အင္းတေကာ္မွာ ဧရာဝတီဘဏ္ရဲ႕ ေငြသယ္ယာဥ္ ဓါးျပအတိုက္ခံရၿပီး သိန္းေပါင္း ၄ေသာင္း ပါသြားတယ္လို႔ သိရ
စက္တင္ဘာ ၁၃-၂၀၂၁ CKC + KK (VOM)
ပဲခူးၿမိဳ႕၊ AYA bank ကေန ေငြသယ္ေဆာင္လာတဲ့ ေငြသယ္ကားဟာ အင္းတေကာ္ၿမိဳ႕မွာ ဓားျပတိုက္ခံရၿပီး သိန္း ၄၀၀၀၀ ပါသြားတယ္လို႔ ပဲခူးေဒသခံတစ္
ဦးကေျပာပါတယ္။ ” သိန္း ၄၀၀၀၀ ပါသြားတယ္ ။ ျဖတ္လုတဲ့သူက ၇ ေယာက္ ၊ ရဲကႏွစ္ေယာက္ ၊ယာဥ္ထိန္းကတစ္ေယာက္။
အေယာင္ေဆာင္ေတြေပါ့။ အင္းတေကာ္ သာယာကုန္းနဲ႔စပ္ၾကား ၊ ပဲခူးကေန ရန္ကုန္အသြားေပါ့။ ဂိတ္စစ္တဲ့သေဘာနဲ႔ ျပေပါ့။ျပေတာ့ ပိုက္ဆံေတြကို သူ
တို႔စီမံထားတဲ့ကားေပၚတင္ၿပီး ပဲခူးဘက္ျပန္ေမာင္းေျပးေပါ့” လို႔ ရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။
ေန႔လယ္၂ နာရီေလာက္မွာ ပဲခူး AYAဘဏ္ကေန ဘဏ္ေငြသယ္ယာဥ္ ထြက္သြားတာျဖစ္ၿပီး ကားေပၚမွာ ဘဏ္ဝန္ထမ္း ၅ ဦးလိုက္ပါသြားတယ္လို႔လည္း သိရပါတ
ယ္။လက္ရွိမွာေတာ့ ရဲတပ္ဖြဲ႕က လိုက္လံစုံစမ္းစစ္ေဆးမႈကို လုပ္ေနၿပီး ဓားျပတိုက္သူကို ရွာေဖြေနတယ္လို႔သိရပါတယ္။
“ပဲခူးၿမိဳ႕ AYA ဘဏ္ကေန ေငြေတြကို ရန္ကုန္ကို ပို႔တာလို႔သိရတယ္။ ေန႔လယ္၂နာရီေက်ာ္ေလာက္က ကားနဲ႔ သယ္သြားတာမွာ အင္းတေကာ္နယ္ေျမရဲစခ
န္းအပိုင္ ထဲမွာ လုယက္ခံရတာလို႔ ေလာေလာဆယ္သိရတယ္ ။ ” လို႔ ပဲခူးၿမိဳ႕ခံတစ္ဦးကေျပာပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းေတြကလည္း ရန္ကုန္ၿမိဳ႕က ဘဏ္အခ်ိဳ႕နဲ႔ တီးတိန္ၿမိဳ႕ေပၚမွာ ဘဏ္ဓါးျပတိုက္တဲ့ျဖစ္စဥ္ေတြ ျဖစ္ပြားခဲ့ပါေသးတယ္။
voiceofmyanmar
unicode
အင်းတကော်မှာ ဧရာဝတီဘဏ်ရဲ့ ငွေသယ်ယာဉ် ဓါးပြအတိုက်ခံရပြီး သိန်းပေါင်း ၄သောင်း ပါသွားတယ်လို့ သိရ
စက်တင်ဘာ ၁၃-၂၀၂၁ CKC + KK (VOM)
ပဲခူးမြို့၊ AYA bank ကနေ ငွေသယ်ဆောင်လာတဲ့ ငွေသယ်ကားဟာ အင်းတကော်မြို့မှာ ဓားပြတိုက်ခံရပြီး သိန်း ၄၀၀၀၀ ပါသွားတယ်လို့ ပဲခူးဒေသခံတစ်ဦးကပြော
ပါတယ်။ ” သိန်း ၄၀၀၀၀ ပါသွားတယ် ။ ဖြတ်လုတဲ့သူက ၇ ယောက် ၊ ရဲကနှစ်ယောက် ၊ယာဉ်ထိန်းကတစ်ယောက်။
အယောင်ဆောင်တွေပေါ့။ အင်းတကော် သာယာကုန်းနဲ့စပ်ကြား ၊ ပဲခူးကနေ ရန်ကုန်အသွားပေါ့။ ဂိတ်စစ်တဲ့သဘောနဲ့ ပြပေါ့။ပြတော့ ပိုက်ဆံတွေကို သူတို့စီမံထား
တဲ့ကားပေါ်တင်ပြီး ပဲခူးဘက်ပြန်မောင်းပြေးပေါ့” လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
နေ့လယ်၂ နာရီလောက်မှာ ပဲခူး AYAဘဏ်ကနေ ဘဏ်ငွေသယ်ယာဉ် ထွက်သွားတာဖြစ်ပြီး ကားပေါ်မှာ ဘဏ်ဝန်ထမ်း ၅ ဦးလိုက်ပါသွားတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းစစ်ဆေးမှုကို လုပ်နေပြီး ဓားပြတိုက်သူကို ရှာဖွေနေတယ်လို့သိရပါတယ်။
“ပဲခူးမြို့ AYA ဘဏ်ကနေ ငွေတွေကို ရန်ကုန်ကို ပို့တာလို့သိရတယ်။ နေ့လယ်၂နာရီကျော်လောက်က ကားနဲ့ သယ်သွားတာမှာ အင်းတကော်နယ်မြေရဲစခန်းအပိုင် ထဲ
မှာ လုယက်ခံရတာလို့ လောလောဆယ်သိရတယ် ။ ” လို့ ပဲခူးမြို့ခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ရန်ကုန်မြို့က ဘဏ်အချို့နဲ့ တီးတိန်မြို့ပေါ်မှာ ဘဏ်ဓါးပြတိုက်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါသေးတယ်။
voiceofmyanmar