ၾကားသိရသမွ်

ကျနော်ချစ်တဲ့ တပ်မတော်ကြီးကို ပြိုကွဲဖို့ မကြံစည်သင့်ဘူးလို့ ဆိုလာတဲ့ မင်းအုပ်စိုး

သူ႔ရဲ႕ ဆိုရွယ္မီဒီယာ မွာေတာ့ ” ျမန္မာျပည္ေျမပုံ အေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ကိုေထာက္ခံခ်င္ပါသလား ေထာက္ခံလို႔ ရပါတယ္ ေဒၚ ေအာင္ဆန္းစုၾကည္ကို

ခ်စ္ခင္ခ်င္ပါသလား ခ်စ္ခင္လို႔ရပါတယ္ ေဒၚေအာင္ဆန္းစုၾကည္ကို ခ်စ္ျမတ္ႏိုးကိုးကြယ္ခ်င္လြန္းတဲ့ စိတ္ေၾကာင့္ အ ေမ လို႔ေခၚခ်င္ပါသလား လြတ္လြတ္ လပ္လပ္အားရပါးရႀကီး အေမလို႔ေခၚလို႔ရပါတယ္

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ေထာက္ခံခ်င္ပါ သလား ေထာက္ခံလို႔ရပါတယ္ ခ်စ္ခင္ခ်င္ပါသလား ခ်စ္ခင္လို႔ရပါတယ္ ခ်စ္ျမတ္ႏိုးလြန္းတဲ့ စိတ္ေၾကာင့္ အဘလို႔ ေခၚခ်င္ပါသလား လြတ္ လပ္စြာ ေခၚလို႔ရပါတယ္

တပ္မေတာ္အတြင္းမွာ ဝင္ေရာက္ အမႈထမ္းေနၾကတဲ့ တပ္မေတာ္သားေတြ ကို မုန္းခ်င္ပါသလား မုန္းလို႔ရပါတယ္ ဆဲခ်င္ပါသလား အိမ္ထဲ မွာ ေနၿပီးပါးစပ္ကေန အားပါးတရ

ဆဲလို႔ရပါတယ္ ကုန္ကုန္ ေျပာရရင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို မုန္းခ်င္ပါသလား မုန္းလို႔ရပါ တယ္ ပိုးဆိုးပက္စက္ ဆဲခ်င္ပါသလား ကိုယ့္အိမ္ထဲကေန ကိုယ့္ပါးစပ္ နဲ႔ လြတ္လြတ္လပ္လပ္ စိတ္ပါ လက္ပါ အားရပါးရ ဆဲလို႔ရပါတယ္

ဒါ ေပမယ့္ ဆဲတဲ့လူေတြက ဗုဒၶဘာသာကို ကိုးကြယ္တဲ့ ျမန္မာလူမ်ိဳး ေတြ ျဖစ္မယ္ဆိုရင္ ဝစီကံေၾကာင့္ ရလာတဲ့ဒဏ္ကို အဲ့ဒီလူေတြက အနည္း အက်င္းခံရယုံကလြဲၿပီး အျခားလူေတြအတြက္ တိုင္းျပည္ အတြက္ ႀကီးႀကီးမားမား ဆုံရႈံးထိခိုက္မႈ မရွိႏိုင္ပါဘူး

လက္ရွိအေျခအေနမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြေၾကာင့္ တပ္မေတာ္အ ေပၚ မုန္းခ်င္ပါသလား မုန္းလို႔ ရပါတယ္ ဆဲခ်င္ပါသလား ပါးစပ္ကေန လြတ္လြတ္လပ္လပ္ အားရ ပါးရ တစ္တစ္ခြခြႀကီး ဆဲလို႔ရပါတယ္

သို႔ေသာ္လည္း တပ္မေတာ္ႀကီး ၿပိဳကြဲသြားေအာင္ ပ်က္ စီးသြား ေအာင္ ေပ်ာက္ကြယ္သြားေအာင္ေတာ့ မေတြးသင့္ မေျပာသင့္ မစည္း႐ုံးသင့္ မႀကံစည္သင့္ပါဘူး

ဘာေၾကာင့္လဲဆိုေတာ့ ၁၉၄၈ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႔ကေန ဒီေန႔ဒီအခ်ိန္ေရာက္လာတဲ့အထိ ကမာၻ႔ေျမပုံထဲမွာ ကြၽန္ေတာ္တို႔ရဲ႕ ျမန္မာျပည္ေျမပုံေလး ပ်က္မသြားေစရေအာင္ ပဲ့ထြက္မသြားေစရေအာင္

တစစီၿပိဳကြဲမသြားေစရေအာင္ ကာကြယ္ေစာင့္ေရွာက္ ထိန္း သိမ္းေပးခဲ့တဲ့ တခုတည္းေသာ အဖြဲ႕အစည္းကိုေျပာပါ ဆိုရင္ ျမန္မာ့တပ္မေတာ္ကလြဲၿပီး မွတစ္ပါး အျခားမရွိပါပဲဗ်ာ

ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ္ခ်စ္တဲ့ ကြၽန္ေတာ့ တိုင္းျပည္ ကြၽန္ေတာ္ သေဘာက်တဲ့ ကြၽန္ေတာ့တိုင္းျပည္ရဲ႕ ေျမပုံေလး တစစီကြဲထြ က္ ၿပိဳပ်က္မသြားေအာင္ ေခတ္အဆက္ဆက္

ကာကြယ္ေစာင့္ေရွာက္ေပးခဲ့တဲ့ ျမန္မာ့တပ္မေတာ္ႀကီးကို လႈိက္လႈိက္ လွဲလွဲ ေက်းဇူးတင္ မိ ပါရဲ႕ဗ်ာ ။” လို႔ေရးသားၿပီး စစ္တပ္ကိုေထာက္ခံေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာလိုက္တာပါေနာ္။

ပရိသတ္ႀကီးေရ အာဏ္ာသိမ္းစစ္ေကာင္စီရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ေသဒဏ္္က လြတ္လာတဲ့ မင္းအုပ္စိုးက သူ႔အျမင္ကို ေျပာျပလာတာျဖစ္ပါတယ္။ပရိသတ္ႀကီးရဲ႕ အယူအဆ အေတြးအျမင္ကိုလည္းမွ်ေဝခဲ့ၾကပါဦးေနာ္။

Unicode

ကျနော်ချစ်တဲ့ တပ်မတော်ကြီးကို ပြိုကွဲပျက်စီးဖို့ မကြံစည်သင့်ပါဘူးလို့ ဆိုလာတဲ့ သရုပ်ဆောင် မင်းအုပ်စိုး

သူ့ရဲ့ ဆိုရှယ်မီဒီယာ မှာတော့ ” မြန်မာပြည်မြေပုံ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံချင်ပါသလား ထောက်ခံလို့ ရပါတယ် ဒေါ် အောင်ဆန်းစုကြည်ကို

ချစ်ခင်ချင်ပါသလား ချစ်ခင်လို့ရပါတယ် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးကိုးကွယ်ချင်လွန်းတဲ့ စိတ်ကြောင့် အ မေ လို့ခေါ်ချင်ပါသလား လွတ်လွတ် လပ်လပ်အားရပါးရကြီး အမေလို့ခေါ်လို့ရပါတယ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောက်ခံချင်ပါ သလား ထောက်ခံလို့ရပါတယ် ချစ်ခင်ချင်ပါသလား ချစ်ခင်လို့ရပါတယ် ချစ်မြတ်နိုးလွန်းတဲ့ စိတ်ကြောင့် အဘလို့ ခေါ်ချင်ပါသလား လွတ် လပ်စွာ ခေါ်လို့ရပါတယ်

တပ်မတော်အတွင်းမှာ ဝင်ရောက် အမှုထမ်းနေကြတဲ့ တပ်မတော်သားတွေ ကို မုန်းချင်ပါသလား မုန်းလို့ရပါတယ် ဆဲချင်ပါသလား အိမ်ထဲ မှာ နေပြီးပါးစပ်ကနေ အားပါးတရ

ဆဲလို့ရပါတယ် ကုန်ကုန် ပြောရရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မုန်းချင်ပါသလား မုန်းလို့ရပါ တယ် ပိုးဆိုးပက်စက် ဆဲချင်ပါသလား ကိုယ့်အိမ်ထဲကနေ ကိုယ့်ပါးစပ် နဲ့ လွတ်လွတ်လပ်လပ် စိတ်ပါ လက်ပါ အားရပါးရ ဆဲလို့ရပါတယ်

ဒါ ပေမယ့် ဆဲတဲ့လူတွေက ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ မြန်မာလူမျိုး တွေ ဖြစ်မယ်ဆိုရင် ဝစီကံကြောင့် ရလာတဲ့ဒဏ်ကို အဲ့ဒီလူတွေက အနည်း အကျင်းခံရယုံကလွဲပြီး အခြားလူတွေအတွက် တိုင်းပြည် အတွက် ကြီးကြီးမားမား ဆုံရှုံးထိခိုက်မှု မရှိနိုင်ပါဘူး

လက်ရှိအခြေအနေမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် တပ်မတော်အ ပေါ် မုန်းချင်ပါသလား မုန်းလို့ ရပါတယ် ဆဲချင်ပါသလား ပါးစပ်ကနေ လွတ်လွတ်လပ်လပ် အားရ ပါးရ တစ်တစ်ခွခွကြီး ဆဲလို့ရပါတယ်

သို့သော်လည်း တပ်မတော်ကြီး ပြိုကွဲသွားအောင် ပျက် စီးသွား အောင် ပျောက်ကွယ်သွားအောင်တော့ မတွေးသင့် မပြောသင့် မစည်းရုံးသင့် မကြံစည်သင့်ပါဘူး

ဘာကြောင့်လဲဆိုတော့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကနေ ဒီနေ့ဒီအချိန်ရောက်လာတဲ့အထိ ကမ္ဘာ့မြေပုံထဲမှာ ကျွန်တော်တို့ရဲ့ မြန်မာပြည်မြေပုံလေး ပျက်မသွားစေရအောင် ပဲ့ထွက်မသွားစေရအောင်

တစစီပြိုကွဲမသွားစေရအောင် ကာကွယ်စောင့်ရှောက် ထိန်း သိမ်းပေးခဲ့တဲ့ တခုတည်းသော အဖွဲ့အစည်းကိုပြောပါ ဆိုရင် မြန်မာ့တပ်မတော်ကလွဲပြီး မှတစ်ပါး အခြားမရှိပါပဲဗျာ

ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့ ကျွန်တော့ တိုင်းပြည် ကျွန်တော် သဘောကျတဲ့ ကျွန်တော့တိုင်းပြည်ရဲ့ မြေပုံလေး တစစီကွဲထွ က် ပြိုပျက်မသွားအောင် ခေတ်အဆက်ဆက်

ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ မြန်မာ့တပ်မတော်ကြီးကို လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင် မိ ပါရဲ့ဗျာ ။” လို့ရေးသားပြီး စစ်တပ်ကိုထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်းပြောလိုက်တာပါနော်။

ပရိသတ်ကြီးရေ အာဏ်ာသိမ်းစစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သေဒဏ်က လွတ်လာတဲ့ မင်းအုပ်စိုးက သူ့အမြင်ကို ပြောပြလာတာဖြစ်ပါတယ်။ပရိသတ်ကြီးရဲ့ အယူအဆ အတွေးအမြင်ကိုလည်းမျှဝေခဲ့ကြပါဦးနော်။