အမိုက်စား Rock သီချင်းတွေနဲ့ မြန်မာနိုငံရဲ့ ပရိသတ်အားပေးမှုတစ်ခဲနက်အောင်မြင်ခဲ့တာကတော့ အဆိုတော်ရေမွန်ပဲဖြစ်ပါတယ်။သူကတော့ မိန်းကလေးပရိသတ်တွေသာမက ယောက်ျားလေးပရိသတ်တွေပါ အားပေးမှုအများအပြားရရှိထားခဲ့တဲ့အဆိုတော်ဖြစ်ပါတယ်။
သူဟာအသက်ငယ်ငယ်နဲ့အောင်မြင်မှုတွေရရှိခဲ့ပေမယ့် ခုမှာတော့ အဲ့အောင်မြင်မှုတွေချစ်ရတဲ့သူတွေကိုအပြီးထား နှုတ်ဆက်သွားခဲ့တာ ၄လပြည့်ခဲ့ပါပြီ။
ယနေ့တိုင်သူ့ကိုမေ့မရတဲ့ပရိသတ်တွေ သူငယ်ချင်းတွေလည်းရှိနေတာပါ။သူ့သီချင်းလေးတွေကလည်း လူငယ်တွေကြားမှာ ယနေ့ချိန်ထိတိုင်အောင် လူကြိုက်များနားထောင်နေကြတုန်းဖြစ်ပါတယ်။
ကွယ်လွန်သွားတာ ၄လပြည့်သွားခဲ့ပေမယ့် သူနဲ့တူတူအမြဲရှိနေခဲ့တဲ့ သူငယ်ချင်းတွေကလည်း အမြဲသတိရနေတာပါ။အဲ့ထဲမှာမှ လွတ်မြောက်နယ်မြေသွားတုန်းကလည်းတူတူ သူငယ်ချင်းလည်းဖြစ်တဲ့ နိုဗန်ထူးကလည်း ၄လပြည့်လေးမှာ သူတို့နှစ်ယောက်သီချင်းဆိုနေတဲ့အရင်ကvideo လေးကိုတင်ထားတာပါ
။ရေမွန်ရဲ့ နှစ်ယောက်သားပျော်ရွှင်စွာ သီဆိုခဲ့တဲ့သီချင်းလေးကိုလည်း အမှတ်တရဖြစ်ဖွယ်တင်ဆက်ပေးလိုက်ရပါတယ်။