ၾကားသိရသမွ်

မြန်မာပြည်က လူယုတ်မာများ အမြင်မှန် မရခြင်း၏ အဓိက အကြောင်းအရင်း

မြန်မာပြည်က လူယုတ်မာများ အမြင်မှန် မရခြင်း၏ အဓိက အကြောင်းအရင်း..

နာမည်ကျော်ဘုန်းကြီးအတော်များများ အာဏာရှိလူကြီးအတော်များများ ထိပ်တန်းသူဌေးကြီးအတော်များများ နည်းမျိုးစုံနဲ့လေ့လာကြည့်တဲ့အခါ စဉ်းစားဖွယ်ရာအဖြေတစ်ခုရခဲ့ပါတယ်…။

မြန်မာအားလုံးနဲ့ သက်ဆိုင်ပြီး မြန်မာနိုင်ငံသားအားလုံးပိုင်ဆိုင်တဲ့ သယံဇာတတွေ အခွင့်အလန်းတွေကို ရာထူးအာဏာအသုံးချပြီးတော့ မတရားချမ်းသာကြီးပွားနေသူတွေ မြန်မာနိုင်ငံမှာအများကြီးရှိပါတယ်။

မြန်မာထိပ်တန်း သူဌေးအများစုဟာ ရာထူးအာဏာကို ခုတုံးလုပ်အသုံးချပြီး မြေတွေ နေရာတွေသိမ်းယူ ပြန်ရောင်း အငှားချ.. သယံဇာတတွေ တူးဖော်ထုတ်ရောင်းစားလို့

ကြီးပွားချမ်းသာလာကြသူတွေနဲ့ အရက်ဘီယာ မူးယစ်ဆေးတွေ အကြီးအကျယ် ထုတ်လုပ်ရောင်းချပြီးတော့ (ငြိမ်ချမ်းရေးယူ) ကြီးပွားချမ်းသာသူတွေသာ များပါတယ်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်ပါလျက် သူတို့အနေနဲ့ ယခုတိုင်အမြင်မှန်မရသေးတာ ဝိသမလောဘစိတ်တွေနဲ့ မတရားလုပ်ရဲတာ အအိပ်မပျက်/အစားမပျက်/သွားလာမပျက်

သူတော်ကောင်းကြီးတွေပမာ နေနိုင်ကြတာ ဘာဖြစ်လို့ဆိုတာ အဖြေရှာချင်လို့ ကာလရှည်စွာလေ့လာအကဲခတ်ကြည့်ရာမှာတော့ သူတို့ကိုးကွယ်နေတဲ့ ဆရာတော်အများစုက

အဲ့ဒီအာဏာရှိသူတွေနဲ့တွေ့တဲ့အခါတိုင်း သူတို့တတွေဟာ အခုလိုဘဝရတာ ရှေးဘုန်းကံကြောင့် ချမ်းသာရလာသလို လက်ရှိအလုပ်တွေကပဲ မှန်ကန်နေသလို ပြည်သူလူထုကပဲ အသိဉာဏ်နည်းနေသလို ပစ္စည်းမွဲလူတန်းစားကို ကွန်မြူနစ်လို့သမုတ် သူတို့တတွေကိုတော့ သာသနာပြုပုဂ္ဂိုလ်တွေပမာ ဟောပြောနေကြတာတွေ့ရပါတယ်။

မတရား မလုပ်သင့်ကြောင်း/ မအပ်စပ်ကြောင်း လမ်းမှားနေကြောင်း ဟောပြောခြင်း မရှိတာ ကိုယ်တွေ့များစွာကြုံဘူးသလို.. တဆင့်စကားလည်း များစွာကြားဘူးပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအပေါ် ဘယ်လောက်အထိ ယုတ်မာနေပါစေ တိုင်းပြည်ဘဏ္ဍာကို ဘယ်လောက်အထိ မတရားခိုးယူနေပါစေ ကိုယ့်ကျောင်းတိုက်ကိုလာတယ် ကိုယ့်ကိုလှူဒါန်းပေးတယ်ဆို ဘာတစ်ခွန်းမှမပြောကြတာ အများဆုံးတွေ့ရပါတယ်။

အဆိုးဆုံးက သာသနာပြုသူတော်ကောင်းလို့တောင် ဝမ်းမြောက်ဝမ်းသာ ပြောဆိုကြခြင်းဖြစ်ပါတယ်။ (အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်)

ဒီလူတွေ အမြင်မှန်မရပဲ (သတ်ဖို့ဝန်မလေး/ ခိုးဖို့ဝန်မလေး/ လိမ်ညာဖို့ဝန်မလေး/ အရက်သေစာအထူးပြောဖို့မလို) သီလတွေချိုးဖောက်ပြီး ဒီလောက်အထိ မိုက်တွင်းနက်နေကြတာ သူတို့အမြဲဆည်းကပ်ကိုးကွယ်နေကြတဲ့ ဘုန်းကြီးတွေကြောင့်လည်း ပါနိုင်ပါတယ်။ မြန်မာတွေ အဖက်ဖက်မှာဆင်းရဲတာ အဲ့သလိုဘုန်းကြီးတွေကြောင့်လဲ အကြောင်းအရင်းတခု ဖြစ်နိုင်ပါတယ်။ အားလုံးကို မဆိုလိုပါ။

အမိမြေမှာ သစ္စာပန်းများ ပွင့်လန်းနိုင်ပါစေ..

အရှင်တေဇနိယ (မန်းတောင်ခြေ)

zawgyi version

ျမန္မာျပည္က လူယုတ္မာမ်ား အျမင္မွန္ မရျခင္း၏ အဓိက အေၾကာင္းအရင္း..

နာမည္ေက်ာ္ဘုန္းႀကီးအေတာ္မ်ားမ်ား အာဏာရွိလူႀကီးအေတာ္မ်ားမ်ား ထိပ္တန္းသူေဌးႀကီးအေတာ္မ်ားမ်ား နည္းမ်ိဳးစုံနဲ႔ေလ့လာၾကည့္တဲ့အခါ စဥ္းစားဖြယ္ရာအေျဖတစ္ခုရခဲ့ပါတယ္…။

ျမန္မာအားလုံးနဲ႔ သက္ဆိုင္ၿပီး ျမန္မာနိုင္ငံသားအားလုံးပိုင္ဆိုင္တဲ့ သယံဇာတေတြ အခြင့္အလန္းေတြကို ရာထူးအာဏာအသုံးခ်ၿပီးေတာ့ မတရားခ်မ္းသာႀကီးပြားေနသူေတြ ျမန္မာနိုင္ငံမွာအမ်ားႀကီးရွိပါတယ္။

ျမန္မာထိပ္တန္း သူေဌးအမ်ားစုဟာ ရာထူးအာဏာကို ခုတုံးလုပ္အသုံးခ်ၿပီး ေျမေတြ ေနရာေတြသိမ္းယူ ျပန္ေရာင္း အငွားခ်.. သယံဇာတေတြ တူးေဖာ္ထုတ္ေရာင္းစားလို႔

ႀကီးပြားခ်မ္းသာလာၾကသူေတြနဲ႔ အရက္ဘီယာ မူးယစ္ေဆးေတြ အႀကီးအက်ယ္ ထုတ္လုပ္ေရာင္းခ်ၿပီးေတာ့ (ၿငိမ္ခ်မ္းေရးယူ) ႀကီးပြားခ်မ္းသာသူေတြသာ မ်ားပါတယ္။

ဗုဒၶဘာသာျမန္မာလူမ်ိဳးျဖစ္ပါလ်က္ သူတို႔အေနနဲ႔ ယခုတိုင္အျမင္မွန္မရေသးတာ ဝိသမေလာဘစိတ္ေတြနဲ႔ မတရားလုပ္ရဲတာ အအိပ္မပ်က္/အစားမပ်က္/သြားလာမပ်က္

သူေတာ္ေကာင္းႀကီးေတြပမာ ေနနိုင္ၾကတာ ဘာျဖစ္လို႔ဆိုတာ အေျဖရွာခ်င္လို႔ ကာလရွည္စြာေလ့လာအကဲခတ္ၾကည့္ရာမွာေတာ့ သူတို႔ကိုးကြယ္ေနတဲ့ ဆရာေတာ္အမ်ားစုက

အဲ့ဒီအာဏာရွိသူေတြနဲ႔ေတြ႕တဲ့အခါတိုင္း သူတို႔တေတြဟာ အခုလိုဘဝရတာ ေရွးဘုန္းကံေၾကာင့္ ခ်မ္းသာရလာသလို လက္ရွိအလုပ္ေတြကပဲ မွန္ကန္ေနသလို ျပည္သူလူထုကပဲ အသိဉာဏ္နည္းေနသလို ပစၥည္းမြဲလူတန္းစားကို ကြန္ျမဴနစ္လို႔သမုတ္ သူတို႔တေတြကိုေတာ့ သာသနာျပဳပုဂၢိဳလ္ေတြပမာ ေဟာေျပာေနၾကတာေတြ႕ရပါတယ္။

မတရား မလုပ္သင့္ေၾကာင္း/ မအပ္စပ္ေၾကာင္း လမ္းမွားေနေၾကာင္း ေဟာေျပာျခင္း မရွိတာ ကိုယ္ေတြ႕မ်ားစြာၾကဳံဘူးသလို.. တဆင့္စကားလည္း မ်ားစြာၾကားဘူးပါတယ္။

တိုင္းျပည္နဲ႔ လူမ်ိဳးအေပၚ ဘယ္ေလာက္အထိ ယုတ္မာေနပါေစ တိုင္းျပည္ဘ႑ာကို ဘယ္ေလာက္အထိ မတရားခိုးယူေနပါေစ ကိုယ့္ေက်ာင္းတိုက္ကိုလာတယ္ ကိုယ့္ကိုလႉဒါန္းေပးတယ္ဆို ဘာတစ္ခြန္းမွမေျပာၾကတာ အမ်ားဆုံးေတြ႕ရပါတယ္။

အဆိုးဆုံးက သာသနာျပဳသူေတာ္ေကာင္းလို႔ေတာင္ ဝမ္းေျမာက္ဝမ္းသာ ေျပာဆိုၾကျခင္းျဖစ္ပါတယ္။ (အလြန္ဝမ္းနည္းစရာ ေကာင္းပါတယ္)

ဒီလူေတြ အျမင္မွန္မရပဲ (သတ္ဖို႔ဝန္မေလး/ ခိုးဖို႔ဝန္မေလး/ လိမ္ညာဖို႔ဝန္မေလး/ အရက္ေသစာအထူးေျပာဖို႔မလို) သီလေတြခ်ိဳးေဖာက္ၿပီး ဒီေလာက္အထိ မိုက္တြင္းနက္ေနၾကတာ သူတို႔အျမဲဆည္းကပ္ကိုးကြယ္ေနၾကတဲ့ ဘုန္းႀကီးေတြေၾကာင့္လည္း ပါနိုင္ပါတယ္။ ျမန္မာေတြ အဖက္ဖက္မွာဆင္းရဲတာ အဲ့သလိုဘုန္းႀကီးေတြေၾကာင့္လဲ အေၾကာင္းအရင္းတခု ျဖစ္နိုင္ပါတယ္။ အားလုံးကို မဆိုလိုပါ။

အမိေျမမွာ သစၥာပန္းမ်ား ပြင့္လန္းနိုင္ပါေစ..

အရွင္ေတဇနိယ (မန္းေတာင္ေျခ)

Share this: