သတိ့ဆိုစော် ပိုလို့မဟိ အမြဲးသတိ့ဟိကပ်ပါ အမျိုးတိ့21.1.2022(ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်တွင်၊ ရခိုင် အိမ်တစ်အိမ်ကို ဒီနေ့ နေခင်းက မီးခလေး နှစ်ဦးရှိနေစဉ် အနုကြမ်း စီးခံရတဲ့ Video file.
ရန်ကုန်နေရင် အိမ်တံခါးတော အမြဲ ပိတ်ထားဖို့လိုတယ်၊ အန္တရာယ်ဆီုတာ မြင်ရတာမဟုက်ဘူး။
တောင်ဥက္ကလာမှာ အမျိုးသမီးနှစ်ဦး အိမ်ပေါ်တက်အနုကြမ်းစီးပြီး ရွှေငွေတွေ လုယက်သွား
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာ အမျိုးသမီးနှစ်ဦး နေအိမ်တစ်လုံးပေါ်တက်ပြီး အနုကြမ်းစီးကာ ရွှေငွေတွေကို လုယက်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၀ရက် ညနေပိုင်းမှာ တောင်ဥက္ကလာပမြို့နယ်၊ ၄ ရပ်ကွက်အတွင်းသာမာန် လက်လုပ်လက်စား အများစု နေထိုင်တဲ့ နေရာက အိမ်တစ်အိမ်ကို ဘယ်သူဘယ်ဝါမှန်း မသိရသေးတဲ့ အမျိုးသမီးနှစ်ဦးက ဓါးကိုင်ပြီး အနုကြမ်း စီးလုယက်ခဲ့တာပါ။
“ အဲ့ဒီရပ်ကွက်က အိမ်သေးသေးလေးတွေ စုစု စုစုနဲ့နေတာပဲ။ မနေ့က လုသွားတာ။” လို့ တောင်ဥက္ကလာမြို့ခံတစ်ဦးက ဆိုပါတယ်။
အနုကြမ်းစီးမှု ဖြစ်ပွားပြီးနောက် ရိုက်ကူးထားပုံရတဲ့ ရုပ်သံဖိုင်ထဲမှာတော့ အလုယက်ခံလိုက်ရတဲ့ နေအိမ်မှာ အမျိုးသမီးငယ်တစ်ဦး ငိုကြွေးနေတာကို တွေ့ရပြီး တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်း လုပ်ကိုင်တဲ့ နေအိမ်တစ်လုံး ဖြစ်ဖွယ် ရှိပါတယ်။
နေအိမ်ထဲမှာ တွေ့ရတဲ့ အမျိုးသမီးငယ်ဟာ အိမ်မှာ တစ်ဦးထဲ ကျန်ခဲ့စဉ်လုယက်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ အော်ဟစ် အကူအညီတောင်းသံကြောင့် အနီးအနားက သူတွေ ရောက်လာချိန်မှာတော့ လုယက်သွားတဲ့ အမျိုးသမီးနှစ်ဦးလွတ်မြောက်သွားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်မှာ လက်ဝတ်လက်စားတွေနဲ့ ငွေဆယ်သိန်း လုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။
DeltaNewsAgency
zawgyi version
သတိ့ဆိုေစာ္ ပိုလို႔မဟိ အျမဲးသတိ့ဟိကပ္ပါ အမ်ိဳးတိ့21.1.2022(ရန္ကုန္၊ ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္၊ ရခိုင္ အိမ္တစ္အိမ္ကို ဒီေန႔ ေနခင္းက မီးခေလး ႏွစ္ဦးရွိေနစဥ္ အႏုၾကမ္း စီးခံရတဲ့ Video file.ရန္ကုန္ေနရင္ အိမ္တံခါးေတာ အျမဲ ပိတ္ထားဖို႔လိုတယ္၊ အႏၲရာယ္ဆီုတာ ျမင္ရတာမဟုက္ဘူး။
ေတာင္ဥကၠလာမွာ အမ်ိဳးသမီးႏွစ္ဦး အိမ္ေပၚတက္အႏုၾကမ္းစီးၿပီး ေရႊေငြေတြ လုယက္သြား
ရန္ကုန္ၿမိဳ႕၊ ေတာင္ဥကၠလာပၿမိဳ႕နယ္မွာ အမ်ိဳးသမီးႏွစ္ဦး ေနအိမ္တစ္လုံးေပၚတက္ၿပီး အႏုၾကမ္းစီးကာ ေရႊေငြေတြကို လုယက္သြားခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
ဇန္နဝါရီ ၂၀ရက္ ညေနပိုင္းမွာ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ၄ ရပ္ကြက္အတြင္းသာမာန္ လက္လုပ္လက္စား အမ်ားစု ေနထိုင္တဲ့ ေနရာက အိမ္တစ္အိမ္ကို ဘယ္သူဘယ္ဝါမွန္း မသိရေသးတဲ့ အမ်ိဳးသမီးႏွစ္ဦးက ဓါးကိုင္ၿပီး အႏုၾကမ္း စီးလုယက္ခဲ့တာပါ။
“ အဲ့ဒီရပ္ကြက္က အိမ္ေသးေသးေလးေတြ စုစု စုစုနဲ႔ေနတာပဲ။ မေန႔က လုသြားတာ။” လို႔ ေတာင္ဥကၠလာၿမိဳ႕ခံတစ္ဦးက ဆိုပါတယ္။
အႏုၾကမ္းစီးမႈ ျဖစ္ပြားၿပီးေနာက္ ရိုက္ကူးထားပုံရတဲ့ ႐ုပ္သံဖိုင္ထဲမွာေတာ့ အလုယက္ခံလိုက္ရတဲ့ ေနအိမ္မွာ အမ်ိဳးသမီးငယ္တစ္ဦး ငိုေႂကြးေနတာကို ေတြ႕ရၿပီး တစ္နိုင္တစ္ပိုင္ စက္ခ်ဳပ္လုပ္ငန္း လုပ္ကိုင္တဲ့ ေနအိမ္တစ္လုံး ျဖစ္ဖြယ္ ရွိပါတယ္။
ေနအိမ္ထဲမွာ ေတြ႕ရတဲ့ အမ်ိဳးသမီးငယ္ဟာ အိမ္မွာ တစ္ဦးထဲ က်န္ခဲ့စဥ္လုယက္ခံခဲ့ရတာျဖစ္ၿပီး သူ႔ရဲ့ ေအာ္ဟစ္ အကူအညီေတာင္းသံေၾကာင့္ အနီးအနားက သူေတြ ေရာက္လာခ်ိန္မွာေတာ့ လုယက္သြားတဲ့ အမ်ိဳးသမီးႏွစ္ဦးလြတ္ေျမာက္သြားခဲ့ၿပီး ျဖစ္တယ္လို႔ သိရပါတယ္။
ဒီျဖစ္စဥ္မွာ လက္ဝတ္လက္စားေတြနဲ႔ ေငြဆယ္သိန္း လုယက္ခံခဲ့ရတယ္လို႔ သိရပါတယ္။
DeltaNewsAgency



