ဥပမာ တစ်ယူနစ်ကို ၅၀ကျပ်ဆိုရင်အဲ့၅၀ဖိုးပဲသုံးချင်တယ် အိမ်ကမီးချောင်းဘယ်နှစ်နာရီ ဖွင့်ခံမလဲ ဆိုတာမျိုးပေါ့မီတာမှာ တစ်ယူနစ်တက်အောင်ဒီပစ္စည်းလေးကို ဘယ်လောက်ကြာကြာသုံးရင် တက်လဲ သုံးရမလဲ
ပေးလိုက်ရတဲ့မီတာခ ဟုတ်မှဟုတ်ရဲ့လားTVလေးတစ်နေ့မှှတစ်နာရီလောက်ကြည့့်တာ ငွေအားဖြင့်ဘယ်လောက်ကုန်သွားလဲစက်ပြင်ဆရာတွေ တစ်နေကုန် ခဲဂေါက်ထိုးထားတယ် unit ဘယ်လောကတက်သွားမလဲ
တစ်ချို့ ဆိုင်ခန်းငှါးတဲ့ အဒေါ်ကြီးတွေကစက်ပြင်ဆိုင်ဆို မီတာခ အရမ်းကျတယ်ထင်နေတာ ဘယ်လိုပြန်ပြောပြရပါ.မလဲစတာတွေကို လူအများရှင်းအောင်နည်းပညာပိုင်းကို သိပ်အလေးမပေးဘဲပြောကြည့်ချင်ပါတယ်
မီးပူကို တစ်နာရီ ဆက်တိုက် တိုက်ရင်မီတာမှာ တစ်ယူနစ် 1 unit တက်မယ်
(အော်တိုပိတ်ပိတ်သွားချိန်မပါ)ဘာဖြစ်လို့လဲဆိုတော့ မီးပူဟာWatt 1000 ရှိလို့
Watt 1000 ရှိတဲ့ပစ္စည်းကို တစ်နာရီကြာအောင်သုံးရင်တစ်ယူနစ် တက်တယ်အဲ့ဒါက ဖော်မြူလာပဲ 1000 watt × တစ္နာရီ = 1 unitတစ္နာရီကိုunit ဘယ်လောက်တယ်တယ် သိရင်နှစ်နာရီသုံးတယ်ဆို ၂ နဲ့မြောက်ပေါ့
သုံးနာရီသုံးတယ်ဆို ၃ နဲ့မြောက်ပေါ.အလွယ်လေး မခက်သေးဘူးနော်ဒါဆို ကိုယ်မီးပူတိုက်နေတာ ဘယ်နှစ်နာရီဆိုဘယ်နှစ်ယူနစ်တက်မလဲ သိပြီပေါ့ဟုတ်ပြီ ကျွန်တော် ကျွန်မ ခုသုံးနေတဲ့ပစ္စည်းက watt 1000 မှ မဟုတ်တာဗျာ
အိမ်မှာ လေးပေ မီးချောင်း တစ်ချောင်းထွန်းထားတယ် အဲ့လေးပေ မီးချောင်းကWatt 40 ပဲ ရှိတာဘယ်နှစ်နာရီ ထွန်းထားရင်တစ်ယူနစ်တက်မလဲ ပိုက်ဆံဘယ်လောက်ကုန်မလဲဟုတ်ပြီ ကျွန်တော်တို့ သိချင်တာ၃ မျိုး ရှိတယ်
မီတာမှာ unit ဘယ်လောက် တက်သွားလဲအချိန်တစ်ခုအားဖြင့် ထွန်းထားတယ်ငွေဘယ်လောက် ကုန်သွားပြီလဲတစ်ယူနစ် မီတာမှာ တက်အောင်ဘယ်လောက်ကြာကြာ သုံးရမလဲစတဲ့ အချိန်ရယ် ငွေရယ် ယူနစ်တက်သွားတာရယ်
အဲ့မှာ ငွေကုန်ကြေးကျ တွက်တာကမီတာယူနစ်တက်သလောက် ငွေကုန်တာမို့မီတာယူနစ်ဘယ်လောက်တက်သလဲဆိုတာကိုပဲ အရင်တွက်ရမယ် ပြီးမှ တစ်ယူနစ်မီတာခနဲ့ မြောက်ပေါ့ဟုတ်ပြီ ပြောနေတာတွေ ရှုပ်တယ်အလွယ်ပဲပြောမယ်ဗျာ
ကိုယ်သုံးမယ့်ပစ္စည်းရဲ့ Watt ကို1000 နဲ့စားရင် တက်သွားမယ့် ယူနစ်ရမယ်(တစ်နာရီသုံးရင် အဲ့လောက်တက်မယ်လို့ဆိုလိုတာ) အဲ့ Watt ကို 1000 နဲ့ စားတာကိုပြောင်းပြန် ပြန်တွက်လိုက်1000 ကို Watt နဲ့ပြန်စားလိုက်လို့ပြောတာအာ့ဆို unit မရတော့ဘူးမီတာမှာ တစ်ယူနစ်တက်အောင်ဘယ်လောက်ကြာကြာ သုံးလို့ရမလဲ ဆိုတဲ့အချိန်ကို ရတယ်ဗျာ
အဲ့တော့ ဒီလို မှတ်1000 (နဲ့) စားရင် ယူနစ် ရတယ်✌ ✌1000 (ကို) စားရင် အချိန် ရတယ်✌ ✌ဥပမာ အပေါ်က ၄ ပေမီးချောင်း Watt 40အဲ့ Watt 40 ကို 1000 (နဲ့) စား40÷1000 = 0.04 unit ရတယ်
အဲဒါဟာ ၄ ပေမီးချောင်းကို တစ်နာရီထွန်းရင်မီတာမှာ တက်မယ့်ယူနစ် 0.04 ရတယ်unit ရပြီဆို ပိုက်ဆံသိချင်ရင်တစ်ယူနစ်ကို၅၀ ဆို 0.04 × ၅၀ ပေါ.
တစ်ယူနစ်ကို ၇၀ဆို 0.04 × ၇၀ ပေါ.မြောက်ကြည့်ကြပေါ့
နောက်တစ်နည်းက အပေါ်ကတွက်နည်းကိုပြောင်းပြန်လှန်1000 (ကို) Watt 40 နဲ့စား
1000 ÷ 40 = 25 နာရီ ရတယ်အဲ.ဒါက ၄ ပေမီးချောင်းကို၂၅ နာရီကြာအောင်ထွန်းမှ မီတာမှာတစ်ယူနစ်ပဲ တက်မယ်လို့ ဆိုလိုတာပဲဥပမာ ဘုရားစင်မှာထွန်းလေ့ရှိတဲ့5 Watt မီးသီး အစိမ်းလေးကိုထွန်းမယ်ဆိုရင်1000 ÷ 5 = နာရီ ၂၀၀ လောက်ကြာအောင်ထွန်းထားမှ မီတာမှာ တစ်ယူနစ်ပဲတက်မှာပါ
အဲတော့1000 နဲ့စားတော့ ယူနစ်ပြပြောင်းပြန်လှန်တော့ အချိန်ရဒါလေး နဲ့တင် အများပြည်သူ သိရတွက်ရအဆင်ပြေလှအင်း နည်းနည်း အဆင့်မြှင့်ကြည့်မယ်ဗျာနာရီဝက်ပဲ မီးချောင်းထွန်းရင်ကောဗျာ၁၅ မီးနစ်ပဲ သုံးမယ်ဆိုရင်ကောဗျာအာ.ဆို နည်းနည်းလေးတော့ ရှုပ်ပြီဗျ
Watt ကို 1000 နဲ့စားလို့ ရတာကိုနာရီဝက်ပဲ သုံးရင် 1/2 နဲ့ ထပ်မြောက်ဗျဘာလို့ဆို နာရီဝက်က တစ်နာရီရဲ့ နှစ်ပုံပုံရင်တစ်ပုံဖြစ်နေလို့၁၅မီးနစ်ပဲ သုံးတယ်ဆိုပြီး ၁၅နဲ့သွားမြေက်လို့မရဘူးဗျ ၁၅မီးနစ်သည် တစ်နာရီရဲ့လေးပုံတစ်ပုံဖြစ်လို့ 1/4 နဲ့ထပ်မြောက်ဗျ
အသုံးပြုချိန်က နာရီနဲ့ပဲ တွက်ရလို့ဗျမီးနစ်နဲ့တွက်ရင် killowatt hour ဆိုတဲ့ unit မရတော့လို့ပါkillowatt ဆိုတာကလည်း အခြားမဟုတ်ဘူးဗျ ကိုယ်သုံးတဲ့ပစ္စည်းရဲ့ watt ကို1000 နဲ့စားလိုက်တဲ့ဖြစ်စဉ်ကို ပြောတာဗျ
မူရင်းတန်ဖိုးက wattအာ.ဒါကို1000 နဲ့စားလိုက်တော့ killowatt ဖြစ်လာတာပေါ.သဘောက resistor တန်ဖိုး ထောင်ကျော် တဲ့အခါ 1200အုမ်းလို့ ဘယ်မှာခေါ်လို့လဲ1.2 K လို့ပဲ ခေါ်ကြတာ အဲ့ဒါလည်း1000 နဲ့ စားလိုက်တာပဲလေကီလိုဖွဲ့လိုက်တယ်ဆိုပါစို့ဗျာ
Credit