ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်နဲ့ ဘဝ ဆုံးသွားရရှာတဲ့ သူဋ္ဌေးသမီးလေး ချယ်ရီရဲ့ဖြစ်ရပ်မှန် ဇါတ်ကြောင်း
ချယ်ရီကဂိုးဒင်းရီထရိုက်ဗာအမျိုးအစားခွေးမလေးတစ်ကောင်ပါ။
ချယ်ရီ့သခင်က ကျောက်ဆည်မြို့အဝင်က လှပကျယ်ဝန်းတဲ့guest houseတစ်ခုရဲ့ပိုင်ရှင်။
ချယ်ရီဟာ အဲ့ဒီလှပကျယ်ဝန်းတဲ့ဧကနဲ့ချီကျယ်ပြီး သစ်ပင်ပန်းမာန်မီးပန်းလှလှလေးတွေထွန်းထားတဲ့guest house မှာနေပါတယ်။
ချယ်ရီ့ကိုအရမ်းအထင်ကြီးသွားကြပြီလား။
တကယ့်အဖြစ်က ချယ်ရီဟာ ငတ်နေတဲ့ခွေးမလေးပါ။

သခင်က အဲ့ဒီ guest house အပြင်တခြားလုပ်ငန်းတွေလည်းရှိတော့ လာလိုက်ပြန်လိုက်။
သခင်ရဲ့မိန်းမကခွေးမချစ်ဘူး။
ဝန်ထမ်းတွေကလည်း တစ်ယောက်မှကျွေးဖို့ သတိမထားမိကြဘူး။
ပိုင်ရှင်ကလည်း သူလည်းမကျွေးဘူး။ ဘယ်သူကျွေးပါလို့တိတိကျကျတာဝန်ပေးထားခြင်းမရှိဘူး။
ချယ်ရီကစားကြွင်းစားကျန်တောင်စားခွင့်မရှိဘူး။
ဘာကြောင့်လဲဆိုတော့ သူတို့ guest house ရဲ့အမှိုက်သိမ်းစနစ်အရ စားကြွင်းစားကျန်ဟာ အလုံပိတ်အိတ်တွေကတဆင့်အရမ်းလုံတဲ့အမှိုက်ပုံးထဲကိုရောက်သွားတာ။
ချယ်ရီက ပိန်ခြုံးနေတယ်။ အမြဲဆာလောင်နေတယ်။
မတော်တဆဧည့်သည်ပြုတ်ကျတဲ့အရိုးတစ်စကို နှစ်ရက်တစ်ခါလောက်စားရတာလည်းရှိတယ်။
ချယ်ရီဟာ အုန်းသီးဆံလည်းစားတယ်။
အာလူးကြော်လည်းစားတယ်။
သိပ်ဆာရင် ဟင်းနံ့ရတဲ့တစ်ရှူးတွေလည်းစားတယ်။
ဟိုတယ်ဝန်းထဲမှာ ဝန်ထမ်းတွေဟာ အမြဲအလုပ်ရှုပ်နေတယ်။
ဟိုတယ်kitchen ကလည်း အရသာရှိတဲ့အစာတွေ မွှေးကြိုင်ချက်ပြုတ်နေတယ်။
ဒါပေမယ့် သူဌေးသမီးချယ်ရီ့ကိုကျွေးဖို့ ဘယ်သူမှတခုတ်တရသတိမရကြဘူး။
အဲလိုအချိန် ခွေးချစ်တတ်တဲ့မျက်မှန်နဲ့ခပ်ဝဝ ကောင်လေးတစ်ယောက် အဲ့ဒီမှာ ဝန်ထမ်းလာလုပ်တော့ ချယ်ရီနဲ့တွေ့ခဲ့ကြတယ်။
သူကတော့ ချယ်ရီ့ကို ကြင်နာပါတယ်။
ပေါင်မုန့်တို့ Kitchen ကနေသူယူစားခွင့်ရှိတဲ့ ကြက်ဥကြော်တို့ ချယ်ရီ့ကို နေ့စဉ်ကျွေးမွေးခဲ့တယ်။
အစားအစာဆိုတာ နေ့စဉ်ပုံမှန်စားရဖို့ သတ္တဝါတွေလိုအပ်ကြတယ်မဟုတ်လား။
ကောင်းသည်ဖြစ်စေ ညံ့သည်ဖြစ်စေ နေ့စဉ်ပုံမှန်တော့ကျွေးရမယ်လေ။
သတိရမှကျွေးမယ်။ အားမှကျွေးမယ်ဆိုတာမျိုးနဲ့ ချယ်ရီနေထိုင်လာခဲ့ရတာ။
ချယ်ရီ့ရဲ့ရွှေရောင်နေ့ရက်တွေဟာ ၃ လလောက်ပဲခံတယ်။
ချယ်ရီ့ကိုချစ်တဲ့ ဟိုတယ်မန်နေဂျာလေးအလုပ်ထွက်သွားလို့လေ😪😪😪
—နှစ်ခန့်ကြာသော်
အဲ့ဒီမန်နေဂျာလေးက စာရေးဆရာစစ်ငြိမ်းဖြစ်သွားတယ်။
ချယ်ရီလား
ချယ်ရီက သေသွားပါတယ်။
ရွှေကျောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်ဘဝနဲ့ ငတ်ပြီးသေသွားတဲ့သူဌေးသမီး ချယ်ရီရယ်ပါရှင်😪😪😪
True story ပါ။
တိတွေကို မချစ်ရင်မမွေးပါနဲ့။ မွေးပြီးရင် ကျွေးပါ။
သူဌေးခွေးမို့ စားရတယ်မထင်နဲ့။
ဟိုလူကျွေးမလို ဒီလိုကျွေးမလိုနဲ့ မစားရပဲ
သေသွားတဲ့ခွေးတွေတပုံကြီးပဲ။
လက်တွေ့မှာ တကယ်ကို တွေ့နေမြင်နေရတာ။
ဝဲစွဲလဲ မကု။ နေမကောင်းလည်း မကု။
ခွေးအသစ်တွေသာ ထပ်ဝယ်။ ခွေးအ
ဟောင်းတွေရော ခွေးအသစ်တွေရော
ဝဋ်ကြွေးတွေ။
တလှည့်စီပေါ့။ ကံကိုသတိရပါ။ ဆင်ခြင်ပါ။
ကိုယ်လုပ်သလို တနေ့ကိုယ်ပြန်ခံရမှာပဲ။ပြုသူအသစ် ခံသူအဟောင်းဆိုပေမယ့်လို့ ဒီလိုကြီးနဲ့ပဲ သံသရာလုံးချာလည်လိုက်နေကြရင် မခက်ပေဘူးလား။လူသားအားလုံး သတ္တဝါ အပေါင်းအပေါ် ကိုယ်ချင်းစာပီး စာနာသနားတတ်ကြပါစေ။
Credit to Nay Khaing Mon Kyaw



