ခ်စ္သူရွိရက္နဲ႔ ကိုယ့္ေပၚသစၥာရွိတယ္လို႔မွတ္ယူထားတဲ့ လက္ဆြဲအိတ္နဲ႔သာ လက္ထပ္ခဲ့တဲ့ အမ်ိဳးသမီး..၊
Russia ႏိုင္ငံရွိ Moscow ၿမိဳ႕မွ အသက္ ၂၄ ႏွစ္အ႐ြယ္ Rain Gordon အမည္ရွိတဲ့အမ်ိဳးသမီးဟာ အတိတ္မွာ အမ်ိဳးသားမ်ားႏွင့္ဆက္ဆံေရးရွိခဲ့ေပမဲ့လည္း လက္ရွိမွာ အရာဝတၳဳအေပၚ ခ်စ္ျခင္းေမတၱာရွိေနခဲ့ပါတယ္..။

သူမဟာ ၂၀၁၅ ခုႏွစ္ဩဂုတ္လ မွာ ခင္ပြန္းျဖစ္လာမဲ့ လက္ဆြဲအိတ္ကို ေတြ႕ခဲ့ၿပီး အဆိုပါ လက္ဆြဲအိတ္ကို Gideon လို႔အမည္ေပးခဲ့ကာ ႀကိဳက္ႏွစ္သက္သြားခဲ့ပါတယ္..။
ႏိုဝင္ဘာလမွာေတာ့ Rain ႏွင့္ Gideon တို႔ရဲ႕ ဆက္ဆံေရးက တရားဝင္ျဖစ္လာခဲ့ၿပီး “အရာဝတၳဳေတြကို..၊
အသက္ ၈ႏွစ္အ႐ြယ္တုန္းက စတင္ႏွစ္သက္ခဲ့တာ ၊ဆယ္ေက်ာ္သက္အ႐ြယ္တုန္းက ၿမိဳ႕ထဲမွာ ဖြင့္တဲ့..၊
ေဈးဝယ္စင္တာအသစ္ကို ခ်စ္ျမတ္ႏိုးခဲ့တယ္ ၊ ဒီအရာကမွားယြင္းေနၿပီး လူ႔အဖြဲ႕အစည္းရဲ႕စံသတ္မွတ္ခ်က္ေတြထက္ ေက်ာ္လြန္ေနတာကို ကြၽန္မ သိပါတယ္ ”လို႔ Rain က ဆိုပါတယ္..။
Rain ဟာ ယခင္က ကြဲျပားတဲ့အရာဝတၳဳေတြကို စိတ္ဝင္စားခဲ့ေပမဲ့လည္း Gideon က သူမရဲ႕ပထမဆုံးဆက္ဆံေရးအမွန္ျဖစ္ခဲ့ပါတယ္..။
သူမဟာ ၂၀၁၇ ခုႏွစ္တုန္းက အမ်ိဳးသားတစ္ဦး နဲ႔ ၂ႏွစ္တြဲခဲ့ေပမဲ့လည္း အဆင္မေျပခဲ့ပါဘူး..။

ခ်စ္သူကလည္း သူမ အရာဝတၳဳအေပၚစြဲလမ္းေနတာကို သိသြားၿပီးေနာက္ အဲ့ဒါက လမ္းခြဲရတဲ့အေၾကာင္းရင္းတစ္ခုျဖစ္သြားခဲ့ပါတယ္..။
သူမဟာ ခ်စ္သူနဲ႔ Gideon အၾကားေ႐ြးခ်ယ္မႈတစ္ခုကိုရင္ဆိုင္ရတဲ့အခါ Gideon ကိုမတြန႔္ဆုတ္ဘဲေ႐ြးခ်ယ္ခဲ့ၿပီး..။
သူမက Gideon ကို အရာဝတၳဳလို႔မသုံးခ်င္ေပမဲ့ တကယ္ကလူေတြထက္ပိုေကာင္းတယ္လို႔ ဆိုခဲ့ပါတယ္..။
Rain ႏွင့္ Gideon ဟာ ၅ႏွစ္အတူေနခဲ့ၿပီးေနာက္ သူတို႔အား ၂၀၂၀ခုႏွစ္ ဇြန္လမွာ online ေပၚမွ သူငယ္ခ်င္းတစ္ေယာက္က လက္ထပ္ေပးခဲ့ပါတယ္..။
“လက္ထပ္ပြဲကတရားဝင္မဟုတ္ေပမဲ့လည္း ကြၽန္မတို႔ရဲ႕ဆက္ဆံေရးက တစ္ဆင့္ၿပီးတစ္ဆင့္ ေျပာင္းေနတာကိုသိရေတာ့ ကြၽန္မ ေက်နပ္မိတယ္..။
လူေတြက ကြၽန္မရဲ႕ခံစားခ်က္ကို နားမလည္ၾကပါဘူး ၊ ေနမေကာင္းျဖစ္လို႔ ေဆးကုဖို႔ ေျပာေနၾကတယ္ ၊ကြၽန္မကို ကဲ့ရဲ႕ေလွာင္ေျပာင္ၾကတယ္ ၊ ခ်စ္ျခင္းေမတၱာက ခ်စ္ျခင္းေမတၱာပါဘဲ..၊
လူေတြကိုပိုၿပီးနားလည္မႈရေစခ်င္တယ္ ၊ တစ္ေန႔က်ရင္ objectum လိင္အေၾကာင္းကို ကမာၻတစ္ဝွမ္းလုံးမွာ ပိုၿပီး သိလာၾကမွာပါ”လို႔..၊
Rain က ေဝဖန္သံေတြၾကားကေန Gideon ကို ေ႐ြးခ်ယ္ခဲ့ရတဲ့အေၾကာင္း ေျပာၾကားခဲ့ပါေသးတယ္..။
Unicode
ချစ်သူရှိရက်နဲ့ ကိုယ့်ပေါ်သစ္စာရှိတယ်လို့မှတ်ယူထားတဲ့ လက်ဆွဲအိတ်နဲ့သာ လက်ထပ်ခဲ့တဲ့ အမျိုးသမီး..၊
Russia နိုင်ငံရှိ Moscow မြို့မှ အသက် ၂၄ နှစ်အရွယ် Rain Gordon အမည်ရှိတဲ့အမျိုးသမီးဟာ အတိတ်မှာ အမျိုးသားများနှင့်ဆက်ဆံရေးရှိခဲ့ပေမဲ့လည်း လက်ရှိမှာ အရာဝတ္ထုအပေါ် ချစ်ခြင်းမေတ္တာရှိနေခဲ့ပါတယ်..။
သူမဟာ ၂၀၁၅ ခုနှစ်ဩဂုတ်လ မှာ ခင်ပွန်းဖြစ်လာမဲ့ လက်ဆွဲအိတ်ကို တွေ့ခဲ့ပြီး အဆိုပါ လက်ဆွဲအိတ်ကို Gideon လို့အမည်ပေးခဲ့ကာ ကြိုက်နှစ်သက်သွားခဲ့ပါတယ်..။

နိုဝင်ဘာလမှာတော့ Rain နှင့် Gideon တို့ရဲ့ ဆက်ဆံရေးက တရားဝင်ဖြစ်လာခဲ့ပြီး “အရာဝတ္ထုတွေကို..၊
အသက် ၈နှစ်အရွယ်တုန်းက စတင်နှစ်သက်ခဲ့တာ ၊ဆယ်ကျော်သက်အရွယ်တုန်းက မြို့ထဲမှာ ဖွင့်တဲ့..၊
ဈေးဝယ်စင်တာအသစ်ကို ချစ်မြတ်နိုးခဲ့တယ် ၊ ဒီအရာကမှားယွင်းနေပြီး လူ့အဖွဲ့အစည်းရဲ့စံသတ်မှတ်ချက်တွေထက် ကျော်လွန်နေတာကို ကျွန်မ သိပါတယ် ”လို့ Rain က ဆိုပါတယ်..။
Rain ဟာ ယခင်က ကွဲပြားတဲ့အရာဝတ္ထုတွေကို စိတ်ဝင်စားခဲ့ပေမဲ့လည်း Gideon က သူမရဲ့ပထမဆုံးဆက်ဆံရေးအမှန်ဖြစ်ခဲ့ပါတယ်..။
သူမဟာ ၂၀၁၇ ခုနှစ်တုန်းက အမျိုးသားတစ်ဦး နဲ့ ၂နှစ်တွဲခဲ့ပေမဲ့လည်း အဆင်မပြေခဲ့ပါဘူး..။
ချစ်သူကလည်း သူမ အရာဝတ္ထုအပေါ်စွဲလမ်းနေတာကို သိသွားပြီးနောက် အဲ့ဒါက လမ်းခွဲရတဲ့အကြောင်းရင်းတစ်ခုဖြစ်သွားခဲ့ပါတယ်..။
သူမဟာ ချစ်သူနဲ့ Gideon အကြားရွေးချယ်မှုတစ်ခုကိုရင်ဆိုင်ရတဲ့အခါ Gideon ကိုမတွန့်ဆုတ်ဘဲရွေးချယ်ခဲ့ပြီး..။
သူမက Gideon ကို အရာဝတ္ထုလို့မသုံးချင်ပေမဲ့ တကယ်ကလူတွေထက်ပိုကောင်းတယ်လို့ ဆိုခဲ့ပါတယ်..။

Rain နှင့် Gideon ဟာ ၅နှစ်အတူနေခဲ့ပြီးနောက် သူတို့အား ၂၀၂၀ခုနှစ် ဇွန်လမှာ online ပေါ်မှ သူငယ်ချင်းတစ်ယောက်က လက်ထပ်ပေးခဲ့ပါတယ်..။
“လက်ထပ်ပွဲကတရားဝင်မဟုတ်ပေမဲ့လည်း ကျွန်မတို့ရဲ့ဆက်ဆံရေးက တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းနေတာကိုသိရတော့ ကျွန်မ ကျေနပ်မိတယ်..။
လူတွေက ကျွန်မရဲ့ခံစားချက်ကို နားမလည်ကြပါဘူး ၊ နေမကောင်းဖြစ်လို့ ဆေးကုဖို့ ပြောနေကြတယ် ၊ကျွန်မကို ကဲ့ရဲ့လှောင်ပြောင်ကြတယ် ၊ ချစ်ခြင်းမေတ္တာက ချစ်ခြင်းမေတ္တာပါဘဲ..၊
လူတွေကိုပိုပြီးနားလည်မှုရစေချင်တယ် ၊ တစ်နေ့ကျရင် objectum လိင်အကြောင်းကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ပိုပြီး သိလာကြမှာပါ”လို့..၊
Rain က ဝေဖန်သံတွေကြားကနေ Gideon ကို ရွေးချယ်ခဲ့ရတဲ့အကြောင်း ပြောကြားခဲ့ပါသေးတယ်..။



