အစွဲအလမ်းကြီးသူ တဦးနဲ့ အိမ်အောက်ပစ်ချလိုက်တဲ့ ငါးပိရိုး
ဦးပုနဲ့ဒေါ်အုန်းမေတို့ဘဝက ကြမ်းလှတယ် တနေ့ တနေ့ ငါးရှာ ဖားရှာ အားတဲ့အချိန် သူများ တကာတွေခိုင်းရင် အဝတ်လျှော် ထင်းခွဲကအစ တောက်တိုမယ်ရ အကုန်လုပ်ကတယ် သားထောက်သမီးခံ ကလဲမရှိ လေတော့ အလုပ် ရရင် ရတဲ့အလုပ် သိမ်းကြုံးလုပ်တယ်။
နှစ်ယောက်လုံးအသက်တွေကလေးဆယ်ကို ဖြတ်ကျော်လာပီလေ သူတို့နေတာက ထန်းတပင်မြို့နယ်က ရွာတစ်ရွာ ရွာမှာက အိမ်တိုင်း အိမ်တိုင်း ခြေတံရှည် အိမ် တွေပဲဆောက်ကြတာအိမ်အောက်မှာက အိမ်တိုင်းလိုလိုဘဲမွေး ကြက်မွေး တနိုင်တပိုင်မွေးကြတာ ရွာဓလေ့ကိုး ဒေါ်အုန်းမေကလဲ ဘဲတွေမွေးထားသေးသပါ့ အိမ်အောက်ထဲမှာ အနေများတယ်
သူ့ဘဲတွေက နောက်ဖေးဘက်မှာခြံ ဆိုပေမယ့် ဒေါ်အုန်းမေက အိမ်အောက်ထဲကျတော့ သူတို့စားကျွင်းစားကျန်တွေကို ပစ်ပစ်ချတော့ဘဲတွေက လာလာထိုးတာ ဗွက်ကိုလည်လို့တော ဓလေ့ကိုး အဓိက ကတော့ သူပစ်ချတာ ငါးပိရိုး ငါးပိကို ကိုယ်တိုင်သိပ်တာ တစ်နှစ်ပတ်လည်စာ နေ့စဉ်ဒေါ်အုန်းမေကငါးပိကျိုတာနဲ့ အရိုးမှန်သမျှအောက်ပစ်ချလိုက်တာ သူအောက်ပစ်ချတဲ့ အရိုးတွေက ဗွက်တောထဲကိုရောက်ပီးအဲ့ဒိဗွက်တွေထဲကို ဘဲတွေက “ဗျက် ဗျက် ဗျက် ဗျက် ဗျက် ဗျက် ဗျက် ဗျက် ဗျက်”နဲ့ထိုးသံ ကြားနေရတာကို ဒေါ်အုန်းမေကကျေနပ်နေတာ
ဒေါ်အုန်းမေ သူ့မွေးထားတဲ့ဘဲတွေကို “သား” “သမီး”စသဖြင့် ခေါ်ခေါ်ပီးတော့ကို စကားပြော နေတာ ကြားရသူတိုင်း ပြုံးစိစိ တနေ့ မမျှော်လင့်တဲ့ ကံကြမ္မာ ကသူတို့ဆီရောက်လာတယ် “ဗျာ…….မအုန်းမေ မူးလဲလို့ ဟုတ်လား” ကိုင်းထောက်နေရင်းနဲ့ ဦးပုတစ်ယောက် ငါးမျှား တံတွေအကုန်ချထားခဲ့ပီး ရွာထိပ်က ဆေးခန်းကို အပြေးသွားလိုက်တယ် ဟိုရောက်တော့ “ကိုပုရေ တော်တို့ဝမ်းသာရပီ” “ဘယ်လို ဆရာမ ကျွန်တော်နားမလည်ဘူး”
“ကျွန်တော့် မိန်းမကော ဆရာမ ဘာဖြစ်တာလဲ သက်သာရဲ့လားဗျာ ရင်တွေ ပူလိုက်တာ” “အို တော် ဘာမှမဖြစ်ပါဘူးဆို တော့ မိန်းမမှာ ကိုယ်ဝန်ရှိနေတာ တော်ရေ့” “ဗျာ…” ဒီတခါ လန့်သွားတာက ဆရာမ “အို တော် ကိုပုနှယ် လန့်ထှာဟယ်” “ကန်တော့ ကန်တော့ ပါ ဆရာမရယ် ကျုပ် အံ့သြသွားလို့ပါ” “တော်က အံ့သြတာဟုတ်တယ် ကျုပ်လဲ လန့်ပီး သေသွားလို့ တော်တို့ကလေးကို မမွေးပေးလိုက် ရပဲနေဦးမယ် ဟားဟား” ရွာခံသားဖွားဆရာမနဲ့ကတော့ တစ်ရွာလုံးနဲ့ ရင်းနှီးပီးသား ရွာသူရွာသားတွေဖျားတယ်
နာတယ်ဆိုလဲ ဆရာမ က တာဝန်ယူနေကြ ကိုပု တို့ဆို သူတို့ လင်မယား နေမကောင်းဖြစ်ပီ ဆိုတာနဲ့ ဆရာမဆီသွားပီးသူတို့သောက်နေကြ ဆေးလုံးဆိုလား ဘာဆိုလား သွားယူနေကြပေါ့ ခုလို အသက်လေးဆယ်ကျော်မှ ကလေးရမယ် ဆိုတော့ကိုပုတစ်ယောက် ဝမ်းသာမဆုံးတပြုံးပြုံး “အုန်းမေ နေသာ ထိုင်သာရှိရဲ့လား” “ရပါတယ်တော် ကျုပ်ကို ဆရာမ ဆေးထိုးပေးပီး ပါပီ” “တော့်ဘာသာတော် တော့်အလုပ် တော်သွားလုပ်” “အေးပါကွာ မင်းကို အိမ်လိုက်ပို့ပေး ပါ့မယ်
ပီးမှ ငါ ကိုင်းထောက် ထားတဲ့ဆီပြန်သွားမယ် လာ လာ အဲ့တာဆို ပြန်စို့” “ဆရာမ ခွင့်ပြုပါဦး ပြန် လိုက်ဦးမယ်” “ကောင်းပါပီတော် မအုန်းမေ ကျွန်မသောက်ခိုင်း တဲ့ဆေးကို ပုံမှန်သောက်မယ်နော် သက်တောင့်သက်သာလဲနေ ဘဲခြံတွေထဲ အတင်းဝင်ပီး ကုန်းကုန်းကွကွတွေ လုပ်မနေနဲ့ဦး” “စိတ်ချပါ ဆရာမ ”
“စိတ်မချဘူးတော်ရေ တော့်အသက် က မငယ်တော့ဘူး” “ဟုတ်ကဲ့ ပါ ဆရာမရယ်” ကိုပုကလဲ”ဟုတ်တယ် မအုန်းမေ မင်းမပေါ့နဲ့ ဒီနေ့ကစပီးဘာအလုပ်မှမလုပ်နဲ့ အိမ်မှာထမင်းချက်ရုံကလွဲပီး ဘာမှမလုပ်နဲ့” ဒီလိုနဲ့ ကိုးလ လဲမြောက်ရော ကိုပုတို့အိမ်မှာ သားဖွားဆရာမလဲ ရောက် ကိုပု ကလည်း တက်သမျှ မှတ်သမျှ ဘုရားစာတွေရွတ်လို့ အိမ်ရှေ့မှာခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက် နေပီ အိမ်နီးနားချင်းတွေဖြစ်တဲ့ ဒေါ်မြနဲ့ ပူဆူးမ တို့ နှစ်ယောက်ကလဲ ဝိုင်းကူလုပ်ပေးဖို့အတွက်အိမ်ထဲမှာရှိနေလေရဲ့
“အားစိုက် ညှစ် မအုန်းမေ ဘာမှမကြောက်နဲ့ ကျွန်မရှိတယ်နော် ညှစ် ထား မအုန်းမေ ကလေးကထွက်တော့မယ် အားလုံးအဆင်ပြေ သွားလိမ့်မယ်” ဆရာမကသာ အားလုံးအဆင်ပြေသွားလိမ့်မယ် ဆိုပေမယ့် ဒေါ်အုန်းမေ တစ်ယောက် ကြောက် တာတော့ အမှန် သူများတွေပြောတဲ့ သွေး ပေါင်တယ် ဆိုလား ဘာလား သုံးရက်လောက်ဖြစ်နေတာ ဒီမနက်မှ ဗိုက်ကနာ ပီးမွေးချင်တာ အဲ့လိုဆိုတော့ ဒေါ်အုန်းမေ စိုးရိမ် တာလဲမမှား ဆရာမကတောင် လှည်းအဆင်သင့်ပြင်ခိုင်းပီးသား အခြေအနေ အရ မြို့ဆေးရုံကို လိုအပ်ရင် ပို့ရမယ်
ဒီလိုနဲ့ တမနက်လုံးနာလိုက်တဲ့ ဗိုက် မနက်ဆယ့် တစ်နာရီထိုးတော့ ဆရာမအသံထွက်လာတယ် “မွေးပီဟေ့ မွေးပီ မိန်းခလေး တော့ ” “ကျုပ် ပြောတာ ကြားလားတော့ ကိုပုရေ” “ကြား ကြားပါတယ် ဆရာမ ရေ့” “ကျုပ် ကျုပ် ဝမ်းသာ လွန်းလို့ပါ ဗျာ” “သမီလေး သမီးလေးတဲ့ကွ ဟေး” ကိုပုတစ်ယောက် အပျော်တွေနဲ့ပေါ့ “အော် ဆရာမ ရေ ကျွန်တော့်မိန်းမ ရော ကလေး ပါ ကျန်းမာရဲ့လားကလေးက အင်္ဂါ ကိုယ်လက် စုံရဲ့လား ဘယ်နှစ်ပေါင်ရှိလဲဆရာမ” “ဖြေးဖြေး ကိုပုရေ ဖြေးဖြေးလဲမေးပါတော် လူကြီးရော ကလေးပါ ကျန်းမာပါတယ်
ခုနစ်ပေါင်နဲ့ ရှစ်အောင်စ ကလေးလေး ကတော့ ချစ်စရာလေးပါ ဒါပေမယ့်………” “ဒါပေမယ့် ဘာဖြစ်လဲ ဘာဖြစ်လို့လဲ ဆရာမ….” “ရှူး ရှူး တိုးတိုး ပြောစမ်းပါရှင် မီးနေသည် ကြားသွားလို့သွေးတက်နေပါ့မယ်” အဲ့တော့မှ လေသံလေးနဲ့ ကိုပုကမေးရှာတယ် “ဘာ များဖြစ်လို့လဲ ဆရာမ ရယ် ပြောပါ ကျုပ်ရင်တွေပူ လှပီ”
“ကလေးရဲ့လက်ဖဝါးတွေမှာ နှစ်ဘက်စလုံး ဒဏ်ရာတွေနဲ့ ဆူးတွေနဲ့ ခြစ်မိထားသလိုလို ကွဲထားတဲ့ နေရာတွေ မှ အများကြီးပဲ” “ဘယ်လို ဖြစ်တာလဲဗျာ ကျွန်တော့သမီးလေး ခုမှ လူ့လောကထဲကို စရောက်တယ် ဒုက္ခ တွေ က ကပ်ပါလာပါလား ဟီးဟီး” “ကိုပု တော့် အသံကိုထိန်းထားပါတော် တော်ကြာ မီးနေသည် သိသွားမှ ဖြင့် နို့လန့်တာ တို့ ခေါင်းကိုက်တာတို့ သွေးတက်တာတို့ ဖြစ် နေမှဖြင့် တစ်ပူပေါ် တစ်ပူ ဆင့်နေမယ်
ခုလော လောဆယ်တော့ မအုန်းမေကို အသိ မပေးသေးနဲ့ဦး အနှီးကို လုံအောင် သာထုပ်ထား သူ့ကိုအနှီး မဖြေခိုင်းနဲ့ ဟုတ်ပီလား” “ဒါ ကံ ကံ၏ အကျိုးတွေပဲ ကိုပု ကိုယ့်စိတ်ကို ကိုယ်ဖြေထား ဒီလောက်လေးပဲမို့တော်သေးတယ် လို့သာအောက် မေ့ထားပါ ကိုပု ရယ်” “ကဲ မမြ တို့ကို ကျွန်မ တိုက်ရမယ့်ဆေးတွေ လုပ်ပေးရမယ့် ဟာတွေ မှာခဲ့တယ် ကျွန်မ ပြန်ဦးမယ်
လိုတာရှိရင် တခုခု ဆိုရင်ကျွန်မဆီ အချိန်မရွေးသာလာခဲ့ နော်” “ဟုတ် ဟုတ်ကဲ့ ပါ ဆရာမ ရယ် ကျေးဇူးလဲ တင်ပါတယ်” “ရတယ် ရတယ် သွားပီ”ဆိုပီး ဆရာမက ကိုယ့်အိတ် ကိုယ်လွယ်ပီးပြန်သွားတယ် သမီးလေးဖြူ သမီးလေးကို ဖြူ လို့ နာမည်ပေးလိုက်တယ် သမီးလေး က ထူးခြားတယ် ကလေးပီပီ အရမ်းဆော့တာတို့ ကဲတာတို့မရှိဘူးး တခါတလေ အိမ်ရှေ့ထွက်ပီးး အတက်အဆင်း မှာထိုင်ပီး အိမ်အောက်ထဲကိုကြည့်ကြည့်ပီး မျက်ရည်တွေကျလို့ မအေလုပ်သူက “သမီး သမီး ဘာဖြစ်တာလဲ “လို့မေးရင် မျက်ရည်တွေသုပ်ပစ်လိုက်ရော ခေါင်းပဲခါနေတယ်
ဘာမှမေးလို့မရ သမီးလေး မအေ ကလဲ သမီးလေး ရဲ့ လက်လေးတွေကြောင့်စာတောင်ရေးနိုင်ပါ့မလားရယ်လို့အမြဲပူပန်နေရတယ် တခါ တခါ အိမ် အောက်ကို ငုံ့ ငုံ့ကြည့်ပီး သမီးးလေးက ငို ငို နေတာ ဗိုက်တွေဘာတွေများအောင့်လို့များလားဆိုပီး လေဆေးလေးတိုက် လိမ်းဆေး လေးလိမ်းပေး လုပ်ပါတယ်
တဖြည်းဖြည်း သမီးလေးနှစ်နှစ်ခွဲလောက်ရောက် လာတော့ စကားစပြောပီ မပီကလာ ပီကလာနဲ့ အဖေ အမေ စခေါ်ပီ သမီးလေးလက်ကလေးတွေကတော့ ဒဏ်ရာ လေးတွေကနေ အမာရွတ်ကလေးတွေဖြစ်နေ ပေမယ့် သွားပွတ်တို့လို ရေခွက် တို့လို ပစ္စည်း လေးတွေကိုတော့ ဆုပ်ကိုင်နိုင်တယ် ဒီလိုနဲ့ လေးနှစ်ပြည့်တော့ သမီးလေးကို ရွာထဲကမူကြိုသင်တဲ့အိမ်မှာ မူကြိုသွားထားတယ် တော်သေးတယ် သမီးလေးက ခံတံကိုသေချာ ကိုင် နိုင်တယ် စာရေးနိုင်တယ် ဒေါ်အုန်းမေတို့ ဦးပုတို့ ကတော့ ဝမ်းသာနေကြတာပေါ့
ဒီလိုနဲ့တနေ့ သမီးလေးက အိမ်ရှေ့မှာကစားနေတုန်း “သမီးရေ ထမင်းစားမယ် လက်ဆေးပီးအိမ်ပေါ် တက်ခဲ့”ဦးပုကလှမ်းခေါ်လိုက်တယ် ဒေါ်အုန်းမေက “တော်ကလဲ ဒီမှာမပီးသေးဘူး တော့် သမီးက ငါးပိ ကျိုပီးသား အရိုးတွေ အောက်ချရင် စိတ်ကောက်တော်မူဦးမယ်” “အေး မအုန်းမေ ရေ အဲ့တာ ဘာဖြစ်လို့လဲ ဆိုတာငါလဲသိချင်နေတာ မေးကြည့်ဦးမှ” စကား ပြောတုန်း သမီးလေးအိမ်ပေါ်တက်လာတယ် ဖြစ်ချင်တော့ ဒေါ်အုန်းမေက ငါးပိကိုအရည်စစ်ပီး အရိုးတွေကို အောက်ပစ်ချတာ မြင်သွားပါလေရော
“အမေ ….အမေ့ …. အမေ့ကို အဲ့တာတွေ အောက်မပစ်ချပါနဲ့ဆို အမေက ထပ် ပစ်ချပြန်ပြီ ဟီး ဟီး ဟီး” “သမီးရယ် ငါးပိအရိုးတွေ အောက်ပစ်ချတာများ ငိုစရာလား အဲ့ ငါးပိရိုးတွေကို သမီးဘာလုပ် မလို့လဲ ဘာလုပ်ချင်လို့လဲ အဖေ့ ကိုပြောစမ်း” “ဘာမှလည်း မလုပ်ဘူး ဘာမှလည်း မလုပ်ချင်ဘူး အမေက ငါးပိရိုးတွေကို အဲ့လို ပစ်ချခဲ့လို့ တမီးလက်တွေ ဒီ လိုမျိးဖြစ်နေ တာပေါ့ ဟီးဟီးဟီး”
“ဘယ်လို ဘယ်လို သမီး အမေ့ကို သေချာ ပြောစမ်း အမေကဒီငါးပိရိုးတွေ ပစ်ချလို့ သမီးလက်တွေ ဒီလိုမျိး ဖြစ်နေရတာ ဟုတ်လား သမီး” ဒေါ်အုန်းမေ က အံ့သြနေတဲ့ ပုံစံနဲ့ “ဟုတ်တယ် အမေ တမီးတကယ် ပြောတာ ဟီးဟီး အိမ်အောက်ထဲမှာနေရတာ အရင်က ဟီး တမီးတစ်ယောက်တည်းမဟုတ်ဘူး အောက်မှာ အများကြီးရှိသေးတယ် ဟင့် ဟင့်” သမီးလေးကပြောလဲပြော ငိုလဲငို နဲ့ ရှိုက်တောင် နေတယ် ဦးပုက “နောက်ထပ် ဘယ်သူတွေရှိသေးလို့လဲ သမီးရဲ့ အဖေ တို့ကို ပြောပြ ပါဦး” “ရှိသေးတယ်
တမီးမသိတော့ဘူး အများကြီးပဲ ရှိသေးတယ် အိမ်ပေါ်ကနေ ထမင်းတွေ နဲ့ ငါးပိရိုးတွေ ပစ်ချရင် အတင်းလုပီး စားရတာ တမီးရဲ့လက်တွေကို ငါးပိရိုးတွေ ဆူးပီ းသွေးတွေလဲထွက်ပီး ဒီလို အနာတွေ ဖြစ်ကုန်တာ အရမ်းနာတာပဲ အဖေရယ် ဟီးဟီး” “အော် သမီးလေးရယ်” ဆိုပီးသူ့သမီးလေးကိုဖတ်ပီးဒေါ်အုန်းမေမှာ ငိုတော့တာပဲ “အဲ့တာ ငါ့ အပြစ်တွေ ငါ့အပြစ်တွေ ငါ့ကြောင့် ငါ့သမီးလေး ဒီလိုဖြစ်ရတာ ဟီးဟီး” “မအုန်းမေရယ် မင်းအပစ်လို့လဲ ပြောမရပါဘူး ဆရာမ ပြောသလို ကံ ကံ၏ အကျိုး ပါပဲ”
“တရားနဲ့သာဖြေ ပါကွာ ” “သမီးလေးကလဲ ငို ရင်း ငိုရင်း မောလို့ ရှိုက် တောင်နေပီ တိတ်တော့နော် သမီး နောက်ဆို အိမ်အောက်ထဲ ပစ်မချ တော့ဘူး” “မအုန်းမေ သမီးလေး ပြောသလိုဆို ငါတို့ အိမ်အောက်မှာ ဘာပဲပြောပြော မကျွတ် မလွတ်နိုင်သေးတဲ့ သူတွေရှိနေတာ တော့သေချာတယ် ရွာဦးကျောင်းဆရာတော် ကိုအကျိုးအကြောင်း လျှောက်ထားပီး လှူဖွယ်ပစ္စည်းလေးတွေနဲ့ အမျှဝေရအောင်ကွာ” “ကောင်းတာပေါ့ တော် အဲ့လို လုပ်ကြတာပေါ့” “တကယ်လား အမေ တကယ်ပြောတာနော်”
“တကယ်ပေါ့သမီးရဲ့ ဘာလဲ သမီးက ပျော်လို့လား သမီးက အမျှဝေတယ်ဆိုတာ သိလို့လား” “အမျှဝေရင် အိမ်အောက်က သူတွေ ထမင်းတွေအများကြီးစား ရမှာလား အမေ” “အင်း ထမင်းတွေလဲ အများကြီးစားရမယ် အင်္ကျီအသစ်တွေလဲ ဝတ်ရမယ် အိမ်အောက်မှာ မနေရတော့ဘူး အိမ်လှလှလေးလဲ ရမှာလေသ မီးရဲ့” “တကယ်လားအမေ တကယ်နော်….”
”ပျော်လိုက်တာ….” အဲ့လိုနဲ့ ဆရာတော်ကို အကျိုးအကြောင်း လျှောက်ထားပြီး ဆွမ်း သင်္ကန်းနဲ့ဆေး လှူဖွယ်ဝတ္တု အစုစုကို ရေစက်ချ အမျှ အတန်း ပေး ဝေ လိုက်ပါတော့တယ် ဦးပုနဲ့ ဒေါ်အုန်းမေတို့လဲ အကုသိုလ်ရဲ့အကျိုးဆက် တွေကို ကြောက်ပီးး ငါးရှာ ဖားရှာ မလုပ်တော့ပဲ အရင်က ဦးပုတို့ အမေပေးခဲ့တဲ့ ရွာထိပ်က ယာကွက်ကလေးပြန်ရှင်းပီး စားပင် သီးပင်တို့ကို စိုက်ပျိုးပီးပဲ စားသောက်နေထိုင်ကြတော့တယ် ဖြစ်ရပ်မှန်လေးပါလို့စ်
ရေးသားသူ -နှင်းနုဝေ
အစြဲအလမ္းႀကီးသူ တဦးနဲ႔ အိမ္ေအာက္ပစ္ခ်လိုက္တဲ့ ငါးပိရိုး
ဦးပုနဲ႔ေဒၚအုန္းေမတို႔ဘဝက ၾကမ္းလွတယ္ တေန႔ တေန႔ ငါးရွာ ဖားရွာ အားတဲ့အခ်ိန္ သူမ်ား တကာေတြခိုင္းရင္ အဝတ္ေလၽွာ္ ထင္းခြဲကအစ ေတာက္တိုမယ္ရ အကုန္လုပ္ကတယ္ သားေထာက္သမီးခံ ကလဲမရွိ ေလေတာ့ အလုပ္ ရရင္ ရတဲ့အလုပ္ သိမ္းၾကဳံးလုပ္တယ္။
ႏွစ္ေယာက္လုံးအသက္ေတြကေလးဆယ္ကို ျဖတ္ေက်ာ္လာပီေလ သူတို႔ေနတာက ထန္းတပင္ၿမိဳ႕နယ္က ရြာတစ္ရြာ ရြာမွာက အိမ္တိုင္း အိမ္တိုင္း ေျခတံရွည္ အိမ္ ေတြပဲေဆာက္ၾကတာအိမ္ေအာက္မွာက အိမ္တိုင္းလိုလိုဘဲေမြး ၾကက္ေမြး တနိုင္တပိုင္ေမြးၾကတာ ရြာဓေလ့ကိုး ေဒၚအုန္းေမကလဲ ဘဲေတြေမြးထားေသးသပါ့ အိမ္ေအာက္ထဲမွာ အေနမ်ားတယ္
သူ႔ဘဲေတြက ေနာက္ေဖးဘက္မွာၿခံ ဆိုေပမယ့္ ေဒၚအုန္းေမက အိမ္ေအာက္ထဲက်ေတာ့ သူတို႔စားကၽြင္းစားက်န္ေတြကို ပစ္ပစ္ခ်ေတာ့ဘဲေတြက လာလာထိုးတာ ဗြက္ကိုလည္လို႔ေတာ ဓေလ့ကိုး အဓိက ကေတာ့ သူပစ္ခ်တာ ငါးပိရိုး ငါးပိကို ကိုယ္တိုင္သိပ္တာ တစ္ႏွစ္ပတ္လည္စာ ေန႔စဥ္ေဒၚအုန္းေမကငါးပိက်ိဳတာနဲ႔ အရိုးမွန္သမၽွေအာက္ပစ္ခ်လိုက္တာ သူေအာက္ပစ္ခ်တဲ့ အရိုးေတြက ဗြက္ေတာထဲကိုေရာက္ပီးအဲ့ဒိဗြက္ေတြထဲကို ဘဲေတြက “ဗ်က္ ဗ်က္ ဗ်က္ ဗ်က္ ဗ်က္ ဗ်က္ ဗ်က္ ဗ်က္ ဗ်က္”နဲ႔ထိုးသံ ၾကားေနရတာကို ေဒၚအုန္းေမကေက်နပ္ေနတာ
ေဒၚအုန္းေမ သူ႔ေမြးထားတဲ့ဘဲေတြကို “သား” “သမီး”စသျဖင့္ ေခၚေခၚပီးေတာ့ကို စကားေျပာ ေနတာ ၾကားရသူတိုင္း ျပဳံးစိစိ တေန႔ မေမၽွာ္လင့္တဲ့ ကံၾကမၼာ ကသူတို႔ဆီေရာက္လာတယ္ “ဗ်ာ…….မအုန္းေမ မူးလဲလို႔ ဟုတ္လား” ကိုင္းေထာက္ေနရင္းနဲ႔ ဦးပုတစ္ေယာက္ ငါးမၽွား တံေတြအကုန္ခ်ထားခဲ့ပီး ရြာထိပ္က ေဆးခန္းကို အေျပးသြားလိုက္တယ္ ဟိုေရာက္ေတာ့ “ကိုပုေရ ေတာ္တို႔ဝမ္းသာရပီ” “ဘယ္လို ဆရာမ ကၽြန္ေတာ္နားမလည္ဘူး”
“ကၽြန္ေတာ့္ မိန္းမေကာ ဆရာမ ဘာျဖစ္တာလဲ သက္သာရဲ့လားဗ်ာ ရင္ေတြ ပူလိုက္တာ” “အို ေတာ္ ဘာမွမျဖစ္ပါဘူးဆို ေတာ့ မိန္းမမွာ ကိုယ္ဝန္ရွိေနတာ ေတာ္ေရ့” “ဗ်ာ…” ဒီတခါ လန႔္သြားတာက ဆရာမ “အို ေတာ္ ကိုပုႏွယ္ လန႔္ထွာဟယ္” “ကန္ေတာ့ ကန္ေတာ့ ပါ ဆရာမရယ္ က်ဳပ္ အံ့ၾသသြားလို႔ပါ” “ေတာ္က အံ့ၾသတာဟုတ္တယ္ က်ဳပ္လဲ လန႔္ပီး ေသသြားလို႔ ေတာ္တို႔ကေလးကို မေမြးေပးလိုက္ ရပဲေနဦးမယ္ ဟားဟား” ရြာခံသားဖြားဆရာမနဲ႔ကေတာ့ တစ္ရြာလုံးနဲ႔ ရင္းႏွီးပီးသား ရြာသူရြာသားေတြဖ်ားတယ္
နာတယ္ဆိုလဲ ဆရာမ က တာဝန္ယူေနၾက ကိုပု တို႔ဆို သူတို႔ လင္မယား ေနမေကာင္းျဖစ္ပီ ဆိုတာနဲ႔ ဆရာမဆီသြားပီးသူတို႔ေသာက္ေနၾက ေဆးလုံးဆိုလား ဘာဆိုလား သြားယူေနၾကေပါ့ ခုလို အသက္ေလးဆယ္ေက်ာ္မွ ကေလးရမယ္ ဆိုေတာ့ကိုပုတစ္ေယာက္ ဝမ္းသာမဆုံးတျပဳံးျပဳံး “အုန္းေမ ေနသာ ထိုင္သာရွိရဲ့လား” “ရပါတယ္ေတာ္ က်ဳပ္ကို ဆရာမ ေဆးထိုးေပးပီး ပါပီ” “ေတာ့္ဘာသာေတာ္ ေတာ့္အလုပ္ ေတာ္သြားလုပ္” “ေအးပါကြာ မင္းကို အိမ္လိုက္ပို႔ေပး ပါ့မယ္
ပီးမွ ငါ ကိုင္းေထာက္ ထားတဲ့ဆီျပန္သြားမယ္ လာ လာ အဲ့တာဆို ျပန္စို႔” “ဆရာမ ခြင့္ျပဳပါဦး ျပန္ လိုက္ဦးမယ္” “ေကာင္းပါပီေတာ္ မအုန္းေမ ကၽြန္မေသာက္ခိုင္း တဲ့ေဆးကို ပုံမွန္ေသာက္မယ္ေနာ္ သက္ေတာင့္သက္သာလဲေန ဘဲၿခံေတြထဲ အတင္းဝင္ပီး ကုန္းကုန္းကြကြေတြ လုပ္မေနနဲ႔ဦး” “စိတ္ခ်ပါ ဆရာမ ”
“စိတ္မခ်ဘူးေတာ္ေရ ေတာ့္အသက္ က မငယ္ေတာ့ဘူး” “ဟုတ္ကဲ့ ပါ ဆရာမရယ္” ကိုပုကလဲ”ဟုတ္တယ္ မအုန္းေမ မင္းမေပါ့နဲ႔ ဒီေန႔ကစပီးဘာအလုပ္မွမလုပ္နဲ႔ အိမ္မွာထမင္းခ်က္႐ုံကလြဲပီး ဘာမွမလုပ္နဲ႔” ဒီလိုနဲ႔ ကိုးလ လဲေျမာက္ေရာ ကိုပုတို႔အိမ္မွာ သားဖြားဆရာမလဲ ေရာက္ ကိုပု ကလည္း တက္သမၽွ မွတ္သမၽွ ဘုရားစာေတြရြတ္လို႔ အိမ္ေရွ႕မွာေခါက္တုံ႔ ေခါက္ျပန္ လမ္းေလၽွာက္ ေနပီ အိမ္နီးနားခ်င္းေတြျဖစ္တဲ့ ေဒၚျမနဲ႔ ပူဆူးမ တို႔ ႏွစ္ေယာက္ကလဲ ဝိုင္းကူလုပ္ေပးဖို႔အတြက္အိမ္ထဲမွာရွိေနေလရဲ့
“အားစိုက္ ညႇစ္ မအုန္းေမ ဘာမွမေၾကာက္နဲ႔ ကၽြန္မရွိတယ္ေနာ္ ညႇစ္ ထား မအုန္းေမ ကေလးကထြက္ေတာ့မယ္ အားလုံးအဆင္ေၿပ သြားလိမ့္မယ္” ဆရာမကသာ အားလုံးအဆင္ေျပသြားလိမ့္မယ္ ဆိုေပမယ့္ ေဒၚအုန္းေမ တစ္ေယာက္ ေၾကာက္ တာေတာ့ အမွန္ သူမ်ားေတြေျပာတဲ့ ေသြး ေပါင္တယ္ ဆိုလား ဘာလား သုံးရက္ေလာက္ျဖစ္ေနတာ ဒီမနက္မွ ဗိုက္ကနာ ပီးေမြးခ်င္တာ အဲ့လိုဆိုေတာ့ ေဒၚအုန္းေမ စိုးရိမ္ တာလဲမမွား ဆရာမကေတာင္ လွည္းအဆင္သင့္ျပင္ခိုင္းပီးသား အေျခအေန အရ ၿမိဳ႕ေဆး႐ုံကို လိုအပ္ရင္ ပို႔ရမယ္
ဒီလိုနဲ႔ တမနက္လုံးနာလိုက္တဲ့ ဗိုက္ မနက္ဆယ့္ တစ္နာရီထိုးေတာ့ ဆရာမအသံထြက္လာတယ္ “ေမြးပီေဟ့ ေမြးပီ မိန္းခေလး ေတာ့ ” “က်ဳပ္ ေျပာတာ ၾကားလားေတာ့ ကိုပုေရ” “ၾကား ၾကားပါတယ္ ဆရာမ ေရ့” “က်ဳပ္ က်ဳပ္ ဝမ္းသာ လြန္းလို႔ပါ ဗ်ာ” “သမီေလး သမီးေလးတဲ့ကြ ေဟး” ကိုပုတစ္ေယာက္ အေပ်ာ္ေတြနဲ႔ေပါ့ “ေအာ္ ဆရာမ ေရ ကၽြန္ေတာ့္မိန္းမ ေရာ ကေလး ပါ က်န္းမာရဲ့လားကေလးက အဂၤါ ကိုယ္လက္ စုံရဲ့လား ဘယ္ႏွစ္ေပါင္ရွိလဲဆရာမ” “ေျဖးေျဖး ကိုပုေရ ေျဖးေျဖးလဲေမးပါေတာ္ လူႀကီးေရာ ကေလးပါ က်န္းမာပါတယ္
ခုနစ္ေပါင္နဲ႔ ရွစ္ေအာင္စ ကေလးေလး ကေတာ့ ခ်စ္စရာေလးပါ ဒါေပမယ့္………” “ဒါေပမယ့္ ဘာျဖစ္လဲ ဘာျဖစ္လို႔လဲ ဆရာမ….” “ရႉး ရႉး တိုးတိုး ေျပာစမ္းပါရွင္ မီးေနသည္ ၾကားသြားလို႔ေသြးတက္ေနပါ့မယ္” အဲ့ေတာ့မွ ေလသံေလးနဲ႔ ကိုပုကေမးရွာတယ္ “ဘာ မ်ားျဖစ္လို႔လဲ ဆရာမ ရယ္ ေျပာပါ က်ဳပ္ရင္ေတြပူ လွပီ”
“ကေလးရဲ့လက္ဖဝါးေတြမွာ ႏွစ္ဘက္စလုံး ဒဏ္ရာေတြနဲ႔ ဆူးေတြနဲ႔ ျခစ္မိထားသလိုလို ကြဲထားတဲ့ ေနရာေတြ မွ အမ်ားႀကီးပဲ” “ဘယ္လို ျဖစ္တာလဲဗ်ာ ကၽြန္ေတာ့သမီးေလး ခုမွ လူ႔ေလာကထဲကို စေရာက္တယ္ ဒုကၡ ေတြ က ကပ္ပါလာပါလား ဟီးဟီး” “ကိုပု ေတာ့္ အသံကိုထိန္းထားပါေတာ္ ေတာ္ၾကာ မီးေနသည္ သိသြားမွ ျဖင့္ နို႔လန႔္တာ တို႔ ေခါင္းကိုက္တာတို႔ ေသြးတက္တာတို႔ ျဖစ္ ေနမွျဖင့္ တစ္ပူေပၚ တစ္ပူ ဆင့္ေနမယ္
ခုေလာ ေလာဆယ္ေတာ့ မအုန္းေမကို အသိ မေပးေသးနဲ႔ဦး အႏွီးကို လုံေအာင္ သာထုပ္ထား သူ႔ကိုအႏွီး မေျဖခိုင္းနဲ႔ ဟုတ္ပီလား” “ဒါ ကံ ကံ၏ အက်ိဳးေတြပဲ ကိုပု ကိုယ့္စိတ္ကို ကိုယ္ေျဖထား ဒီေလာက္ေလးပဲမို႔ေတာ္ေသးတယ္ လို႔သာေအာက္ ေမ့ထားပါ ကိုပု ရယ္” “ကဲ မၿမ တို႔ကို ကၽြန္မ တိုက္ရမယ့္ေဆးေတြ လုပ္ေပးရမယ့္ ဟာေတြ မွာခဲ့တယ္ ကၽြန္မ ျပန္ဦးမယ္
လိုတာရွိရင္ တခုခု ဆိုရင္ကၽြန္မဆီ အခ်ိန္မေရြးသာလာခဲ့ ေနာ္” “ဟုတ္ ဟုတ္ကဲ့ ပါ ဆရာမ ရယ္ ေက်းဇူးလဲ တင္ပါတယ္” “ရတယ္ ရတယ္ သြားပီ”ဆိုပီး ဆရာမက ကိုယ့္အိတ္ ကိုယ္လြယ္ပီးျပန္သြားတယ္ သမီးေလးျဖဴ သမီးေလးကို ျဖဴ လို႔ နာမည္ေပးလိုက္တယ္ သမီးေလး က ထူးျခားတယ္ ကေလးပီပီ အရမ္းေဆာ့တာတို႔ ကဲတာတို႔မရွိဘူးး တခါတေလ အိမ္ေရွ႕ထြက္ပီးး အတက္အဆင္း မွာထိုင္ပီး အိမ္ေအာက္ထဲကိုၾကည့္ၾကည့္ပီး မ်က္ရည္ေတြက်လို႔ မေအလုပ္သူက “သမီး သမီး ဘာျဖစ္တာလဲ “လို႔ေမးရင္ မ်က္ရည္ေတြသုပ္ပစ္လိုက္ေရာ ေခါင္းပဲခါေနတယ္
ဘာမွေမးလို႔မရ သမီးေလး မေအ ကလဲ သမီးေလး ရဲ့ လက္ေလးေတြေၾကာင့္စာေတာင္ေရးနိုင္ပါ့မလားရယ္လို႔အျမဲပူပန္ေနရတယ္ တခါ တခါ အိမ္ ေအာက္ကို ငုံ႔ ငုံ႔ၾကည့္ပီး သမီးးေလးက ငို ငို ေနတာ ဗိုက္ေတြဘာေတြမ်ားေအာင့္လို႔မ်ားလားဆိုပီး ေလေဆးေလးတိုက္ လိမ္းေဆး ေလးလိမ္းေပး လုပ္ပါတယ္
တျဖည္းျဖည္း သမီးေလးႏွစ္ႏွစ္ခြဲေလာက္ေရာက္ လာေတာ့ စကားစေျပာပီ မပီကလာ ပီကလာနဲ႔ အေဖ အေမ စေခၚပီ သမီးေလးလက္ကေလးေတြကေတာ့ ဒဏ္ရာ ေလးေတြကေန အမာရြတ္ကေလးေတြျဖစ္ေန ေပမယ့္ သြားပြတ္တို႔လို ေရခြက္ တို႔လို ပစၥည္း ေလးေတြကိုေတာ့ ဆုပ္ကိုင္နိုင္တယ္ ဒီလိုနဲ႔ ေလးႏွစ္ျပည့္ေတာ့ သမီးေလးကို ရြာထဲကမူႀကိဳသင္တဲ့အိမ္မွာ မူႀကိဳသြားထားတယ္ ေတာ္ေသးတယ္ သမီးေလးက ခံတံကိုေသခ်ာ ကိုင္ နိုင္တယ္ စာေရးနိုင္တယ္ ေဒၚအုန္းေမတို႔ ဦးပုတို႔ ကေတာ့ ဝမ္းသာေနၾကတာေပါ့
ဒီလိုနဲ႔တေန႔ သမီးေလးက အိမ္ေရွ႕မွာကစားေနတုန္း “သမီးေရ ထမင္းစားမယ္ လက္ေဆးပီးအိမ္ေပၚ တက္ခဲ့”ဦးပုကလွမ္းေခၚလိုက္တယ္ ေဒၚအုန္းေမက “ေတာ္ကလဲ ဒီမွာမပီးေသးဘူး ေတာ့္ သမီးက ငါးပိ က်ိဳပီးသား အရိုးေတြ ေအာက္ခ်ရင္ စိတ္ေကာက္ေတာ္မူဦးမယ္” “ေအး မအုန္းေမ ေရ အဲ့တာ ဘာျဖစ္လို႔လဲ ဆိုတာငါလဲသိခ်င္ေနတာ ေမးၾကည့္ဦးမွ” စကား ေျပာတုန္း သမီးေလးအိမ္ေပၚတက္လာတယ္ ျဖစ္ခ်င္ေတာ့ ေဒၚအုန္းေမက ငါးပိကိုအရည္စစ္ပီး အရိုးေတြကို ေအာက္ပစ္ခ်တာ ျမင္သြားပါေလေရာ
“အေမ ….အေမ့ …. အေမ့ကို အဲ့တာေတြ ေအာက္မပစ္ခ်ပါနဲ႔ဆို အေမက ထပ္ ပစ္ခ်ျပန္ၿပီ ဟီး ဟီး ဟီး” “သမီးရယ္ ငါးပိအရိုးေတြ ေအာက္ပစ္ခ်တာမ်ား ငိုစရာလား အဲ့ ငါးပိရိုးေတြကို သမီးဘာလုပ္ မလို႔လဲ ဘာလုပ္ခ်င္လို႔လဲ အေဖ့ ကိုေျပာစမ္း” “ဘာမွလည္း မလုပ္ဘူး ဘာမွလည္း မလုပ္ခ်င္ဘူး အေမက ငါးပိရိုးေတြကို အဲ့လို ပစ္ခ်ခဲ့လို႔ တမီးလက္ေတြ ဒီ လိုမ်ိးျဖစ္ေန တာေပါ့ ဟီးဟီးဟီး”
“ဘယ္လို ဘယ္လို သမီး အေမ့ကို ေသခ်ာ ေျပာစမ္း အေမကဒီငါးပိရိုးေတြ ပစ္ခ်လို႔ သမီးလက္ေတြ ဒီလိုမ်ိး ျဖစ္ေနရတာ ဟုတ္လား သမီး” ေဒၚအုန္းေမ က အံ့ၾသေနတဲ့ ပုံစံနဲ႔ “ဟုတ္တယ္ အေမ တမီးတကယ္ ေျပာတာ ဟီးဟီး အိမ္ေအာက္ထဲမွာေနရတာ အရင္က ဟီး တမီးတစ္ေယာက္တည္းမဟုတ္ဘူး ေအာက္မွာ အမ်ားႀကီးရွိေသးတယ္ ဟင့္ ဟင့္” သမီးေလးကေျပာလဲေျပာ ငိုလဲငို နဲ႔ ရွိုက္ေတာင္ ေနတယ္ ဦးပုက “ေနာက္ထပ္ ဘယ္သူေတြရွိေသးလို႔လဲ သမီးရဲ့ အေဖ တို႔ကို ေျပာၿပ ပါဦး” “ရွိေသးတယ္
တမီးမသိေတာ့ဘူး အမ်ားႀကီးပဲ ရွိေသးတယ္ အိမ္ေပၚကေန ထမင္းေတြ နဲ႔ ငါးပိရိုးေတြ ပစ္ခ်ရင္ အတင္းလုပီး စားရတာ တမီးရဲ့လက္ေတြကို ငါးပိရိုးေတြ ဆူးပီ းေသြးေတြလဲထြက္ပီး ဒီလို အနာေတြ ျဖစ္ကုန္တာ အရမ္းနာတာပဲ အေဖရယ္ ဟီးဟီး” “ေအာ္ သမီးေလးရယ္” ဆိုပီးသူ႔သမီးေလးကိုဖတ္ပီးေဒၚအုန္းေမမွာ ငိုေတာ့တာပဲ “အဲ့တာ ငါ့ အျပစ္ေတြ ငါ့အျပစ္ေတြ ငါ့ေၾကာင့္ ငါ့သမီးေလး ဒီလိုျဖစ္ရတာ ဟီးဟီး” “မအုန္းေမရယ္ မင္းအပစ္လို႔လဲ ေျပာမရပါဘူး ဆရာမ ေျပာသလို ကံ ကံ၏ အက်ိဳး ပါပဲ”
“တရားနဲ႔သာေၿဖ ပါကြာ ” “သမီးေလးကလဲ ငို ရင္း ငိုရင္း ေမာလို႔ ရွိုက္ ေတာင္ေနပီ တိတ္ေတာ့ေနာ္ သမီး ေနာက္ဆို အိမ္ေအာက္ထဲ ပစ္မခ် ေတာ့ဘူး” “မအုန္းေမ သမီးေလး ေျပာသလိုဆို ငါတို႔ အိမ္ေအာက္မွာ ဘာပဲေျပာေျပာ မကၽြတ္ မလြတ္နိုင္ေသးတဲ့ သူေတြရွိေနတာ ေတာ့ေသခ်ာတယ္ ရြာဦးေက်ာင္းဆရာေတာ္ ကိုအက်ိဳးအေၾကာင္း ေလၽွာက္ထားပီး လႉဖြယ္ပစၥည္းေလးေတြနဲ႔ အမၽွေဝရေအာင္ကြာ” “ေကာင္းတာေပါ့ ေတာ္ အဲ့လို လုပ္ၾကတာေပါ့” “တကယ္လား အေမ တကယ္ေျပာတာေနာ္”
“တကယ္ေပါ့သမီးရဲ့ ဘာလဲ သမီးက ေပ်ာ္လို႔လား သမီးက အမၽွေဝတယ္ဆိုတာ သိလို႔လား” “အမၽွေဝရင္ အိမ္ေအာက္က သူေတြ ထမင္းေတြအမ်ားႀကီးစား ရမွာလား အေမ” “အင္း ထမင္းေတြလဲ အမ်ားႀကီးစားရမယ္ အကၤ်ီအသစ္ေတြလဲ ဝတ္ရမယ္ အိမ္ေအာက္မွာ မေနရေတာ့ဘူး အိမ္လွလွေလးလဲ ရမွာေလသ မီးရဲ့” “တကယ္လားအေမ တကယ္ေနာ္….”
”ေပ်ာ္လိုက္တာ….” အဲ့လိုနဲ႔ ဆရာေတာ္ကို အက်ိဳးအေၾကာင္း ေလၽွာက္ထားၿပီး ဆြမ္း သကၤန္းနဲ႔ေဆး လႉဖြယ္ဝတၱဳ အစုစုကို ေရစက္ခ် အမၽွ အတန္း ေပး ေဝ လိုက္ပါေတာ့တယ္ ဦးပုနဲ႔ ေဒၚအုန္းေမတို႔လဲ အကုသိုလ္ရဲ့အက်ိဳးဆက္ ေတြကို ေၾကာက္ပီးး ငါးရွာ ဖားရွာ မလုပ္ေတာ့ပဲ အရင္က ဦးပုတို႔ အေမေပးခဲ့တဲ့ ရြာထိပ္က ယာကြက္ကေလးျပန္ရွင္းပီး စားပင္ သီးပင္တို႔ကို စိုက္ပ်ိဳးပီးပဲ စားေသာက္ေနထိုင္ၾကေတာ့တယ္ ျဖစ္ရပ္မွန္ေလးပါလို႔စ္
ေရးသားသူ -ႏွင္းႏုေဝ