သရုပ်ဆောင် မင်းမော်ကွန်းကတော့ ထပ်သတိပေးလိုက်ပြန်ပြီ
တော်လှန်ရေးကာလအချိန်ကြာလာတာနဲ့အမျှ..ခက်ခဲပင်ပန်းလာတာတွေ..အားငယ်စိတ်ဓါတ်ကျတာတွေ….အားလျော့ချင်စိတ်တွေက…အနည်းနဲ့အများဖြစ်လာကြမှာပါ…
ကျွန်တော်ကိုယ်တိုင်လည်း…အကြိမ်ကြိမ်အားငယ်ဝမ်းနည်းတာတွေ…လူရောစိတ်ရောပင်ပန်းနာကျင်ရတာတွေ…
ခဏခဏလဲကျပြီးပြန်မထချင်လောက်အောင်…စိတ်ဓါတ်တွေပြိုကျခဲ့ရတာတွေ…အမှန်တကယ်ရှိခဲ့ကြောင်းကို…ဝန်ခံပါတယ်..
ဒါပေမယ့်ကျွန်တော်တို့အရှုံးပေးလို့မရပါဘူး….ကျွန်တော်တို့သည် ဒီတော်လှန်ရေးကို..ခဏတာခံစားချက်နဲ့လုပ်ခဲ့မိကြတာမဟုတ်ပါ…
မတရားဖိနှိပ်တာ အနိုင်ကျင့်တာမကြိုက်လို့…လွပ်လပ်ခြင်း တရားမျှတခြင်းနဲ့…လူ့အခွင့်အရေးတန်းတူညီမျှခြင်းကို…
အမှန်တကယ်ချစ်မြတ်နိုးလို့….တော်လှန်ခဲ့ကြခြင်းပါ….လွပ်လပ်ခွင့်တွေဆုံးရှုံးရလို့….တရားမျှတခြင်းမရှိဘူးလို့ခံယူထားလို့…
အမှန်တရားနဲ့လွဲချော်နေမှန်းသိလို့….လက်နက်ကိုင်ထားတိုင်းကြောက်မနေချင်လို့….လူပေါ်မူတည်ပြီးခွဲခြားအုပ်ချုပ်တာမခံချင်လို့…
အသိတရားနဲ့ ခံယူချက်ကြောင့်သာ….တော်လှန်ဆန့်ကျင်ခဲ့ကြခြင်းဖြစ်ပါတယ်….ခံစားချက်ပေါ်မူတည်ပြီးဖြစ်လာရတဲ့….
တော်လှန်လိုစိတ်ဟာ….ခံစားချက်အပြောင်းအလဲအလိုက်….မှေးမှိန်လာတတ်ပေမယ့်….ခံယူချက်ကြောင့်တော်လှန်ခြင်းကတော့….
ဘယ်အခြေအနေရောက်ရောက်…မပြောင်းလဲမယိမ်းယိုင်နိုင်ပါဘူး…ဒီအတွက်ဘာတွေကြုံလာကြုံလာ…နောက်ဆုတ်ဖို့မရှိပါဘူး…
နောင်တမရပါဘူးအရှုံးမပေးပါဘူး…ကမ္ဘာမကျေပါဘူး…..ကိုယ်ယုံကြည်ရာအမှန်တရားကို….ရအောင်ယူဖို့ ဖြစ်အောင်လုပ်ဖို့က…အားလုံးရဲ့တာဝန်ဖြစ်ပြီး…..
ဒီတာဝန်အတွက်လူသားတိုင်းမှာ…မွေးရာပါခွန်အားတွေရှိကြပါတယ်…ဒီထက်အရေးကြီးတာက…ကျွန်တော်တို့မျိုးဆက်သစ်တွေကို…..
အာဏာတစ်ခုကြောင့်သာ…မတရားသဖြင့်ချမ်းသာကြပြီး…ဘာအရည်အချင်း အဆင့်အတန်းမှမရှိ…လူမဆန်တဲ့သူတွေရဲ့…မတရားအနိုင်ကျင့်ခြင်းတွေ…
လူပါးဝ စော်ကားခြင်းတွေကို…ခွင့်ပြုဖို့ နောက်ထပ်ဘယ်တော့မှ…မဖြစ်နိုင်တော့ပါဘူး…ဒါကြောင့် အားတင်းပါ…အားမွေးထားကြပါ…..
အရာရာအတွက်ကြိုတင်ပြင်ဆင်…အသင့်ဖြစ်ပါစေ…ကျန်းမာရေးကောင်းပါစေ…သွေးမကွဲပါစေနဲ့……
ကျွန်တော်တို့ပြည်သူအားလုံး…တိုင်းရင်းသားအားလုံးက တညီတညွတ်ထဲတော်လှန်ရင်…ဘယ်အာဏာရှင်မှ ကြာရှည်မခံနိုင်ပါဘူး…
အဆုံးသတ်တိုက်ပွဲအတွက်…အဆင်သင့်ရှိကြပါစေ…အရေးတော်ပုံ အောင်ရမည်..
Kyaw Kyaw Htay Lwin
Zawgyi
သရုပ္ေဆာင္ မင္းေမာ္ကြန္းကေတာ့ ထပ္သတိေပးလိုက္ျပန္ျပီ
ေတာ္လွန္ေရးကာလအခ်ိန္ၾကာလာတာနဲ႔အမွ်..ခက္ခဲပင္ပန္းလာတာေတြ..အားငယ္စိတ္ဓါတ္က်တာေတြ….အားေလ်ာ့ခ်င္စိတ္ေတြက…အနည္းနဲ႔အမ်ားျဖစ္လာၾကမွာပါ…
ကြၽန္ေတာ္ကိုယ္တိုင္လည္း…အႀကိမ္ႀကိမ္အားငယ္ဝမ္းနည္းတာေတြ…လူေရာစိတ္ေရာပင္ပန္းနာက်င္ရတာေတြ…
ခဏခဏလဲက်ၿပီးျပန္မထခ်င္ေလာက္ေအာင္…စိတ္ဓါတ္ေတြၿပိဳက်ခဲ့ရတာေတြ…အမွန္တကယ္ရွိခဲ့ေၾကာင္းကို…ဝန္ခံပါတယ္..
ဒါေပမယ့္ကြၽန္ေတာ္တို႔အရႈံးေပးလို႔မရပါဘူး….ကြၽန္ေတာ္တို႔သည္ ဒီေတာ္လွန္ေရးကို..ခဏတာခံစားခ်က္နဲ႔လုပ္ခဲ့မိၾကတာမဟုတ္ပါ…
မတရားဖိႏွိပ္တာ အႏိုင္က်င့္တာမႀကိဳက္လို႔…လြပ္လပ္ျခင္း တရားမွ်တျခင္းနဲ႔…လူ႔အခြင့္အေရးတန္းတူညီမွ်ျခင္းကို…
အမွန္တကယ္ခ်စ္ျမတ္ႏိုးလို႔….ေတာ္လွန္ခဲ့ၾကျခင္းပါ….လြပ္လပ္ခြင့္ေတြဆုံးရႈံးရလို႔….တရားမွ်တျခင္းမရွိဘူးလို႔ခံယူထားလို႔…
အမွန္တရားနဲ႔လြဲေခ်ာ္ေနမွန္းသိလို႔….လက္နက္ကိုင္ထားတိုင္းေၾကာက္မေနခ်င္လို႔….လူေပၚမူတည္ၿပီးခြဲျခားအုပ္ခ်ဳပ္တာမခံခ်င္လို႔…
အသိတရားနဲ႔ ခံယူခ်က္ေၾကာင့္သာ….ေတာ္လွန္ဆန႔္က်င္ခဲ့ၾကျခင္းျဖစ္ပါတယ္….ခံစားခ်က္ေပၚမူတည္ၿပီးျဖစ္လာရတဲ့….
ေတာ္လွန္လိုစိတ္ဟာ….ခံစားခ်က္အေျပာင္းအလဲအလိုက္….ေမွးမွိန္လာတတ္ေပမယ့္….ခံယူခ်က္ေၾကာင့္ေတာ္လွန္ျခင္းကေတာ့….
ဘယ္အေျခအေနေရာက္ေရာက္…မေျပာင္းလဲမယိမ္းယိုင္ႏိုင္ပါဘူး…ဒီအတြက္ဘာေတြႀကဳံလာႀကဳံလာ…ေနာက္ဆုတ္ဖို႔မရွိပါဘူး…
ေနာင္တမရပါဘူးအရႈံးမေပးပါဘူး…ကမာၻမေက်ပါဘူး…..ကိုယ္ယုံၾကည္ရာအမွန္တရားကို….ရေအာင္ယူဖို႔ ျဖစ္ေအာင္လုပ္ဖို႔က…အားလုံးရဲ႕တာဝန္ျဖစ္ၿပီး…..
ဒီတာဝန္အတြက္လူသားတိုင္းမွာ…ေမြးရာပါခြန္အားေတြရွိၾကပါတယ္…ဒီထက္အေရးႀကီးတာက…ကြၽန္ေတာ္တို႔မ်ိဳးဆက္သစ္ေတြကို…..
အာဏာတစ္ခုေၾကာင့္သာ…မတရားသျဖင့္ခ်မ္းသာၾကၿပီး…ဘာအရည္အခ်င္း အဆင့္အတန္းမွမရွိ…လူမဆန္တဲ့သူေတြရဲ႕…မတရားအႏိုင္က်င့္ျခင္းေတြ…
လူပါးဝ ေစာ္ကားျခင္းေတြကို…ခြင့္ျပဳဖို႔ ေနာက္ထပ္ဘယ္ေတာ့မွ…မျဖစ္ႏိုင္ေတာ့ပါဘူး…ဒါေၾကာင့္ အားတင္းပါ…အားေမြးထားၾကပါ…..
အရာရာအတြက္ႀကိဳတင္ျပင္ဆင္…အသင့္ျဖစ္ပါေစ…က်န္းမာေရးေကာင္းပါေစ…ေသြးမကြဲပါေစနဲ႔……
ကြၽန္ေတာ္တို႔ျပည္သူအားလုံး…တိုင္းရင္းသားအားလုံးက တညီတၫြတ္ထဲေတာ္လွန္ရင္…ဘယ္အာဏာရွင္မွ ၾကာရွည္မခံႏိုင္ပါဘူး…
အဆုံးသတ္တိုက္ပြဲအတြက္…အဆင္သင့္ရွိၾကပါေစ…အေရးေတာ္ပုံ ေအာင္ရမည္..
Kyaw Kyaw Htay Lwin