


မှနမြာပှညမြှာ စဈတပကြ အာဏာသိမြးခဲ့တဲ့ ၂၀၂၁ ခုနှဈ ဖဖေောဝြါရီလကတညြးက ဘဏတြှကနေေ ငှသေား
ထုတမြပေးနိုငခြှငြး မရှိခဲ့တာဟာ ယခုဆိုရငြ တနှဈကွောလြာခဲ့ပှီ ဖှဈပါတယြ။
ဘဏျတှကေ ငှမေထုတျပေးနိုငျလလေေ လူတှလေကျထဲမှာ ငှစေက်ကူ အတုတှေ ပိုမိုပြံ့နှံ့ ရောကျရှိလလေေ ဖ
ှဈလိမ့မြယလြို့ ဘဏလြုပငြနြး ကွှမြးကငွသြူတှကေ သုံးသပထြားပါတယြ။
zawgyi
ပုသိမ်မှာ ပျံ့နှံ့နေတဲ့ တသောင်းတန် အတုတွေ ထုတ်တဲ့ ဂိုဏ်းကို ဖမ်းမိ၊ နောက်ထပ် ကွင်းဆက်များကို လိုက်လံ ရှာဖွေလျက်ရှိ…
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေကို အတုလုပ်ဖြန့်ဝေနေတဲ့ အဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်း
သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ လဆန်းပိုင်းရက်က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဆိုင်ကယ်ခိုးယူသူလို့ စွပ်စွဲခံရသူတွေကို စစ်ဆေးရာကန
ငွေစက္ကူအတု အရွက် ၁၆၀ ခန့်နဲ့ ငွေစက္ကူအတု ပြုလုပ်နေတဲ့ ပစ္စည်းတွေနဲ့အတူ လူငယ် ၂ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ပုသိမ်မြို့အတွင်းမှာ ငွေစက္ကူအတုတွေ ပျံ့နှံ့သုံးစွဲနေတာဟာ ဒီဇင်ဘာလဆန်းပိုင်း ကတည်းကဖြစ်ပြီး ငွေစက္ကူအတုနဲ့
ပစ္စည်းမှာယူငွေချေတာတွေ ရာခိုင်နှုန်းနဲ့ ငွေကြေးလဲလှယ်မှုတွေ ကနေတဆင့် ငွေစက္ကူအတု အသုံးပြုနေမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပုသိမ်မြို့က မီနီမတ် တခုမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က ကျပ် ၃ သိန်းဖိုးခန့် ပစ္စည်းတွေကို မှာယူပြီးနောက် Deli ပို့ခိုင်းကာ
လမ်းခုလပ်မှာ စောင့်ဆိုင်းရယူပြီး တစ်သောင်းကျပ်တန်အတုတွေနဲ့ ငွေပေးချေတာကို လုပ်ဆောင်ခဲ့တယ်လို့
တစ်သောင်းကျပ်အတုတွေကို လက်ခံရရှိခဲ့တဲ့ မီနီမတ်က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် မျှဝေထားပါတယ်။
ထို့အပြင် နောက်ဖြစ်ရပ်တခုအနေနဲ့ ပုသိမ်မြို့မှာပဲ ရာခိုင်နှုန်းရယူ ငွေထုတ်ပေးမယ်လို့ဆိုကာ ငွေတစ်သောင်းကျပ်တန်အတုတွေကို
ထုတ်ပေးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့သေးတယ်လို့ အမည်မဖော်လိုသူ လိမ်လည်ခံခဲ့ရသူ တစ်ဦးက ပြောပါတယ်။

ငွေတု ဖြစ်စဉ်များ တဖြည်းဖြည်း များလာကြောင်း၊ ရဲကလည်း ဘာမှ အရေးမယူနိုင်ကြောင်း၊ deli ပို့တာနဲ့ ရာခိုင်နှုန်း လဲတဲ့နေရာတွေမှာ
အတုတွေကို အများဆုံး ထည့်သုံးကြကြောင်း ပုသိမ်မြို့ခံတဦးက ပြောပါတယ်။
ယခုဖမ်းမိသူများကို ထပ်မံစစ်ဆေးနေပြီး ပိုက်ဆံအတု လုပ်နေကြတဲ့ တခြားဂိုဏ်းတွေလည်း ရှိနိုင်သေးကြောင်း သိရှိရပါတယ်။
မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဘဏ်တွေကနေ ငွေသား
ထုတ်မပေးနိုင်ခြင်း မရှိခဲ့တာဟာ ယခုဆိုရင် တနှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

ဘဏ်တွေက ငွေမထုတ်ပေးနိုင်လေလေ လူတွေလက်ထဲမှာ ငွေစက္ကူ အတုတွေ ပိုမိုပျံ့နှံ့ ရောက်ရှိလေလေ ဖ
ြစ်လိမ့်မယ်လို့ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။



