မဟာမုနိဘုရားထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်နက် ၂၀ ကျော်ကို AA ဝင်သိမ်း
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က နာမည်ကြီး မဟာမုနိဘုရားဝင်းထဲမှာ တပ်စွဲထားတဲ့ ရဲအသွင်ပြောင်း
စစ်သားတွေကို ရက္ခိုင့်တပ်တော် (AA) က လက်နက်ချခိုင်းပြီးတော့ သေနတ်အလက် ၂၀ နဲ့ကျည်တွေကို သိမ်းသွားတယ်လို့ သိရပါတယ်။
ည ၁၂ နာရီ ဝန်းကျင်မှာ AA တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားပြီးတော့ လက်နက်ချခိုင်းခဲ့တာဖြစ်ပါတယ်။
မဟာမုနိဘုရားဟာ ဒေသတွင်း ခရီးသွားတွေကြားနာမည်ကြီးတဲ့အတွက် ဘုရာဖူးတွေအမြဲလိုလိုရှိတတ်ပါတယ်။
“ရဲယူနီဖောင်းပြောင်းထားတဲ့ စစ်သားတွေက ဘုရားမှာ သေနတ်တကားကားနဲ့နေကြတာ ကြာပြီ။ ဘုရားဖူးတွေလည်း စိတ်မဖြောင့်ဘူး။
ကျနော်တို့ကတော့ ကြိုဆိုတယ် ဝမ်းသာတယ်။ ဘုရားမှာ သေနတ်တကားကားလုပ်နေတာမရှိသင့်ဘူး” လို့
ကျောက်တော် ဒေသခံတစ်ဦးက ပြောပါတယ်။
Credit