဖည့္ဆည္းေပးနိုင္ဘဲ ေခ်းေငြ လစာ (၂) လစာ ျပန္ရဖို႔ ဆရာ၊ ဆရာမေတြဆီက အတင္းအက်ပ္ ျပန္ေတာင္းေရးကို အဓိက ထားေနတယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ ဆရာ၊ ဆရာမေတြအေနနဲ႔ စကစ လက္ေအာက္ခံ ပညာေရး ဝန္ႀကီးဌာနက မၾကာခဏ ေကာက္ခိုင္းတဲ့ အဓိပၸာယ္ မရွိတဲ့ စာရင္းအင္းေတြကို ေကာက္ယူ ျပဳစုေနရတာေၾကာင့္ သင္ၾကားေရးပိုင္းကို အာ႐ုံမစိုက္နိုင္ၾကဘူးလို႔ သိရပါတယ္။ ဒီလို အိုးနင္း ခြက္နင္း ျဖစ္ေနတဲ့ စကစေက်ာင္းေတြအေနနဲ႔ ကေလးေတြကို ေရရွည္မွာ ပညာတတ္ႀကီးေတြ ျဖစ္သြားေအာင္ ဘယ္လို ျပဳစုပ်ိဳးေထာင္ သင္ၾကားေပးမလဲဆိုတာကိုေတာ့ ဆက္လက္ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။
crd