ၾကားသိရသမွ်
မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတာ ၁ နှစ်ပြည့်သွားပြီဖြစ်တဲ့ ငြိမ်းချမ်းရေး တေးသံရှင် ကရင်တိုင်းရင်းသားကြီးစောဖိုးခွား
လူကြိုက်များလှတဲ့ ငြိမ်းချမ်းရေး သီချင်းတွေကို သီကြွေးတတ်တဲ့ တေးသံရှင်စောဖိုးခွား ဟာဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာကတည်းက အစောဦးဆုံးဖမ်းဆီးခံလိုက်ရတဲ့ အနုပညာရှင်ကြီး တစ်ယောက်ဖြစ်ပါတယ်။
စောဖိုးခွား ဟာ ကရင်တိုင်းရင်းသားအဆိုတော်တစ်ဦးဖြစ်ပြီး ဝါသနာပါတဲ့ အနုပညာေတွကို လုပ်ရင်းနဲ့သာ ကျေနပ် တဲ့သူဖြစ်ပါတယ်။ နာမည်ကြီးမှုကို အဓိကမထားတဲ့သူဖြစ်တာကြောင့် သူ့ကို လူတော်တော် များများ မသိကြပါဘူး။
စောဖိုးခွားဟာ ရက်ဂေးအဆိုတော်တစ်ဦး အနေနဲ့ ဂီတလောကထဲကို စတင်ဝင်ရောက်လာချိန် ကတည်း ကစလို့ အမှန်တရား အတွက် ၊ စစ်ရှောင်ပြည်သူတွေ အတွက် ၊ ငြိမ်းချမ်းရေးအတွက် တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ ငြိမ်းချမ်းရေးသီ ချင်းတွေကိုသာ သီဆိုေလ့ရှိတဲ့ တေးသံရှင် စောဖိုးခွား အဖမ်းခံခဲ့ရတာ ဒီနေ့မှာဆိုရင် တစ်နှစ်ပြည့် သွားပြီပဲဖြစ်ပါတယ်။
တေးသံရှင်စောဖိုးခွားဟာ မြန်မာနိုင်ငံရဲ့ ရက်ဂေး အဆိုေတာ်လို့ လူသိများတဲ့သူဖြစ်ပြီ ပုံစံကိုကြည့်လိုက်တာနဲ့ တမူထူးြခားတဲ့သူဆိုတာ တန်းသိေစမယ့် သူဖြစ်ပါတယ်။စော ဖိုးခွား ဝတ်လေ့ဝတ် ထရှိတဲ့ ဖက်ရှင်က ရက်ဂေးကိုယ်စားပြု စိမ်း ၊ ဝါ ၊ နီ အရောင်းသုံးရောင်စပ်ဖြစ်ပါတယ်။
အရောင်သုံးရောင်နဲ့ပတ်သတ်ပြီး အဆိုတော်စောဖိုးခွားက အစိမ်းရောင်က ထာဝရရှင်သန်ခြင်း၊ အဝါ ရောင်က ရွှေရောင်အိမ်မက်ကိုပိုင်ဆိုင်ထားခြင်းနှင့် အနီရောင်က လွတ်လပ်သည့်သွေးဖြစ်တယ်လို့ ပြောခဲ့ဖူူးပါတယ်။
အဆိုတော်ေစာဖိုးခွားဟာ၂၀၀၃ခုနှစ်မှာ “မေ့ဖို့ သိပ်ခက်နေလို့” ၂၀၁၂ခုနှစ်မှာ “ဖြေးဖြေး ယောက်ဖ” တေးစီးရီး နှင့်၂၀၁၄ ခုနှစ်မှာ “ကိုင်းကြီးကြီး သွားနား”၂၀၁၇ ခုနှစ်မှာ “ပလပ်ကျွတ်နေပြီ” စတဲ့ သီချင်းခွေ ငါးခွေကို ထုတ်ခဲ့သလို အခြားပညာပေး သီးချင်းများစွာကို သီဆိုခဲ့တဲ့သူဖြစ်ပါတယ်။
တေးသံရှင်စောဖိုးခွား ကျန်းကျန်းမာမာနဲ့ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။
အရောင်သုံးရောင်နဲ့ပတ်သတ်ပြီး အဆိုတော်စောဖိုးခွားက အစိမ်းရောင်က ထာဝရရှင်သန်ခြင်း၊ အဝါ ရောင်က ရွှေရောင်အိမ်မက်ကိုပိုင်ဆိုင်ထားခြင်းနှ င့် အနီရောင်က လွတ်လပ်သည့်သွေးဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။
အဆိုတော်စောဖိုးခွားဟာ၂၀၀၃ခုနှစ်မှာ “မေ့ဖို့ သိပ်ခ က်နေလို့” ၂၀၁၂ခုနှစ်မှာ “ဖြေးဖြေး ယောက်ဖ” တေးစီးရီး နှင့်၂၀၁၄ ခုနှစ်မှာ “ကိုင်းကြီးကြီး သွားနား”၂၀၁၇ ခုနှစ်မှာ “ပလပ်ကျွတ်နေပြီ” စတဲ့ သီချင်းခွေ ငါးခွေကို ထုတ်ခဲ့သလို အခြားပညာပေး သီးချင်းများစွာကို သီဆိုခဲ့တဲ့သူဖြစ်ပါတယ်။