ၾကားသိရသမွ်

Social Media ပေါ်ပျံ့နှံ့လာသည့် နောက်ဆုံးအချိန်အထိ အမှန်တရားဘက်ရပ်တည်ခဲ့သော ကလေး (၂) ဦးရဲ့ ကျန်ရှိသော မိသားစု

Social Media ပေါ်ပျံ့နှံ့လာသည့် နောက်ဆုံးအချိန်အထိ အမှန်တရားဘက်ရပ်တည်ခဲ့သော ကလေး (၂) ဦးရဲ့ ကျန်ရှိသော မိသားစုအတွက် သင်တို့ နွေးထွေးပေးခွင့်ပါ ….

မြန်မာပြည်အနှံ့မှ အသိအမှတ်ပြု ပုံဖော်ကြတဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြိုနယ်မှ ပါစကွားလယ်နှင့် ဖီးဒေးလယ်ရဲ့ မိဘများရှိရာ စစ်ရှောင်စခန်းသို့ ကျွန်တော်တို့ သွားရောက် ဖေးမခဲ့ပါတယ်…

လက်ရှိအချိန်မှာ ပါစကွားလယ် (အင်္ကျီအနီ) မိဘများနှင့် ဆုံတွေ့ပြီး ဖီးဒေးလယ်၏ ဖခင်နှင့်သာ ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး သွားရောက်တွေ့ဆုံ နိုင်ခြင်းမရှိသေးပါ…

ပါစကွားလယ်၏ ညီဖြစ်သူမှာ လွန်ခဲ့တဲ့ (၆) လပိုင်း (၂၃) ရက်နေ့တွင် သွေးကင်ဆာဖြင့် ကွယ်လွန်ပြီး ညီမ (၂) ဦးနှင့် မိဘများကျန်ရှိနေပါသည်။

ထို့အတူ ဖီးဒေးလယ်မှာ မိခင်ဖြစ်သူမရှိတော့ဘဲ ဖခင်ဖြစ်သူ၊ မိထွေးနှင့် ကလေး (၂) ယောက် ကျန်ရှိနေပါသည်။ လက်ရှိအချိန်တွင် ကျန်ရှိသည့် ကလေးငယ် (၂) ဦးမှာလည်း ကျောနှင့် ငယ်ပါ ပေါင်ကြားများအထိ ယားနာများဖြစ်ပွားနေကြောင်း ဆက်သွယ်ရရှိပါသည်။

ဒါ့ကြောင့် မြန်မာပြည်အနှံ့မှ မိတ်ဆွေများခင်ဗျာ …နှုတ်အားဖြင့် ဂုဏ်ပြုခြင်းနှင့်အတူသူတို့အတွက် ကျန်ရှိသော မိသားစုအတွက် ရောက်ရာ ဘုံဘဝကနေ စိတ်အေးချမ်းသာနိုင်ဖို့ စစ်ရှောင်စခန်းမှ မိသားစုအတွက် သင်တို့ ဖေးကူနိုင်ပါတယ်ခင်ဗျာ…။

ရရှိငွေများအား (၂) ဦးအတွက် အချိုးကျခွဲဝေ သွားရောက်လှူဒါန်းပေးပြီး မှတ်တမ်းနှင့် တကွ ပြန်လည်တင်ပြပေးပါ့မည်။ (ထည့်ဝင်လှူဒါန်းသူများအမည်အား ဖော်ပြလိုခြင်း မရှိပါက ဖော်ပြသွားမည်မဟုတ်ပါ)

အားလုံး ဖေးကူကြရအောင်ဗျာ ….

လက်ရှိအချိန်မှာတော့ပါစကွားလယ် မိဘများ သွားရောက်တွေ့ဆုံသည့်မှတ်တမ်းအား အထောက် အထားအဖြစ် တင်ပြပေးထားပါသည်။

ယခုလို အလှူခံမည့်အကြောင်းကိုလည်း ကလေး (၂) ဦး၏ မိဘများထံ အကျိုးအကြောင်းပြောပြပြီး ခွင့်တောင်း ထားပါပြီးဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။🙏🙏🙏

#Save Myanmar

Credit

zawgyi

Social Media ေပၚပ်ံ႕ႏွံ႔လာသည့္ ေနာက္ဆုံးအခ်ိန္အထိ အမွန္တရားဘက္ရပ္တည္ခဲ့ေသာ ကေလး (၂) ဦးရဲ႕ က်န္ရွိေသာ မိသားစုအတြက္ သင္တို႔ ေႏြးေထြးေပးခြင့္ပါ ….

ျမန္မာျပည္အႏွံ႔မွ အသိအမွတ္ျပဳ ပုံေဖာ္ၾကတဲ့ ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳနယ္မွ ပါစကြားလယ္ႏွင့္ ဖီးေဒးလယ္ရဲ႕ မိဘမ်ားရွိရာ စစ္ေရွာင္စခန္းသို႔ ကြၽန္ေတာ္တို႔ သြားေရာက္ ေဖးမခဲ့ပါတယ္…

လက္ရွိအခ်ိန္မွာ ပါစကြားလယ္ (အက်ႌအနီ) မိဘမ်ားႏွင့္ ဆုံေတြ႕ၿပီး ဖီးေဒးလယ္၏ ဖခင္ႏွင့္သာ ဖုန္းျဖင့္ ဆက္သြယ္ခဲ့ၿပီး သြားေရာက္ေတြ႕ဆုံ ႏိုင္ျခင္းမရွိေသးပါ…

ပါစကြားလယ္၏ ညီျဖစ္သူမွာ လြန္ခဲ့တဲ့ (၆) လပိုင္း (၂၃) ရက္ေန႔တြင္ ေသြးကင္ဆာျဖင့္ ကြယ္လြန္ၿပီး ညီမ (၂) ဦးႏွင့္ မိဘမ်ားက်န္ရွိေနပါသည္။

ထို႔အတူ ဖီးေဒးလယ္မွာ မိခင္ျဖစ္သူမရွိေတာ့ဘဲ ဖခင္ျဖစ္သူ၊ မိေထြးႏွင့္ ကေလး (၂) ေယာက္ က်န္ရွိေနပါသည္။ လက္ရွိအခ်ိန္တြင္ က်န္ရွိသည့္ ကေလးငယ္ (၂) ဦးမွာလည္း ေက်ာႏွင့္ ငယ္ပါ ေပါင္ၾကားမ်ားအထိ ယားနာမ်ားျဖစ္ပြားေနေၾကာင္း ဆက္သြယ္ရရွိပါသည္။

ဒါ့ေၾကာင့္ ျမန္မာျပည္အႏွံ႔မွ မိတ္ေဆြမ်ားခင္ဗ်ာ …ႏႈတ္အားျဖင့္ ဂုဏ္ျပဳျခင္းႏွင့္အတူသူတို႔အတြက္ က်န္ရွိေသာ မိသားစုအတြက္ ေရာက္ရာ ဘုံဘဝကေန စိတ္ေအးခ်မ္းသာႏိုင္ဖို႔ စစ္ေရွာင္စခန္းမွ မိသားစုအတြက္ သင္တို႔ ေဖးကူႏိုင္ပါတယ္ခင္ဗ်ာ…။

ရရွိေငြမ်ားအား (၂) ဦးအတြက္ အခ်ိဳးက်ခြဲေဝ သြားေရာက္လႉဒါန္းေပးၿပီး မွတ္တမ္းႏွင့္ တကြ ျပန္လည္တင္ျပေပးပါ့မည္။ (ထည့္ဝင္လႉဒါန္းသူမ်ားအမည္အား ေဖာ္ျပလိုျခင္း မရွိပါက ေဖာ္ျပသြားမည္မဟုတ္ပါ)

အားလုံး ေဖးကူၾကရေအာင္ဗ်ာ ….

လက္ရွိအခ်ိန္မွာေတာ့ပါစကြားလယ္ မိဘမ်ား သြားေရာက္ေတြ႕ဆုံသည့္မွတ္တမ္းအား အေထာက္ အထားအျဖစ္ တင္ျပေပးထားပါသည္။

ယခုလို အလႉခံမည့္အေၾကာင္းကိုလည္း ကေလး (၂) ဦး၏ မိဘမ်ားထံ အက်ိဳးအေၾကာင္းေျပာျပၿပီး ခြင့္ေတာင္း ထားပါၿပီးျဖစ္ပါေၾကာင္း အသိေပးအပ္ပါသည္။🙏🙏🙏

#Save Myanmar

Credit