ၾကားသိရသမွ်

ေရႊဘိုၿမိဳ့ မူးေရေပးေဝသည့္ ေျမာင္းအတြင္းမွာေမ်ွာပါလာတဲ့See More…

Zawgyi

ေရႊဘိုၿမိဳ့ မူးေရေပးေဝသည့္ ေျမာင္းအတြင္းမွာေမ်ွာပါလာတဲ့See More…

စစ္ကိုင္းတိုင္းေဒသႀကီး ေရႊဘိုၿမိဳ့ ေတာင္တံခါးမူးေရေပးေဝသည့္ ေျမာင္းအတြင္း ေခါင္းျဖတ္ခံထားရသည့္ ႐ုပ္အေလာင္းသုံးေလာင္းကို ဧၿပီ ၂၂ ရက္ေန႔တြင္ ေတြ႕ရွိခဲ့ေၾကာင္း ေရႊဘိုၿမိဳ့အေျခစိုက္ လူမွုကယ္ဆယ္ေရး အသင္းမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

” လူေသေလာင္းသုံးေလာင္းပါ။ မူးေရေျမာင္းထဲေမၽွာလာတာမွန္ပါတယ္။ ညီမတို့ ဆယ္ယူတဲ့ အလုပ္ မလုပ္ခဲ့ေပမယ့္ ျဖစ္စဥ္ကေတာ့ မွန္ပါတယ္။ ဒါမ်ိဳးေတြ ေမၽွာလာတာ မၾကာမၾကာပါဘဲ။ ေရႊဘိုရဲ့ အထက္ပိုင္းမွာ

တိုက္ပြဲျဖစ္ေနတဲ့ေနရာေတြရွိေတာ့ အဲ့ဒီကဘဲ ေမ်ာပါလာတာလား၊ ဒါမ မဟုတ္အျခား ေနရာကဘဲလားဆိုတာေတာ့ မသိဘူး။ အမ်ားေျပာသလိုဆိုရင္ ေခါင္းျဖတ္သတ္ၿပီးမွ ေရထဲေမၽွာလိုက္တဲ့ ပုံမ်ိဳးလို့ေတာ့ၾကားရပါတယ္” ဟု ရွင္းျပသည္။

မူးေရေပးေဝသည့္ ေျမာင္းဆိုသည္မွာ မူးျမစ္အတြင္းမွ ေရအား ေရႊဘိုၿမိဳ့ရွိ လယ္ကြင္းမ်ားအတြင္း ေရရရွိရန္ သြယ္တန္းေပးထားေသာ ေရႏွုတ္ေျမာင္းျဖစ္ေၾကာင္း ဆိုသည္။

ယင္းႏွင့္ပတ္သက္၍လည္း ေဒသတြင္း လူမွုကြန္ရက္စာမ်က္ႏွာမ်ားအေပၚတြင္ ျဖန႔္ေဝထားသည့္ ပုံမ်ားကို ေတြ႕ရွိရၿပီး ၊

မူးျမစ္အတြင္း ဧၿပီ ၂၃ ရက္ေန႔က ပုပ္ပြေနသည့္ အမ်ိဳးသား႐ုပ္အေလာင္းတစ္ေလာင္းကို ေတြ႕ရွိရသည့္အျပင္ ဧၿပီ ၁ ရက္ေန႔၌လည္း ေရဦးၿမိဳ့နယ္ ၊ေႏွာကုန္းေက်းရြာအနီး၌ အလားတူ လူေသအေလာင္း ႏွစ္ေလာင္း ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

Unicode

ရွှေဘိုမြို့ မူးရေပေးဝေသည့် မြောင်းအတွင်းမှာမျှောပါလာတဲ့See More…

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ တောင်တံခါးမူးရေပေးဝေသည့် မြောင်းအတွင်း ခေါင်းဖြတ်ခံထားရသည့် ရုပ်အလောင်းသုံးလောင်းကို ဧပြီ ၂၂ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း ရွှေဘိုမြို့အခြေစိုက် လူမှုကယ်ဆယ်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

” လူသေလောင်းသုံးလောင်းပါ။ မူးရေမြောင်းထဲမျှောလာတာမှန်ပါတယ်။ ညီမတို့ ဆယ်ယူတဲ့ အလုပ် မလုပ်ခဲ့ပေမယ့် ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ဒါမျိုးတွေ မျှောလာတာ မကြာမကြာပါဘဲ။ ရွှေဘိုရဲ့ အထက်ပိုင်းမှာ

တိုက်ပွဲဖြစ်နေတဲ့နေရာတွေရှိတော့ အဲ့ဒီကဘဲ မျောပါလာတာလား၊ ဒါမ မဟုတ်အခြား နေရာကဘဲလားဆိုတာတော့ မသိဘူး။ အများပြောသလိုဆိုရင် ခေါင်းဖြတ်သတ်ပြီးမှ ရေထဲမျှောလိုက်တဲ့ ပုံမျိုးလို့တော့ကြားရပါတယ်” ဟု ရှင်းပြသည်။

မူးရေပေးဝေသည့် မြောင်းဆိုသည်မှာ မူးမြစ်အတွင်းမှ ရေအား ရွှေဘိုမြို့ရှိ လယ်ကွင်းများအတွင်း ရေရရှိရန် သွယ်တန်းပေးထားသော ရေနှုတ်မြောင်းဖြစ်ကြောင်း ဆိုသည်။

ယင်းနှင့်ပတ်သက်၍လည်း ဒေသတွင်း လူမှုကွန်ရက်စာမျက်နှာများအပေါ်တွင် ဖြန့်ဝေထားသည့် ပုံများကို တွေ့ရှိရပြီး ၊

မူးမြစ်အတွင်း ဧပြီ ၂၃ ရက်နေ့က ပုပ်ပွနေသည့် အမျိုးသားရုပ်အလောင်းတစ်လောင်းကို တွေ့ရှိရသည့်အပြင် ဧပြီ ၁ ရက်နေ့၌လည်း ရေဦးမြို့နယ် ၊နှောကုန်းကျေးရွာအနီး၌ အလားတူ လူသေအလောင်း နှစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။