ၾကားသိရသမွ်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ ဒီကနေ့ရုံးချိန်းကို မစစ်ဖြစ်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ ဒီကနေ့ရုံးချိန်းကိုမစစ်ဖြစ်

ရုံးပိတ်ရက်တွေကြောင့် အမှုတွေကိုနှစ်လကျော်ကြာစစ်ဆေးနိုင်ခြင်းမရှိခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်သမ္မတဦးဝင်းမြင့် နဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌ

ဒေါက်တာမျိုးအောင် တို့ စွဲဆိုခံထားရတဲ့ အမှုတွေကို ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ ပြန်လည်စစ်ဆေးဖို့ ချိန်းဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးမကောင်းလို့ မနက်ဖြန် စက်တင်ဘာ ၁၄ ရက်မှာ ထပ်မံစစ်ဆေးဖို့ရှိနေပါတယ်။

” ခေါင်းမူးတယ်ပြောတယ်။ နှာနည်းနည်းမွှန်တယ်။သူ ဒီနေ့တော့လုံးဝမထိုင်နိုင်လို့ မနက်ဖြန်ကျမှတွေ့ဖို့ပြောတယ်။ သူပြောတာကတော့ ကားနဲ့လာရတာ ကားကအရမ်းခါတယ်ပြောတယ်။

သူမူးနေတယ်လို့ပြောပါတယ်။ကိုဗစ်တော့မဟုတ်ဘူး။အခုမနက်မှထဖြစ်တယ်လို့ သူကပြောပါတယ် ” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကဘီဘီစီကိုပြောပါတယ်။

ရှေ့နေ့အဖွဲ့ ရဲ့ပြောကြားချက်အရ ဒီကနေ့ အထူးတရားရုံးကို ဝင်ရောက်ရမယ့်သူအားလုံးဟာ မနေ့ကစက်တင်ဘာ ၁၂ရက်နေ့လည်ပိုင်းမှာကိုဗစ် စစ်ဆေးမှုကိုခံယူထားရပြီး ကိုဗစ်နဂ္ဂတစ် ဖြစ်တဲ့သူတွေသာ ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုကို ဝင်ရောက်ခွင့်ရတာဖြစ်ပါတယ်။

မနက်ဖြန် အင်္ဂါ စက်တင်ဘာ ၁၄ရက်မှာတော့ ပုံမှန်စစ်ဆေးနေကြရုံးချိန်းဆက်ရှိမှာဖြစ်ပါတယ်။

Source : ဘီဘီစီ

————

ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရးမေကာင္းလို႔ ဒီကေန႔႐ုံးခ်ိန္းကိုမစစ္ျဖစ္

႐ုံးပိတ္ရက္ေတြေၾကာင့္ အမႈေတြကိုႏွစ္လေက်ာ္ၾကာစစ္ေဆးႏိုင္ျခင္းမရွိခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္သမၼတဦးဝင္းျမင့္ နဲ႔ေနျပည္ေတာ္ေကာင္စီဥကၠ႒

ေဒါက္တာမ်ိဳးေအာင္ တို႔ ၿစဲဆိုခံထားရတဲ့ အမႈေတြကို ဒီကေန႔ စက္တင္ဘာ ၁၃ရက္မွာ ျပန္လည္စစ္ေဆးဖို႔ ခ်ိန္းဆိုေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္က်န္းမာေရးမေကာင္းလို႔ မနက္ျဖန္ စက္တင္ဘာ ၁၄ ရက္မွာ ထပ္မံစစ္ေဆးဖို႔ရွိေနပါတယ္။

” ေခါင္းမူးတယ္ေျပာတယ္။ ႏွာနည္းနည္းမႊန္တယ္။သူ ဒီေန႔ေတာ့လုံးဝမထိုင္ႏိုင္လို႔ မနက္ျဖန္က်မွေတြ႕ဖို႔ေျပာတယ္။ သူေျပာတာကေတာ့ ကားနဲ႔လာရတာ ကားကအရမ္းခါတယ္ေျပာတယ္။

သူမူးေနတယ္လို႔ေျပာပါတယ္။ကိုဗစ္ေတာ့မဟုတ္ဘူး။အခုမနက္မွထျဖစ္တယ္လို႔ သူကေျပာပါတယ္ ” လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေန ဦးခင္ေမာင္ေဇာ္ကဘီဘီစီကိုေျပာပါတယ္။

ေရွ႕ေန႔အဖြဲ႕ ရဲ႕ေျပာၾကားခ်က္အရ ဒီကေန႔ အထူးတရား႐ုံးကို ဝင္ေရာက္ရမယ့္သူအားလုံးဟာ မေန႔ကစက္တင္ဘာ ၁၂ရက္ေန႔လည္ပိုင္းမွာကိုဗစ္ စစ္ေဆးမႈကိုခံယူထားရၿပီး ကိုဗစ္နဂၢတစ္ ျဖစ္တဲ့သူေတြသာ ဒီကေန႔ ႐ုံးထုတ္စစ္ေဆးမႈကို ဝင္ေရာက္ခြင့္ရတာျဖစ္ပါတယ္။

မနက္ျဖန္ အဂၤါ စက္တင္ဘာ ၁၄ရက္မွာေတာ့ ပုံမွန္စစ္ေဆးေနၾက႐ုံးခ်ိန္းဆက္ရွိမွာျဖစ္ပါတယ္။

Source : ဘီဘီစီ