မေန႔က အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနတဲ့ ပုစြန္ေျခာက္ လုပ္နည္း ဗီဒီယိုဖိုင္ဟာ လူအမ်ားၾကားမွာ ေျပာစရာ တခု ျဖစ္ေနပါတယ္။
သန႔္ရွင္းမႈ မရွိတဲ့ ပုစြန္ေျခာက္ လုပ္နည္းေၾကာင့္ လူအမ်ားအျပားက ပုစြန္ေျခာက္ စားရမွာေတာင္ လန႔္ေနၿပီလို႔ မွတ္ခ်က္ေပးၾကပါတယ္။
ဒါေပမယ့္ ဗီဒီယိုထဲမွာ ပါတဲ့ ပုစြန္ေျခာက္လုပ္နည္းဟာ လြဲမွားေနၾကၿပီး ပုစြန္ေျခာက္ လုပ္ငန္းရွင္ အားလုံးနီးပါးဟာ
ယခုကဲ့သို႔ မသန႔္ရွင္းတဲ့ လုပ္ငန္းစဥ္ေတြနဲ႔ လုပ္ၾကတာ မဟုတ္ဘူးလို႔ လုပ္ငန္းရွင္တဦးက ေျပာပါတယ္။
ပုစြန္ေျခာက္ လုပ္နည္းဟာ တေယာက္နဲ႔ တေယာက္ အနည္းငယ္ ကြဲျပားၾကေပမယ့္ ေျမႀကီးေပၚမွာ ျဖစ္သလို
ပုံထားၿပီး တံျမက္စည္းနဲ႔ လွည္းထုတ္၊ ေျခေထာက္နဲ႔ နင္းျပတဲ့ အကြက္ေတြဟာ လူစိတ္ဝင္စားေအာင္
အပို လုပ္ေနၾကတာ ျဖစ္တယ္လို႔ အဆိုပါ လုပ္ငန္းရွင္က ေျပာပါတယ္။ ပုစြန္ေျခာက္ အမွန္တကယ္လုပ္နည္းကို
တတ္သိနားလည္တဲ့ သူေတြ ရွင္းျပထားတဲ့ အေၾကာင္းအရာမ်ားကို ေအာက္မွာ ေဖာ္ျပ ေပးလိုက္ပါတယ္-
ပုစြန္ေျခာက္ကေလ တေနရာထဲက ထြက္တာ ဟုတ္ဘူးေနာ္၊ ၾကပ္စင္နဲ႔ လွန္းတဲ့ဟာေတြ ရွိသလို
ပလပ္စတစ္ (တာလပတ္အစ) ေတြ ခင္းၿပီး လွန္းတာ ဝါးထရံေတြ ခင္းၿပီး လွန္းတာေတြ ရွိပါတယ္။
(ငိေတာင္ ေျခနင္းငပိ/ လက္ေထာင္းငပိဆိုၿပီး ရွိေသးတာ)
ေျခနင္းငပိက ေျခေထာက္နဲ႔ တက္နင္းတာ မဟုတ္ဘူးေနာ္။ ေမာင္းေထာင္းတဲ့ ေမာင္းတံ အဖ်ားမွာ
အားစိုက္ေထာင္းရတဲ့သူက ရပ္ၿပီး ေျခအားနဲ႔ ေထာင္းရတာမ်ိဳးပါေနာ္။ ပုစြန္ေျခာက္လုပ္တဲ့ ႐ြာက
တ႐ြာထဲ တေနရာထဲ ဟုတ္ဖူးေနာ္။ ၿပီးေတာ့ ေဖာင္ပုစြန္ေျခာက္/က်ားပုစြန္ေျခာက္ စသျဖင့္ အမ်ိဳးမ်ိဳး ရွိပါေသးတယ္ေနာ္။
အကုန္သိမ္းက်ဳံးၿပီး အဲလိုဆိုၿပီး မထင္ေစလိုပါ။ (Li Li Lutar)
ပုစြန္ေျခာက္လုပ္ပုံ တစ္ေနရာနဲ႔တစ္ေနရာမတူပါဘူးခင္ဗ်ာ။ တစ္ျခားတစ္ေနရာက ပုစြန္ေျခာက္လုပ္ပုံအဆင့္ဆင့္ျပေပးထားပါတယ္။
တစ္ခ်ိဳ႕ေနရာေတြမွာ ေျခႏွင့္လည္းမနင္းသလို ေျမႀကီးေပၚလည္း မလွန္းပါဘူးခင္ဗ်ာ ပုစြန္ပိုက္ဖမ္းလာတာကို
အမႈိက္ေ႐ြး ငါးေ႐ြးၿပီး ပုစြန္ခ်ည္း မိုးၿဗဲဒယ္ထဲထည့္ျပဳတ္ပါတယ္။
ၿပီးရင္ ႏွီးဖ်ာ သို႔ မိုးေရကာဖ်င္ေပၚ စင္ေပၚတင္ၿပီးလွန္းပါတယ္။
တစ္ေနတည္းမေျခာက္ရင္ ေနာက္ေန႔ထပ္လွန္းရတာမို႔ ဒီလိုလွန္းကိုလွန္းရပါတယ္
သိမ္းရလည္းလြယ္ ျပန္လွန္းရလည္းလြယ္ပါတယ္။ video ထဲကလိုေတာ့ ေျမႀကီးေပၚလွန္းၿပီး
သိမ္းရခက္တယ္ဆိုတာ စဥ္းစားၾကည့္ေပါ့ေနာ္။ေျခာက္သြားရင္ေတာ့ ပီနံအိတ္ခြံထဲထည့္ၿပီးဖြတ္ရပါတယ္
ပုစြန္ေျခာက္ရပါၿပီ အနည္းအက်ဥ္း လုပ္နည္းကြာေပမယ့္ ဒီလိုညစ္ညစ္ပတ္ပတ္လုပ္ထားတာမဟုတ္ဘူးဆိုတာေတာ့ ေသခ်ာပါတယ္
ေအာက္ကပုံေလးေတြမွာ ဘယ္လိုလွန္းတယ္ဆိုတာၾကည့္ရႈႏိုင္ပါတယ္။
မူရင္းေရးသားသူအား ေလးစားမႈျဖင့္
Credit
Unicode,
မနေ့က အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ပုစွန်ခြောက် လုပ်နည်း ဗီဒီယိုဖိုင်ဟာ လူအများကြားမှာ ပြောစရာ တခု ဖြစ်နေပါတယ်။
သန့်ရှင်းမှု မရှိတဲ့ ပုစွန်ခြောက် လုပ်နည်းကြောင့် လူအများအပြားက ပုစွန်ခြောက် စားရမှာတောင် လန့်နေပြီလို့ မှတ်ချက်ပေးကြပါတယ်။
ဒါပေမယ့် ဗီဒီယိုထဲမှာ ပါတဲ့ ပုစွန်ခြောက်လုပ်နည်းဟာ လွဲမှားနေကြပြီး ပုစွန်ခြောက် လုပ်ငန်းရှင် အားလုံးနီးပါးဟာ
ယခုကဲ့သို့ မသန့်ရှင်းတဲ့ လုပ်ငန်းစဉ်တွေနဲ့ လုပ်ကြတာ မဟုတ်ဘူးလို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ပုစွန်ခြောက် လုပ်နည်းဟာ တယောက်နဲ့ တယောက် အနည်းငယ် ကွဲပြားကြပေမယ့် မြေကြီးပေါ်မှာ ဖြစ်သလို
ပုံထားပြီး တံမြက်စည်းနဲ့ လှည်းထုတ်၊ ခြေထောက်နဲ့ နင်းပြတဲ့ အကွက်တွေဟာ လူစိတ်ဝင်စားအောင်
အပို လုပ်နေကြတာ ဖြစ်တယ်လို့ အဆိုပါ လုပ်ငန်းရှင်က ပြောပါတယ်။ ပုစွန်ခြောက် အမှန်တကယ်လုပ်နည်းကို
တတ်သိနားလည်တဲ့ သူတွေ ရှင်းပြထားတဲ့ အကြောင်းအရာများကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်-
ပုစွန်ခြောက်ကလေ တနေရာထဲက ထွက်တာ ဟုတ်ဘူးနော်၊ ကြပ်စင်နဲ့ လှန်းတဲ့ဟာတွေ ရှိသလို
ပလပ်စတစ် (တာလပတ်အစ) တွေ ခင်းပြီး လှန်းတာ ဝါးထရံတွေ ခင်းပြီး လှန်းတာတွေ ရှိပါတယ်။
(ငိတောင် ခြေနင်းငပိ/ လက်ထောင်းငပိဆိုပြီး ရှိသေးတာ)
ခြေနင်းငပိက ခြေထောက်နဲ့ တက်နင်းတာ မဟုတ်ဘူးနော်။ မောင်းထောင်းတဲ့ မောင်းတံ အဖျားမှာ
အားစိုက်ထောင်းရတဲ့သူက ရပ်ပြီး ခြေအားနဲ့ ထောင်းရတာမျိုးပါနော်။ ပုစွန်ခြောက်လုပ်တဲ့ ရွာက
တရွာထဲ တနေရာထဲ ဟုတ်ဖူးနော်။ ပြီးတော့ ဖောင်ပုစွန်ခြောက်/ကျားပုစွန်ခြောက် စသဖြင့် အမျိုးမျိုး ရှိပါသေးတယ်နော်။
အကုန်သိမ်းကျုံးပြီး အဲလိုဆိုပြီး မထင်စေလိုပါ။ (Li Li Lutar)
ပုစွန်ခြောက်လုပ်ပုံ တစ်နေရာနဲ့တစ်နေရာမတူပါဘူးခင်ဗျာ။ တစ်ခြားတစ်နေရာက ပုစွန်ခြောက်လုပ်ပုံအဆင့်ဆင့်ပြပေးထားပါတယ်။
တစ်ချို့နေရာတွေမှာ ခြေနှင့်လည်းမနင်းသလို မြေကြီးပေါ်လည်း မလှန်းပါဘူးခင်ဗျာ ပုစွန်ပိုက်ဖမ်းလာတာကို
အမှိုက်ရွေး ငါးရွေးပြီး ပုစွန်ချည်း မိုးဗြဲဒယ်ထဲထည့်ပြုတ်ပါတယ်။
ပြီးရင် နှီးဖျာ သို့ မိုးရေကာဖျင်ပေါ် စင်ပေါ်တင်ပြီးလှန်းပါတယ်။
တစ်နေတည်းမခြောက်ရင် နောက်နေ့ထပ်လှန်းရတာမို့ ဒီလိုလှန်းကိုလှန်းရပါတယ်
သိမ်းရလည်းလွယ် ပြန်လှန်းရလည်းလွယ်ပါတယ်။ video ထဲကလိုတော့ မြေကြီးပေါ်လှန်းပြီး
သိမ်းရခက်တယ်ဆိုတာ စဉ်းစားကြည့်ပေါ့နော်။ခြောက်သွားရင်တော့ ပီနံအိတ်ခွံထဲထည့်ပြီးဖွတ်ရပါတယ်
ပုစွန်ခြောက်ရပါပြီ အနည်းအကျဉ်း လုပ်နည်းကွာပေမယ့် ဒီလိုညစ်ညစ်ပတ်ပတ်လုပ်ထားတာမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်
အောက်ကပုံလေးတွေမှာ ဘယ်လိုလှန်းတယ်ဆိုတာကြည့်ရှုနိုင်ပါတယ်။
မူရင်းရေးသားသူအား လေးစားမှုဖြင့်
Credit