ေဗဒင္

၂၀၂၂မှာ ကံကောင်းမယ့် နေ့နံများ

၂၀၂၂မှာ ကံကောင်းမယ့် နေ့နံများ

တနင်္ဂနွေ

အလုပ်အကိုင်နဲ့ပတ်သတ်လို့ အခွင့်အလမ်းကောင်းတွေပေါ်လာမယ့်ကာလဖြစ်ပီး မိမိရဲရည်ရွယ်ချက်တွေ၊ စိတ်ကူးတွေ၊ ဆန္ဒတွေကို အကောင်အထည်ဖော်ခွင့်ရမယ့် ကာလဖြစ်ပါတယ်။

အိမ်၊ ကား၊ ဖုန်း စသည့် ပစ္စည်းကြီးကြီးမားမားတစ်ခု လက်ဝယ်ပိုင်ဆိုင်ရတတ်ပီး မထင်မှတ်ထားဘဲ အကူအညီရတာ၊ မိတ်ကောင်းဆွေကောင်းတွေ့တာမျိုးတွေ ကြုံရတတ်ပါတယ်။

စိတ်ကူးကောင်းဦ အကြံညဏ်ကောင်းတွေ ရတတ်ပီး မိသားစုနဲ့ပတ်သတ်ရင် ပြဿနာများရတတ်တာလေး သတိပြုပေးရပါမယ်။

တနင်္ဂနွေတွေကိုကျတော့ ကံကောင်းလို့ဆိုတာထက် မိမိလုပ်အားကြောင့် တိုးတတ်မယ့်နှစ်ဖြစ်ပီး အရမ်းလဲပင်ပန်းတတ်သလို မိမိအတွက် တိုးတတ်စေမယ့် ကာလဖြစ်ပါတယ်။

ကိုယ့်စိတ်ထဲမှာ ငါအရမ်းပင်ပန်းနေပီး အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာနေချင်တော့တယ်ဆိုတဲ့စိတ်လေးဖြစ်နေတတ်တယ်ဆိုပေမယ့် အရင်ကထက်အလုပ်တွေ ၂ဆအလုပ်လုပ်ရမယ့်အချိန််ဖြစ်ပါတယ်။

သောကြာ

၂၀၂၁မှာကတည်းက ကြန့်ကြာခဲ့တဲ့ကိစ္စတွေက အခုလက်ရှိ၂၀၂၂မှာ အကောင်အထည်ဖော်လာမယ့်နှစ်ဖြစ်ပါတယ်။ နိုင်ငံခြားသွားရတာ၊ အလုပ်အသစ်ရတာ၊ ဘာသာစကားသင်ယူရတာ၊ သင်တန်းအသစ်၊ အတွေ့အကြုံအသစ်၊ ပညာရပ်အသစ် လေ့လာဆည်းပူးမိတာမျိုးတွေဖြစ်တတ်ပါတယ်။

နိုင်ငံခြားထွက်ဖို့စီစဉ်နေတဲ့သူတွေ၊ မိမိအိမ်နဲ့အဝေးတစ်နေရာမှာအလုပ်လုပ်ဖို့ကြိုးစားနေတာတွေ အဆင်ပြေလာတတ်ပီး စိတ်ရှုပ်စရာလေးတွေကြားကနေပဲ အောင်မြင်မှုရရှိနေတတ်ပါတယ်။

အလုပ်နဲ့ပတ်သတ်တဲစိတ်ကူးအသစ်လေးတွေလဲပေါ်လာတတ်ပီး ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်စိတ်ပေါ်လာတာမျိုး၊ အရင်ကထက် အောင်မြင်ချင်တဲ့စိတ်ဆန္ဒလေး ပေါ်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

စိတ်အခြေအနေနဲ့ပတ်သတ်တာတွေကို အရမ်းသတိပြုပေးရပါမယ်၊ စိတ်ရှုပ်ခံလို့မရတဲ့ကာလတစ်ခုဖြစ်နေတာ သတိပြုပေးပါ။

ဗုဒ္ဓဟူး

မိမိကိုယ်တိုင်ကြိုးစားလို့ဆိုတာထက် မိမိကံကြောင့် တိုးတတ်မယ့်အချိန်ကာလဖြစ်ပါတယ်၊ ထီးပေါက်၊ချဲပေါက်လို့ ငွေဝင်တာမျိုး၊ မိမိကြုံရတဲ့အခက်အခဲတွေကို တစ်စုံတစ်ယောက်ကကူညီလို့ ပြေလည်သွားတာမျိုး၊

မိသားစုဆိက အထောက်အပံ့ရတာ၊ လက်ဆောင်ပစ္စည်းရတာမျိုးတွေ ဖြစ်တတ်ပါတယ်၊ ဒါ့ကြောင့် ၂၀၂၁ကများ မိမိကိုယ်ကို ကံညံ့ခဲ့တယ်လို့ ယူဆရရင် ၂၀၂၂က မိမိအတွက် ကောင်းမွန်လာပီး ပျော်ရွှင်စရာလေးတွေ ကြုံရတတ်ပါတယ်။

ဖုန်း၊ ရွှေ၊ လက်စွပ်၊ ကွန်ပျူတာ၊ ဆိုင်ကယ်၊ ကား စသဖြင့် ပစ္စည်းကြိးကြီးမားမားတစ်ခုဝင်လာတတ်ပီး မထင်မှတ်ဖဲ ကိုယ်လုပ်လိုက်တဲ့အရာတွေက အောင်မြင်လာမယ့်နှစ်ဖြစ်ပါတယ်။

သို့ပေမယ့် မိမိကိုယ်ကို ယုံကြည်မှုအားနည်းနေတာလေး သတိပြုရပါမယ်၊ မိမိကိုကိုယ် ယုံယုံကြည်ကြည်နဲ့ ရှေ့ဆက်ဖို့လိုအပ်မှာဖြစ်ပီး ငါလုပ်နိုင်တယ်၊ ဖြစ်ကိုဖြစ်ရမယ့်ဆိုတဲ့စိတ်လေး မွေးမြူးထားဖို့လိုအပ်ပါတယ်။

ကြာသပတေး

စိတ်ရှုပ်စရာလေးတွေကြားကနေဘဲ အောင်မြင်မှုရှိရှိနေတတ်ပီး မိမိကိုကူညီမယ့်သူ၊ ဂရုစိုက်မယ့်သူပေါ်လာတတ်တဲ့ကာလလေးဖြစ်ပါတယ်။ အလုပ်အသစ်ရတာ၊ လုပ်ငန်းပြောင်းရွှေ့ရတာ၊ ရာထူးတိုး၊ လစာတိုး စတာတွေဖြစ်တတ်ပီး အလုပ်အကိုင်အခွင့်ကောင်းများစွာပေါ်လာတတ်ပါတယ်၊

ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေအနေနဲ့ တိုးတတ်မယ့်ကာလဖြစ်ပီး အကြွေးပြန်ရတာ၊ ဆုံးရှုံးထားတဲ့ငွေတွေပြန်ဝင်တာ၊ ထီးပေါက်ချဲပေါက်တာ စသဖြင့် မိမိအတွက် မိမိအလုပ်အကိုင်ကနေ အခွင့်အလမ်းများစွာပေါ်လာပီး

ဆရာကောင်းသမားကောင်းတွေ့ကာ မိမိအပေါ်စေတနာထားမယ့် အလုပ်ရှင်စတာတွေနဲ့ တွေ့ရတတ်ပါတယ်။ မိမိရဲ့တစ်နေ့တာကို ပေါ့ပေါ့ပါးပါးလေးဖြတ်သန်းရင်းနဲ့

ကံအထောက်အပံ့ရတတ်ပီး အရာရာဟာ အစပိုင်းမှာခက်ခဲပေမယ့်နောက်ဆုံးပိုင်းမှာ ပြေလည်သွားပါလိမ့်မယ်။ သို့ပေမယ့် မိမိကိုကိုယ် ကံကောင်းတယ်လို့တော့ သိသိသာသာမခံစားရမိဖြစ်တတ်ပါတယ်။

NayHtoo

Zawgyi

၂၀၂၂မွာ ကံေကာင္းမယ့္ ေန႔နံမ်ား

တနဂၤေႏြ

အလုပ္အကိုင္နဲ႔ပတ္သတ္လို႔ အခြင့္အလမ္းေကာင္းေတြေပၚလာမယ့္ကာလျဖစ္ပီး မိမိရဲရည္႐ြယ္ခ်က္ေတြ၊ စိတ္ကူးေတြ၊ ဆႏၵေတြကို အေကာင္အထည္ေဖာ္ခြင့္ရမယ့္ ကာလျဖစ္ပါတယ္။

အိမ္၊ ကား၊ ဖုန္း စသည့္ ပစၥည္းႀကီးႀကီးမားမားတစ္ခု လက္ဝယ္ပိုင္ဆိုင္ရတတ္ပီး မထင္မွတ္ထားဘဲ အကူအညီရတာ၊ မိတ္ေကာင္းေဆြေကာင္းေတြ႕တာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။

စိတ္ကူးေကာင္းဦ အႀကံညဏ္ေကာင္းေတြ ရတတ္ပီး မိသားစုနဲ႔ပတ္သတ္ရင္ ျပႆနာမ်ားရတတ္တာေလး သတိျပဳေပးရပါမယ္။

တနဂၤေႏြေတြကိုက်ေတာ့ ကံေကာင္းလို႔ဆိုတာထက္ မိမိလုပ္အားေၾကာင့္ တိုးတတ္မယ့္ႏွစ္ျဖစ္ပီး အရမ္းလဲပင္ပန္းတတ္သလို မိမိအတြက္ တိုးတတ္ေစမယ့္ ကာလျဖစ္ပါတယ္။

ကိုယ့္စိတ္ထဲမွာ ငါအရမ္းပင္ပန္းေနပီး ေအးေအးေဆးေဆးနဲ႔ သက္ေတာင့္သက္သာေနခ်င္ေတာ့တယ္ဆိုတဲ့စိတ္ေလးျဖစ္ေနတတ္တယ္ဆိုေပမယ့္ အရင္ကထက္အလုပ္ေတြ ၂ဆအလုပ္လုပ္ရမယ့္အခ်ိန္္ျဖစ္ပါတယ္။

ေသာၾကာ

၂၀၂၁မွာကတည္းက ၾကန႔္ၾကာခဲ့တဲ့ကိစၥေတြက အခုလက္ရွိ၂၀၂၂မွာ အေကာင္အထည္ေဖာ္လာမယ့္ႏွစ္ျဖစ္ပါတယ္။ ႏိုင္ငံျခားသြားရတာ၊ အလုပ္အသစ္ရတာ၊ ဘာသာစကားသင္ယူရတာ၊ သင္တန္းအသစ္၊ အေတြ႕အႀကဳံအသစ္၊ ပညာရပ္အသစ္ ေလ့လာဆည္းပူးမိတာမ်ိဳးေတြျဖစ္တတ္ပါတယ္။

ႏိုင္ငံျခားထြက္ဖို႔စီစဥ္ေနတဲ့သူေတြ၊ မိမိအိမ္နဲ႔အေဝးတစ္ေနရာမွာအလုပ္လုပ္ဖို႔ႀကိဳးစားေနတာေတြ အဆင္ေျပလာတတ္ပီး စိတ္ရႈပ္စရာေလးေတြၾကားကေနပဲ ေအာင္ျမင္မႈရရွိေနတတ္ပါတယ္။

အလုပ္နဲ႔ပတ္သတ္တဲစိတ္ကူးအသစ္ေလးေတြလဲေပၚလာတတ္ပီး ကိုယ္ပိုင္လုပ္ငန္းလုပ္ခ်င္စိတ္ေပၚလာတာမ်ိဳး၊ အရင္ကထက္ ေအာင္ျမင္ခ်င္တဲ့စိတ္ဆႏၵေလး ေပၚလာတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

စိတ္အေျခအေနနဲ႔ပတ္သတ္တာေတြကို အရမ္းသတိျပဳေပးရပါမယ္၊ စိတ္ရႈပ္ခံလို႔မရတဲ့ကာလတစ္ခုျဖစ္ေနတာ သတိျပဳေပးပါ။

ဗုဒၶဟူး

မိမိကိုယ္တိုင္ႀကိဳးစားလို႔ဆိုတာထက္ မိမိကံေၾကာင့္ တိုးတတ္မယ့္အခ်ိန္ကာလျဖစ္ပါတယ္၊ ထီးေပါက္၊ခ်ဲေပါက္လို႔ ေငြဝင္တာမ်ိဳး၊ မိမိႀကဳံရတဲ့အခက္အခဲေတြကို တစ္စုံတစ္ေယာက္ကကူညီလို႔ ေျပလည္သြားတာမ်ိဳး၊

မိသားစုဆိက အေထာက္အပံ့ရတာ၊ လက္ေဆာင္ပစၥည္းရတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္၊ ဒါ့ေၾကာင့္ ၂၀၂၁ကမ်ား မိမိကိုယ္ကို ကံညံ့ခဲ့တယ္လို႔ ယူဆရရင္ ၂၀၂၂က မိမိအတြက္ ေကာင္းမြန္လာပီး ေပ်ာ္႐ႊင္စရာေလးေတြ ႀကဳံရတတ္ပါတယ္။

ဖုန္း၊ ေ႐ႊ၊ လက္စြပ္၊ ကြန္ပ်ဴတာ၊ ဆိုင္ကယ္၊ ကား စသျဖင့္ ပစၥည္းႀကိးႀကီးမားမားတစ္ခုဝင္လာတတ္ပီး မထင္မွတ္ဖဲ ကိုယ္လုပ္လိုက္တဲ့အရာေတြက ေအာင္ျမင္လာမယ့္ႏွစ္ျဖစ္ပါတယ္။

သို႔ေပမယ့္ မိမိကိုယ္ကို ယုံၾကည္မႈအားနည္းေနတာေလး သတိျပဳရပါမယ္၊ မိမိကိုကိုယ္ ယုံယုံၾကည္ၾကည္နဲ႔ ေရွ႕ဆက္ဖို႔လိုအပ္မွာျဖစ္ပီး ငါလုပ္ႏိုင္တယ္၊ ျဖစ္ကိုျဖစ္ရမယ့္ဆိုတဲ့စိတ္ေလး ေမြးျမဴးထားဖို႔လိုအပ္ပါတယ္။

ၾကာသပေတး

စိတ္ရႈပ္စရာေလးေတြၾကားကေနဘဲ ေအာင္ျမင္မႈရွိရွိေနတတ္ပီး မိမိကိုကူညီမယ့္သူ၊ ဂ႐ုစိုက္မယ့္သူေပၚလာတတ္တဲ့ကာလေလးျဖစ္ပါတယ္။ အလုပ္အသစ္ရတာ၊ လုပ္ငန္းေျပာင္းေ႐ႊ႕ရတာ၊ ရာထူးတိုး၊ လစာတိုး စတာေတြျဖစ္တတ္ပီး အလုပ္အကိုင္အခြင့္ေကာင္းမ်ားစြာေပၚလာတတ္ပါတယ္၊

ကိုယ္ပိုင္လုပ္ငန္းလုပ္သူေတြအေနနဲ႔ တိုးတတ္မယ့္ကာလျဖစ္ပီး အေႂကြးျပန္ရတာ၊ ဆုံးရႈံးထားတဲ့ေငြေတြျပန္ဝင္တာ၊ ထီးေပါက္ခ်ဲေပါက္တာ စသျဖင့္ မိမိအတြက္ မိမိအလုပ္အကိုင္ကေန အခြင့္အလမ္းမ်ားစြာေပၚလာပီး

ဆရာေကာင္းသမားေကာင္းေတြ႕ကာ မိမိအေပၚေစတနာထားမယ့္ အလုပ္ရွင္စတာေတြနဲ႔ ေတြ႕ရတတ္ပါတယ္။ မိမိရဲ႕တစ္ေန႔တာကို ေပါ့ေပါ့ပါးပါးေလးျဖတ္သန္းရင္းနဲ႔

ကံအေထာက္အပံ့ရတတ္ပီး အရာရာဟာ အစပိုင္းမွာခက္ခဲေပမယ့္ေနာက္ဆုံးပိုင္းမွာ ေျပလည္သြားပါလိမ့္မယ္။ သို႔ေပမယ့္ မိမိကိုကိုယ္ ကံေကာင္းတယ္လို႔ေတာ့ သိသိသာသာမခံစားရမိျဖစ္တတ္ပါတယ္။

NayHtoo