2022-ခု ဖေဖေါ် ဝါရီလ ဟောစာတမ်း (၁.၂.၂၀၂၂ မှ ၂၈.၂.၂၀၂၂)အထိ (၁)လစာ ဟောကိန်း
ဗုဒ္ဓဟူး သားသမီးများ
ဗုဒ္ဓဟူး သားသမီးများ ယခု ဖေဖော်ဝါရီလတွင် ပြိးလကံဆိုးမှုတွေ့က ယခုလ ငွေကံကောင်းတဲ့ လလို့တောင်ချီးမွမ်းရမယ့် မိမိလုပ်ငန်းပိုင်းတွေ ပြန်လဲ၍ ဦးမော့လာမည်။
မိမိကိုယ်ရေးကိုယ်တာကိစ္စထက်သူတစ်ပါးအရေးကိစ္စများကိုဦးစားပေးဆောင်ရွက်ရမည်။ အောက်လက်ငယ်သားပြသနာတော့ရှိပါလိမ့်မည်။ အပြိုင်ဆိုင်အနှောက်ယှက်ကြားမှတိုးတတ်မည်။
မိမိ သဒ္ဒါတရားစိတ် နဲ့အတူ မိမိတတ်နိုင်သလောက် အလှူပြုပေးတာမျိုး၊လိုအပ်တဲ့နေရာမှာ ဖြည့်ဆည်းကူညီတာလေးလုပ်ပေးခြင်း သင့်ထံကံကောင်းမှုများလာလိမ့်မည်။
ငွေမဝင်ဖြစ်နေသူများ ငွေပြန်ဝင်လာ၍ မမျော်လင့်ပဲ ငွေများများဝင်လာဖို့များပါတယ်။ အမွေရတာ၊ အကြွေးဟောင်းပြန်ရတာမျိုးတွေကြုံရမည်။
ကံစမ်းမဲ၊ လောင်းကစားများတွင် လည်း လုံး၀ အကျိုးမရှိနိုင်သည်ကို သတိပြုရမည်။ ရသမျှငွေကြေးများ ကုန်ဆုံးတတ်သည်။
စီးပွားရေး
အရောင်းအဝယ်တွေများလည်း ပြန်ကောင်းလာမည်။ လုပ်ငန်းသစ်များကို လက်တွေ့ကျကျလုပ်ဆောင်ရာ၌ အောင်မြင်ဖြစ်ထွန်းပါလိမ့်မည်။
ကိုယ်ပိုင်လုပ်ငန်းလုပ်သူများအဖို့ထိပ်ဆုံးနေရာသို့ရောက်ရှိအောင်မြင်မှုရမည်။
လုပ်ငန်းတိုးချဲ့ခြင်း၊ လုပ်ငန်းသစ်ထူထောင်ခြင်း၊ ကုန်ရောင်းကုန်ဝယ် ကုန်လှောင်စသည့်လုပ်ငန်းများ အောင်မြင် အကျိုးဖြစ်ထွန်းနိုင်မည်။
တနလ်ာနံ၊သောကြာနံ၊အဂ်ါနံလုပ်ငန်းနှင့် ထိုနေနံသားသမီးများ အကျိူးပေး၊လုပ်ငန်းသစ်လုပ်ခြင်း၊ရင်းမြှုံနှံမှုများစတင်ခြင်းတို့ အကျိူးဖြစ်အံ့။
ပညာရေး
အစိုးရဝန်ထမ်းများအဖို့ မျက်နှာသာပေခံရခြင်း ရာထူးတိုးခြင်းများကြုံမည်။ အဆင့်မြင့်ပညာရပ်များ၊ နိုင်ငံ ရပ်ခြားဆက်သွယ် ပညာရှာခြင်းများ တိုးတက်ဖြစ် ထွန်းမည်။
အချစ်ရေးနှင့်အိမ်ထောင်းရေး
အချစ်ရေး၊အိမ်ထောင်ရေးတို့တွင်ကံကောင်း သောလဖြစ်၏။ ပညာ ရေးကိစ္စ၊ လူမှုရေးကိစ္စ၊ စီးပွားရေးကိစ္စတို့နှင့်ပတ် သက်၍ဆောင်ရွက်ရင်း အချစ်ရေးကိစ္စများကြုံနိုင်သည်။
အချစ်သစ်တွေ့ရတတ်သည်။ အထူးအချစ်ရေးမှ သ၀န်တိုခြင်း၊ စည်းကမ်းတင်းကြပ်ခြင်းကိုဆင်ခြင်ပါ။
ဗုဒ္ဓဟူး သားသမီးများ၏ လက်ရှိ ချစ်သူ၊အိမ်ထောင်ဖက် တနလ်ာ၊သောကြာ၊အဂ်ါ ဖြစ်နေလျှင်
စုတ်ကောင်းသောလဖြစ်ပေသည်။ မိတ် ဆွေသစ်များ ကြုံဆုံရမည်။ မိမိကြံစည်သမျှကိစ္စ များ အောင်မြင်မှုရနိုင်မည်။
ကူညီမစမည့်သူများ လည်းတွေ့ရမည်။ အချစ်ရေး၊ အိမ်ထောင်ရေးတို့ သာယာမည်။ မိမိထက်သာသော၊ အားကိုးရသော ချစ်သူတွေ့ရတတ်သည်။
ဗုဒ္ဓဟူး သားသမီးများ၏ လက်ရှိ ချစ်သူ၊အိမ်ထောင်ဖက် စနေ၊တနဂ်နွေ ဖြစ်နေလျှင်
အချစ်ရေးတွင် ချစ်သူကိုဦးစားပေးသလိုလိုနှင့်အတ္တဆန်မိတတတ်၊လုံးဝမပြတ်တေသော အနေအထားမျိုးတွေ ဖြစ်သွားတတ်ကြ၏။
ချစ်သူတို့၏အထင်လွဲမှုများကိုလည်း အထူးခံရတတ်၏။
ကိုယ်ကလည်းချစ်သူအပေါ် အနိုင်ယူလိုတတ်။အချစ်ရေးတွင်အထူး ပြတ်သားသင့်ပေ၏။
အိမ်ထောင်ဘက်က တာဝန်ကျရာ နေရာမျိုးသွားနေရတာမျိုးပဲ ဖြစ်ဖြစ်၊မိမိကိုယ်တိုင် သွားရတာမျိုးပဲဖြစ်ဖြစ် ခွဲနေရဖို့များပါတယ်။
ကျန်းမာရေး
ကျန်းမာရေး ရင်ဘက်၊ခါး၊အပူကန်ခြင်းတွေ၊ မီးပူ၊ရေနွေးပူ လောင်းမိစေတတ်၏။ အထူး အသက်ကြီးသူနှင့် ကလေးငယ်များ ဂရုစိုက်ပါ။
ဆေးဝါး၊နတ်ပယောဂ၊စုန်းတိုက်၊အောက်လမ်းပယောဂတို့ဖြင့် တိုက်ခိုက်မှုခံရတတ်သည်။
အထူးအဟော
ခေါင်းမာခြင်း၊ ဇီဇာကြောင်ခြင်း၊ သ၀န်တိုခြင်းကိုယ်ဖြစ်ချင်တာကိုသာအဓိကကြည့်မိခြင်းမကြာခဏစိတ်ဒွိဟဖြစ်ခြင်းတို့ကိုအထူးဆင်ခြင်သင့်၏။
ကျောက်၊ငွေ အဖိုးတန်းပစ္စည်းမေ့ကျန်ခြင်း၊ အခိုးခံထိ၊လုယှက်ခံရတတ်၏။
ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စ အဆင်ပြေစေရန်အတွက် ဘုရားတွင် လိမ္မော်သီး (၅)လုံး ကပ်လှူ၍ ရွက်လှ ပေါ်တွင် “ဝ”အက္ခရာရေးပြိး ဆောင်သွားပါ။
အကျိူးပေးဂဏန်း (၆.၂.၄.၁)
အကျိူးပေးနေနံ တနလျာ၊သောကွာ၊အဂျါ
အနောက်မြောက် အရပ် ခရီးသွား၊လုပ်ငန်းဖြန့်ချီခြင်းများ၊ငွေလုပ်ငန်း၊ငွေကြေးကိစ္စ၊ စာချူပ်စာတမ်းလက်မှတ်ရေးထိုးခြင်းတို့ ရှောင့်သင့်၏။
အရှေ့တောင် အရပ် လာဘ်ရအံ့။ ငွေဝင်လာကိန်းများရှိအံ့။ သူတော်ကောင်းများနှင့်တွေ့ဆုံရအံ့။
အကျိူးမပေးနေနံ စနေ၊တနဂ်နွေ
ကံကောင်းစေသောအရောင် မိုးပြာရောင်၊ခရမ်း၊အစိမ်းနုရောင်
ယတြာ နံနက် (၈း၇)အချိန်တွင် အိမ်ဘုရားမှ အောင်သပြေ၊နှင်းဆီးပန်း၊ရွက်လှ (၉)ဂဏန်းစီ စုပေါင်းပြိး ကြေးအိုးဖြင့် ကပ်လှူ၍ ပဲပြုပ်၊ဘယာကြော်ဆွမ်းကပ် လိုရာဆုတောင်းပါ။
Sayar Minthura MDY 09-751089826(viber) 09-767817917



