တစ္ကယ့္နိဗၺာန္အလားထင္မွတ္ရတဲ့ ဓမၼေအးရိပ္သာေတာရတရားစခန္း
အျပင္မွာ နိဗၺာန္ တကယ္ေရာက္သြားသလိုခံစားရတဲ့ ဓမၼေအးရိပ္သာေတာရတရားစခန္းေက်ာင္းေလးအေၾကာင္းေျပာျပခ်င္ပါတယ္ အရင္ဆုံး ဓမၼေအးရိပ္သာ ေတာရေက်ာင္းရဲ႕ လိပ္စာေလးၫြန္ပါရေစ၊ စစ္ကိုင္းတိုင္း အထက္ပိုင္း ဟုမၼလင္း ၿမိဳ႕မွာတည္ရွိၿပီး ဧက၂၀၀ေလာက္က်ယ္၀န္းပါတယ္။
ေအးခ်မ္းလြန္းလို႔ အဲဒီေနရာကိုသြားၿပီး တရားစခန္းဝင္ခ်င္စိတ္ေပါက္သြားေအာင္ ပုံေလးေတြနဲ႔ေဖာ္ျပေပးလိုက္ပါတယ္။ အဲဒီေနရာမွာရွိေနတဲ့ ေရညႇိေတြကေကာ္ေစာေမြ႕ယာခင္းထားသလား မွားရေလာက္ေအာင္ စိမ္းစိုၿပီး အိစက္ညက္ေညာေနပါတယ္ ၊ တည္ေနရာေလးကို တိတိက်က်ထပ္ၿပီး ၫႊန္းရရင္ ဟုမၼလင္း ၿမိဳ႕ေရာက္ရင္ ဗိုလ္ခ်ဴပ္ ႐ုပ္ထုေတြပါလိမ့္မယ္ ၊ အဲဒီကမွတဆင့္ ဘယ္ဘက္မခ်ိဳးပဲ လမ္းတည့္တည့္သြားပါ ၊ လမ္းဘယ္ဘက္က ၿမိဳ႕ထဲသြားတာျဖစ္ပါတယ္။
ဆက္သြားရင္ခ်င္းတြင္းျမစ္တံတားအသစ္ေတြ႕ပါမယ္ ၊ တံတားေက်ာ္ရင္ လမ္းဘယ္ဘက္မခ်ိဳးဘဲ မိနစ္၂၀ ေလာက္ဆက္သြားလိုက္ပါ၊လမ္းဘယ္ဘက္မွာ ေစတီႀကီးတည္ေဆာက္ေနတာေတြပါလိမ့္မယ္ ၊ ေစတီရဲ႕ ေဘးမွာလမ္းရွိပါတယ္ အဲဒီလမ္းကိုဆက္သြားလိုက္ရင္ ဓမၼေအးရိပ္ ေက်ာင္းေရာက္ပါပီေနာ္။
သံဃာေတာ္ေတြ သီလေဆာက္တည္တဲ့ ေနရာတစ္ပါးေက်ာင္းလို႔ေခၚတဲ့ အေဆာင္ေတြက အေရွ႕မွာေရာ အေနာက္မွာပါ အမ်ားႀကီးရွိပါတယ္စိမ္းစိုၿပီး ေအးခ်မ္းလွတဲ့ သဘာဝေရညႇိေတြ ေကာ္ေစာေမြ႕ရာခင္းထားသလားထင္မွတ္ရေအာင္ ေပါမ်ားလွပါတယ္။ဆရာေတာ္ႀကီးေတြ ညီေတာ္ေနာင္ေတာ္ေတြ တရားစခန္းေခတၱနားၿပီး ေတြ႕ဆုံၾကတဲ့အခိုက္အတန႔္ေလးေတြပါ ၊ တျခားေနရာမွာလည္း တစ္ပါးနေက်ာင္းေဆာင္ေသးေသးေတြအမ်ားႀကီးရွိေနပါေသးတယ။္
ဘုရား႒ာပနာထားတဲ့အေဆာင္ပါ၊ ထိုေနရာမွာလည္း တရားအားထုတ္လို႔ရပါေသးတယ္ ၊ ဒီလိုစၾကၤန္ေလွ်ာက္လို႔ရတဲ့ေနရာေတြအမ်ားႀကီးရွိပါတယ္ ၊ သစ္ပင္မွာကပ္ထားတဲ့ စကားမေျပာရ အညစ္ေၾကမစြန္႔ရ ဆိုင္းပုတ္ေတြအမ်ားႀကီးကိုလည္းစိုက္ထူထားပါတယ္။
အျပင္မွာ တကယ္နိဗၺာန္ပဲ အရမ္းေအးခ်မ္းလြန္႔လို႔ပါေနာ္။ အဆုံးထိၾကည့္ေပးလို႔ သာဓု သာဓု သာဓုပါရွင္။
Writer ; Kwee (Jeeptoolay)
Source ; Zaw Lynn Phyo
Unicode
တစ်ကယ့်နိဗ္ဗာန်အလားထင်မှတ်ရတဲ့ ဓမ္မအေးရိပ်သာတောရတရားစခန်း
အပြင်မှာ နိဗ္ဗာန် တကယ်ရောက်သွားသလိုခံစားရတဲ့ ဓမ္မအေးရိပ်သာတောရတရားစခန်းကျောင်းလေးအကြောင်းပြောပြချင်ပါတယ် အရင်ဆုံး ဓမ္မအေးရိပ်သာ တောရကျောင်းရဲ့ လိပ်စာလေးညွန်ပါရစေ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်း မြို့မှာတည်ရှိပြီး ဧက၂၀၀လောက်ကျယ်ဝန်းပါတယ်။
အေးချမ်းလွန်းလို့ အဲဒီနေရာကိုသွားပြီး တရားစခန်းဝင်ချင်စိတ်ပေါက်သွားအောင် ပုံလေးတွေနဲ့ဖော်ပြပေးလိုက်ပါတယ်။ အဲဒီနေရာမှာရှိနေတဲ့ ရေညှိတွေကကော်စောမွေ့ယာခင်းထားသလား မှားရလောက်အောင် စိမ်းစိုပြီး အိစက်ညက်ညောနေပါတယ် ၊ တည်နေရာလေးကို တိတိကျကျထပ်ပြီး ညွှန်းရရင် ဟုမ္မလင်း မြို့ရောက်ရင် ဗိုလ်ချူပ် ရုပ်ထုတွေပါလိမ့်မယ် ၊ အဲဒီကမှတဆင့် ဘယ်ဘက်မချိုးပဲ လမ်းတည့်တည့်သွားပါ ၊ လမ်းဘယ်ဘက်က မြို့ထဲသွားတာဖြစ်ပါတယ်။
ဆက်သွားရင်ချင်းတွင်းမြစ်တံတားအသစ်တွေ့ပါမယ် ၊ တံတားကျော်ရင် လမ်းဘယ်ဘက်မချိုးဘဲ မိနစ်၂၀ လောက်ဆက်သွားလိုက်ပါ၊လမ်းဘယ်ဘက်မှာ စေတီကြီးတည်ဆောက်နေတာတွေပါလိမ့်မယ် ၊ စေတီရဲ့ ဘေးမှာလမ်းရှိပါတယ် အဲဒီလမ်းကိုဆက်သွားလိုက်ရင် ဓမ္မအေးရိပ် ကျောင်းရောက်ပါပီနော်။
သံဃာတော်တွေ သီလဆောက်တည်တဲ့ နေရာတစ်ပါးကျောင်းလို့ခေါ်တဲ့ အဆောင်တွေက အရှေ့မှာရော အနောက်မှာပါ အများကြီးရှိပါတယ်စိမ်းစိုပြီး အေးချမ်းလှတဲ့ သဘာဝရေညှိတွေ ကော်စောမွေ့ရာခင်းထားသလားထင်မှတ်ရအောင် ပေါများလှပါတယ်။ဆရာတော်ကြီးတွေ ညီတော်နောင်တော်တွေ တရားစခန်းခေတ္တနားပြီး တွေ့ဆုံကြတဲ့အခိုက်အတန့်လေးတွေပါ ၊ တခြားနေရာမှာလည်း တစ်ပါးနကျောင်းဆောင်သေးသေးတွေအများကြီးရှိနေပါသေးတယ။်
ဘုရားဋ္ဌာပနာထားတဲ့အဆောင်ပါ၊ ထိုနေရာမှာလည်း တရားအားထုတ်လို့ရပါသေးတယ် ၊ ဒီလိုစင်္ကြန်လျှောက်လို့ရတဲ့နေရာတွေအများကြီးရှိပါတယ် ၊ သစ်ပင်မှာကပ်ထားတဲ့ စကားမပြောရ အညစ်ကြေမစွန့်ရ ဆိုင်းပုတ်တွေအများကြီးကိုလည်းစိုက်ထူထားပါတယ်။
အပြင်မှာ တကယ်နိဗ္ဗာန်ပဲ အရမ်းအေးချမ်းလွန့်လို့ပါနော်။ အဆုံးထိကြည့်ပေးလို့ သာဓု သာဓု သာဓုပါရှင်။
Writer ; Kwee (Jeeptoolay)
Source ; Zaw Lynn Phyo