ၾကားသိရသမွ်

လူအများစိတ်ဝင်စားနေတဲ့ ကျိုက်ထီးရိုးကင်ပွန်းစခန်းထိပေါက်ကျင်း(တွင်း)တစ်ရာ

လူအမွားစိတဝြငစြားနတေဲ့ကွိုကထြီးရိုးကငပြှနြးစခနြးထိပေါကကြငွြး(တှငြး)တဈရာ

၈၈၈၈ နောကပြိုငြးပေါ့ လူသူအရောကပြေါကမြရှိ တောခှုံတှပေိနြးပိတနြလေို့ နှားတှေ မကှာခဏ ပှုတကြတွယြ ဒသခေံအဖိုးအဖှားတှပှေောပှလို့ ကှားဖူးတယြ။ ကနွစြဈသားမငြးကှီး ရေ ရှာတာ လှံနဲ့စိုကပြှီး တှငြးပေါငြး တရာတိတိမှာ ရရတေယြ အဲ့ရထှကေတြဲ့ တှငြးကလညြးဂပွနခြတြကေ လူအမွားတှငြးထဲဝငပြုနြးကှတယြ။ တှငြးအဝသာကဉွြးတာ အထဲမှာ လှိုကဂြူကှီးရှိတယလြို့ပှောတယြ။ အဲ့လှိုကဂြူကနေ ကွိုကထြီးရိူး ကငပြှနြးစခနြးထိ ပေါကတြယလြို့ပှောတယြ ။



ကွှနြုပတြို့ နထေိုငရြာ မှနမြာနိုငငြံ၌ ထူးခှားဆနြးကှယသြော ဖှဈရပမြှနမြွား သမိုငြးပွောကနြသေော/လူသိနညြးသော နရောရာတောတြောမြွားမွား ရှိကှပလေိမ့မြညြ။ထိုအထဲတှငြ ကွှနြုပတြငပြှလတျတံ့သော တှငြး ၁၀၀ သညလြညြး အပါအဝငပြါ။ ၎င်းငျးငြး တှငြး ၁၀၀ ကို ကနွစြဈသား လှံကစား၍ ကနွခြဲ့သော နရောဟု ပါးစပြ ရာဇဝငရြှိသညြ။သို့သောလြညြး ကနွြုပြ၏ ထငမြှငယြူဆခကွကြို တငပြှရလွှငြ လှံကစားတယြ ဆိုကတညြးက ဘယနြရောမှာ ဖှဈဖှဈ ကစားလို့ ရတယြ မဟုတပြါလော အခုဟာက ကွောကဖြှာပေါြ၌ သီးသန့ဖြှဈနပေါတယြ။ပှီးရငြ လှံကစားလို့ လှံခွှနကြခွဲ့တယဟြု ဆိုသောနရောသညြ သမားရိုးကွ ရိုးရိုးတှငြးမွိုး မဟုတဘြဲ ကွောကဖြွာပေါြ၌ ခဲရာခဲဆဈ တူးထားရသော တှငြးနှင့ြ တူ၏။


ယခုအခါ တှငြး ၁၀၀ မှာ ၆၄ တှငြးသာ ရှိတော့သညဟြု တှငြး ၁၀၀ ကွောငြး၌ သီတငြးသုံးနသေော ဆရာတောြ၏ ပှောစကား အရ သိရပါသညြ။သို့ဖှဈပါ၍ စာပဝေါသနာ ပါသော ရှေးဟောငြးရာဇဝငတြို့ကိုစိတဝြငစြားသောသူမွား ဖောထြုတလြိုသောသူမွား သိရှိကှစရနြေ တငပြှလိုကရြပသညြေ။လိပစြာလေးကတော့ မှနပြှညနြယြ ကွိုကထြို နှင့ြ ဘီးလငြးကှား ထငြးမှုနကြုနြးကွေးရှာ ဖှဈပါတယြ။

Credit- Original Writer

လူအများစိတ်ဝင်စားနေတဲ့ကျိုက်ထီးရိုးကင်ပွန်းစခန်းထိပေါက်ကျင်း(တွင်း)တစ်ရာ

၈၈၈၈ နောက်ပိုင်းပေါ့ လူသူအရောက်ပေါက်မရှိ တောခြုံတွေပိန်းပိတ်နေလို့ နွားတွေ မကြာခဏ ပြုတ်ကျတယ် ဒေသခံအဖိုးအဖွားတွေပြောပြလို့ ကြားဖူးတယ်။ ကျန်စစ်သားမင်းကြီး ရေ ရှာတာ လှံနဲ့စိုက်ပြီး တွင်းပေါင်း တရာတိတိမှာ ရေရတယ် အဲ့ရေထွက်တဲ့ တွင်းကလည်းဂျပန်ခေတ်က လူအများတွင်းထဲဝင်ပုန်းကြတယ်။ တွင်းအဝသာကျဉ်းတာ အထဲမှာ လှိုက်ဂူကြီးရှိတယ်လို့ပြောတယ်။ အဲ့လှိုက်ဂူကနေ ကျိုက်ထီးရိူး ကင်ပွန်းစခန်းထိ ပေါက်တယ်လို့ပြောတယ် ။

ရှေးဟောင်းသမိုင်းဝင်မဝင်တော့မသိဘူး အခုလက်ရှိတွင်းတွေက မာကျောတဲ့ဂဝံ ကျောက်တွင်းတွေပဲ ကျန်တော့တာပါ။ မြေပျော့ကျောက်ပျော့တွင်းက အားလုံးတိမ်ကောကုန်ပါပြီ။အရင်က အဲ့နေရာ အရမ်းအန္တရာယ်များပါတယ်။ တောခြုံနွယ်ယှက်ထားတော့ တွင်းနှုတ်ခမ်းတွေမမြင်ရ လူတွေလည်း ခြေကျွံကျဖူးတယ်။ တွင်းလေးတွေက နှစ်ပေခွဲပတ်လည်လောက်ပဲရှိတာ ။ အကုန်လုံးတရွယ်ထဲပဲ တွင်းတရာဘုန်းကြီး စ ရောက်သီတင်းသုံးတဲ့သာသနာပြုဖို့စေတီစတည်တဲ့ အချိန်က လုပ်အားပေးကုသိုလ်ပြုခဲ့ဖူးပါတယ် ။ဒါပေမယ့် ဝမ်းသာပါတယ် အရင်လိုမဟုတ်တော့ပဲ ကျောင်းကြီးကျောင်းငယ်နဲ့ မြင်ရတော့ ဝမ်းသာပီတိဖြစ်မိပါတယ်။

သမိုင်းထဲက တွင်း ၁၀၀ ( သို့မဟုတ် )သမိုင်းပျောက်နေသော တွင်း ၁၀၀

ကျွန်ုပ်တို့ နေထိုင်ရာ မြန်မာနိုင်ငံ၌ ထူးခြားဆန်းကြယ်သော ဖြစ်ရပ်မှန်များ သမိုင်းပျောက်နေသော/လူသိနည်းသော နေရာရာတော်တော်များများ ရှိကြပေလိမ့်မည်။ထိုအထဲတွင် ကျွန်ုပ်တင်ပြလတ္တံ့သော တွင်း ၁၀၀ သည်လည်း အပါအဝင်ပါ။ ၎င်း တွင်း ၁၀၀ ကို ကျန်စစ်သား လှံကစား၍ ကျန်ခဲ့သော နေရာဟု ပါးစပ် ရာဇဝင်ရှိသည်။သို့သော်လည်း ကျန်ုပ်၏ ထင်မြင်ယူဆချက်ကို တင်ပြရလျှင် လှံကစားတယ် ဆိုကတည်းက ဘယ်နေရာမှာ ဖြစ်ဖြစ် ကစားလို့ ရတယ် မဟုတ်ပါလော အခုဟာက ကျောက်ဖြာပေါ်၌ သီးသန့်ဖြစ်နေပါတယ်။ပြီးရင် လှံကစားလို့ လှံချွန်ကျခဲ့တယ်ဟု ဆိုသောနေရာသည် သမားရိုးကျ ရိုးရိုးတွင်းမျိုး မဟုတ်ဘဲ ကျောက်ဖျာပေါ်၌ ခဲရာခဲဆစ် တူးထားရသော တွင်းနှင့် တူ၏။

တွင်းတို့သည် နှစ်တောင်ပတ်လည်လောက် ရှိ၍ အောက်သို့ အနက်မှာ ၁၅ ပေလောက် ရှိပေမည်။ နောက်တစ်ခု စဉ်းစားစရာမှာ နန်းတွင်းသူ နန်းတွင်းသားများ အန္တရာယ် ကျရောက်ပါက ဝင်ရောက်ခိုအောင်းရန် ကျောက်ဆောင်လှိုဏ်ဂူ ဖောက်ထားသလားဟု ထင်မှတ်ရလေသည်။သို့သော်လည်း ကျောက်ဆောင်လှိုဏ်ဂူ ဆိုလျှင်လည်း ဒီလောက်ထိ အပေါက်ထားရန် မဖြစ်နိုင်ပါ။နောက်တစ်ခုမှာ သူများတို့ ခန့်မှန်းပြောဆိုကြသည်က ရွှေတူးတာလားဟု ခန့်မှန်းကြလေသည်။ မိမိအနေဖြင့်တော့ ထိုစကားကို လက်မခံပေ အဘယ့်ဆိုသော် ရွှေတူးရင် တစ်နေရာတည်းမှ ဆက်၍ တူးသွားရင် ရသည် မဟုတ်ပါလော အခုဟာက ပြောထားတဲ့အတိုင်း ဟိုနားတစ်စု ဒီနားတစ်ခု သေသေချာချာ တိုင်း၍ တူးထားသော တွင်းနှင့်တူသည်။

ယခုအခါ တွင်း ၁၀၀ မှာ ၆၄ တွင်းသာ ရှိတော့သည်ဟု တွင်း ၁၀၀ ကျောင်း၌ သီတင်းသုံးနေသော ဆရာတော်၏ ပြောစကား အရ သိရပါသည်။သို့ဖြစ်ပါ၍ စာပေဝါသနာ ပါသော ရှေးဟောင်းရာဇဝင်တို့ကိုစိတ်ဝင်စားသောသူများ ဖော်ထုတ်လိုသောသူများ သိရှိကြစေရန် တင်ပြလိုက်ရပေသည်။လိပ်စာလေးကတော့ မွန်ပြည်နယ် ကျိုက်ထို နှင့် ဘီးလင်းကြား ထင်းမှုန်ကုန်းကျေးရွာ ဖြစ်ပါတယ်။

Credit- Original Writer