ၾကားသိရသမွ်

KG +၉ထိ ကျောင်းပညာရေးကို နိူင်ငံတော်က အဆင့်မှီမှီတာဝန်ယူသွားရန်ရှိကြောင်း စစ်ကောင်စီပြော

KG + 9 အထိ နိုင်ငံတော်အစိုးရက တာဝန်ယူ ဆောင်ရွက် ပေးရန်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြား

ယမန်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁) အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပညာရေးနှင့် ပတ်သက်၍ KG + 9 အထိ

နိုင်ငံတော်အစိုးရက တာဝန်ယူ ဆောင်ရွက် ပေးရန်ရှိ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့်လည်း စာသင်ကျောင်း များကို အဆင့်မီအောင် ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။

မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပညာရေးနှင့် ပတ်သက်၍ KG + 9 အထိ နိုင်ငံတော်အစိုးရက တာဝန်ယူ ဆောင်ရွက် ပေးရန်ရှိ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့်လည်း စာသင်ကျောင်း များကို

အဆင့်မီအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာများ အပြည့်အဝခန့်ထားနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ်ဒေသနှင့် ဝေးလံခေါင်သီဒေသများရှိ အခြေခံပညာ ကျောင်းသားကျောင်းသူများ အမှန်တကယ် စာတတ်မြောက်အောင်

လေ့ကျင့်သင်ကြားပေးရန် လိုကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမများ အနေဖြင့် ကလေးများ အမှန်တကယ် နားလည်တတ်ကျွမ်းမှု ရရှိစေရေး သင်ကြားပေးရန်လည်း လိုကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် အရည်အချင်း ပြည့်ဝသည့် ပညာရေးဝန်ထမ်းများကို လေ့ကျင့်မွေးထုတ် သွားရန်လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော် တည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်သည် အရေးကြီး ကြောင်း၊ သိပ္ပံဘာသာရပ်တွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာပညာရှင်များ အရေးကြီးသကဲ့သို့ စီးပွားရေးနှင့် ဥပဒေ ပညာရှင်များလည်း လေ့ကျင့်မွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် ကျေးလက်စီးပွားရေးမြှင့်တင်ပေးရန်အတွက်

စိုက်ပျိုးမွေးမြူ ရေး ပညာရှင်များ လိုအပ်ကြောင်း၊ နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ များစွာစေလွှတ် နိုင်ပါက နိုင်ငံတော်အတွက် အကျိုးရှိကြောင်း၊

ပညာတော်သင်များကို နေရာချထားရာ တွင်လည်း တတ်မြောက်ထားသည့် ပညာရပ်နှင့်ကိုက်ညီသည့် လုပ်ငန်းများတွင် လူမှန်၊ နေရာမှန် တာဝန်ပေး နေရာချထားရန် လိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အခြေခံပညာရေးနှင့် ပတ်သက်၍ NLD အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သော သင်ရိုးသစ်များသည် မြန်မာစာပေကို စနစ်တကျဖျက်ဆီးထားခြင်း၊ ကလေးငယ်များ အမှန်တကယ် တတ်မြောက်ရေးအတွက် အထောက်အကူမပြုခြင်း၊

အခြေခံပညာသင်ကျောင်းသားများနှင့် မလျော်ကန်သော ပြဋ္ဌာန်းချက်များ ပါဝင်နေသည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း နစက အစိုးရလက်ထက်တွင် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း မရှိသေးပေ။

———-

KG + 9 အထိ ႏိုင္ငံေတာ္အစိုးရက တာဝန္ယူ ေဆာင္႐ြက္ ေပးရန္ရွိေၾကာင္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ေျပာၾကား

ယမန္ေန႔က က်င္းပခဲ့သည့္ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝး အမွတ္စဥ္(၂/၂၀၂၁) အစည္းအေဝးတြင္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ပညာေရးႏွင့္ ပတ္သက္၍ KG + 9 အထိ

ႏိုင္ငံေတာ္အစိုးရက တာဝန္ယူ ေဆာင္႐ြက္ ေပးရန္ရွိ ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား အေနျဖင့္လည္း စာသင္ေက်ာင္း မ်ားကို အဆင့္မီေအာင္ ေဆာင္႐ြက္ေပးရန္လိုေၾကာင္း ေျပာၾကားခဲ့သည္။

မင္းေအာင္လႈိင္က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာတြင္ ပညာေရးႏွင့္ ပတ္သက္၍ KG + 9 အထိ ႏိုင္ငံေတာ္အစိုးရက တာဝန္ယူ ေဆာင္႐ြက္ ေပးရန္ရွိ ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား အေနျဖင့္လည္း စာသင္ေက်ာင္း မ်ားကို

အဆင့္မီေအာင္ ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ အေျခခံပညာေက်ာင္းမ်ားတြင္ ဆရာ၊ ဆရာမ်ား အျပည့္အဝခန႔္ထားႏိုင္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ နယ္စပ္ေဒသႏွင့္ ေဝးလံေခါင္သီေဒသမ်ားရွိ အေျခခံပညာ ေက်ာင္းသားေက်ာင္းသူမ်ား အမွန္တကယ္ စာတတ္ေျမာက္ေအာင္

ေလ့က်င့္သင္ၾကားေပးရန္ လိုေၾကာင္း၊ ထို႔ျပင္ ဆရာ၊ ဆရာမမ်ား အေနျဖင့္ ကေလးမ်ား အမွန္တကယ္ နားလည္တတ္ကြၽမ္းမႈ ရရွိေစေရး သင္ၾကားေပးရန္လည္း လိုေၾကာင္း၊ ပညာေရး ဝန္ႀကီးဌာနအေနျဖင့္ အရည္အခ်င္း ျပည့္ဝသည့္ ပညာေရးဝန္ထမ္းမ်ားကို ေလ့က်င့္ေမြးထုတ္ သြားရန္လိုေၾကာင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္ တည္ေဆာက္ရာတြင္ လူ႔စြမ္းအားအရင္းအျမစ္သည္ အေရးႀကီး ေၾကာင္း၊ သိပၸံဘာသာရပ္တြင္ ႐ူပေဗဒ၊ ဓာတုေဗဒ၊ သခ်ၤာပညာရွင္မ်ား အေရးႀကီးသကဲ့သို႔ စီးပြားေရးႏွင့္ ဥပေဒ ပညာရွင္မ်ားလည္း ေလ့က်င့္ေမြးထုတ္ေပးရန္ လိုအပ္ေၾကာင္း၊ ထို႔ျပင္ ေက်းလက္စီးပြားေရးျမႇင့္တင္ေပးရန္အတြက္

စိုက္ပ်ိဳးေမြးျမဴ ေရး ပညာရွင္မ်ား လိုအပ္ေၾကာင္း၊ ႏိုင္ငံရပ္ျခားသို႔ ပညာေတာ္သင္မ်ား မ်ားစြာေစလႊတ္ ႏိုင္ပါက ႏိုင္ငံေတာ္အတြက္ အက်ိဳးရွိေၾကာင္း၊

ပညာေတာ္သင္မ်ားကို ေနရာခ်ထားရာ တြင္လည္း တတ္ေျမာက္ထားသည့္ ပညာရပ္ႏွင့္ကိုက္ညီသည့္ လုပ္ငန္းမ်ားတြင္ လူမွန္၊ ေနရာမွန္ တာဝန္ေပး ေနရာခ်ထားရန္ လိုေၾကာင္း ထည့္သြင္း ေျပာၾကားခဲ့သည္။

အေျခခံပညာေရးႏွင့္ ပတ္သက္၍ NLD အစိုးရလက္ထက္က ျပ႒ာန္းခဲ့ေသာ သင္႐ိုးသစ္မ်ားသည္ ျမန္မာစာေပကို စနစ္တက်ဖ်က္ဆီးထားျခင္း၊ ကေလးငယ္မ်ား အမွန္တကယ္ တတ္ေျမာက္ေရးအတြက္ အေထာက္အကူမျပဳျခင္း၊

အေျခခံပညာသင္ေက်ာင္းသားမ်ားႏွင့္ မေလ်ာ္ကန္ေသာ ျပ႒ာန္းခ်က္မ်ား ပါဝင္ေနသည့္အေပၚ ေဝဖန္မႈမ်ား ထြက္ေပၚခဲ့ေသာ္လည္း နစက အစိုးရလက္ထက္တြင္ ျပန္လည္သုံးသပ္ျပင္ဆင္ျခင္း မရွိေသးေပ။