ၾကားသိရသမွ်

မင်္ဂလာဆောင်နေရင်းနဲ့ လက်သုံးချောင်းထောင်ပြီး ထူးထူးခြားခြား ဆန္ဒဖော်ထုတ်ခဲ့တဲ့စုံတွဲနဲ့ ပွဲလာပရိသတ်တွေရဲ့လူထုလှုပ်ရှားမှုပုံရိပ်များ

ပြည်သူတွေကတော့ ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေကို ယနေ့အချိန်အထိတိုင်အောင် လုံးဝမနားဘဲ နေ့စဥ်ရက်ဆက် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူတွေက Strike တွေတစ်မျိုးပြီးတစ်မျိုး ပြုလုပ်ကာ နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့စိတ်ဝင်စားမှုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။

ထူးခြားဆန်းသစ်လှတဲ့ ပြည်သူတွေရဲ့လူထုလှုပ်ရှားမှု သပိတ်တွေကတော့ တစ်နေ့ထက်တစ်နေ့ မတူညီတဲ့ပုံစံတွေနဲ့ ပေါ်ထွက်လာစမြဲ ဖြစ်ပါတယ် ။

အခုဆိုရင်လည်း မုံရွာမြို့က စုံတွဲတစ်တွဲက မင်္ဂလာဆောင်နေရင်းနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ် ။ သူတို့စုံတွဲကတော့ ယနေ့ မေလ (၂၀)ရက်နေ့မှာ လက်ထပ်ပွဲကျင်းပနေရင်းနဲ့ ထူးထူးခြားခြားဖြစ်အောင် လူထုလှုပ်ရှားမှုမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ် ။

လက်သုံးချောင်းထောင်ပြီး ရွှေပွဲလာဧည့်ပရိသတ်တွေကို လိုက်လံနှုတ်ဆက်နေတဲ့ မင်္ဂလာမောင်နှံရဲ့ပုံရိပ်တွေက လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့နေခဲ့တာလည်း ဖြစ်ပါတယ် ။

မင်္ဂလာပွဲကို တက်ရောက်လာကြတဲ့ ပြည်သူတွေကလည်း တစ်ညီတစ်ညွတ်တည်း လက်သုံးချောင်းထောင်ပြီး သူတို့ရဲ့ဆန္ဒကို ပြသခဲ့ကြတာ ဖြစ်ပါတယ် ။

ဒီလူထုလှုပ်ရှားမှုကိုတော့ ပြည်သူတွေက “မင်္ဂလာဆောင်သပိတ်”ဆိုပြီး အမည်ပေးကာ သဘောကျနေကြတာလည်း ဖြစ်ပါတယ် ။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် သူတို့ရဲ့ရင်တွင်းဆန္ဒကို ဖော်ပြဖို့ ဝန်မလေးကြတဲ့ ပြည်သူတွေရဲ့စိတ်ဓာတ်ကတော့ လေးစားချီးကျူးချင်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။]

Source & Photo Credit-Kaung Hsu Thar’s FB Acc

Photo Credit-DOCU & NEWS KOREA BY KHAUNG HSU THAR

ျပည္သူေတြကေတာ့ ေဖေဖာ္ဝါရီလကတည္းက စတင္ခဲ့တဲ့ လူထုလႈပ္ရွားမႈေတြကို ယေန႔အခ်ိန္အထိတိုင္ေအာင္ လုံးဝမနားဘဲ ေန႔စဥ္ရက္ဆက္ ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ျပည္သူေတြက Strike ေတြတစ္မ်ိဳးၿပီးတစ္မ်ိဳး ျပဳလုပ္ကာ ႏိုင္ငံတကာ သတင္းမီဒီယာေတြရဲ႕စိတ္ဝင္စားမႈရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၾကတာလည္း ျဖစ္ပါတယ္ ။

ထူးျခားဆန္းသစ္လွတဲ့ ျပည္သူေတြရဲ႕လူထုလႈပ္ရွားမႈ သပိတ္ေတြကေတာ့ တစ္ေန႔ထက္တစ္ေန႔ မတူညီတဲ့ပုံစံေတြနဲ႔ ေပၚထြက္လာစၿမဲ ျဖစ္ပါတယ္ ။

အခုဆိုရင္လည္း မုံ႐ြာၿမိဳ႕က စုံတြဲတစ္တြဲက မဂၤလာေဆာင္ေနရင္းနဲ႔ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာ ျဖစ္ပါတယ္ ။ သူတို႔စုံတြဲကေတာ့ ယေန႔ ေမလ (၂၀)ရက္ေန႔မွာ လက္ထပ္ပြဲက်င္းပေနရင္းနဲ႔ ထူးထူးျခားျခားျဖစ္ေအာင္ လူထုလႈပ္ရွားမႈမွာ တစ္ဖက္တစ္လမ္းကေန ပါဝင္ခဲ့ၾကတာ ျဖစ္ပါတယ္ ။

လက္သုံးေခ်ာင္းေထာင္ၿပီး ေ႐ႊပြဲလာဧည့္ပရိသတ္ေတြကို လိုက္လံႏႈတ္ဆက္ေနတဲ့ မဂၤလာေမာင္ႏွံရဲ႕ပုံရိပ္ေတြက လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ပ်ံ႕ႏွံ႔ေနခဲ့တာလည္း ျဖစ္ပါတယ္ ။

မဂၤလာပြဲကို တက္ေရာက္လာၾကတဲ့ ျပည္သူေတြကလည္း တစ္ညီတစ္ၫြတ္တည္း လက္သုံးေခ်ာင္းေထာင္ၿပီး သူတို႔ရဲ႕ဆႏၵကို ျပသခဲ့ၾကတာ ျဖစ္ပါတယ္ ။

ဒီလူထုလႈပ္ရွားမႈကိုေတာ့ ျပည္သူေတြက “မဂၤလာေဆာင္သပိတ္”ဆိုၿပီး အမည္ေပးကာ သေဘာက်ေနၾကတာလည္း ျဖစ္ပါတယ္ ။ ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ သူတို႔ရဲ႕ရင္တြင္းဆႏၵကို ေဖာ္ျပဖို႔ ဝန္မေလးၾကတဲ့ ျပည္သူေတြရဲ႕စိတ္ဓာတ္ကေတာ့ ေလးစားခ်ီးက်ဴးခ်င္စရာေကာင္းေနတာပဲ ျဖစ္ပါတယ္ ။

Source & Photo Credit-Kaung Hsu Thar’s FB Acc

Photo Credit-DOCU & NEWS KOREA BY KHAUNG HSU THAR