ျပည္တြင္းသတင္း

လံုးဝ မေပါ့သင့္တဲ့ အခ်ိန္တခုကို ထပ္မံရင္ဆိုင္ရမွာျဖစ္လို႔ ၂ ပတ္ေလာက္ေတာ့ အထူးသတိထားပီး ေနထ

လံုးဝ မေပါ့သင့္တဲ့ အခ်ိန္တခုကို ထပ္မံရင္ဆိုင္ရမွာျဖစ္လို႔ ၂ ပတ္ေလာက္ေတာ့ အထူးသတိထားပီး ေနထ

စစ္ေတြ Update ( အထူးဂရုစိုက္ၾကရန္ )

မနက္က ထပ္ေတြ႕တဲ့ စစ္ေတြက COVID လူနာ ၂ ဦးဟာ ဟိုတေန႔က လူနာအမွတ္ ၃၇၅ ဘဏ္ဝန္ထမ္းနဲ႔ အတူ တာဝန္ထမ္းေဆာင္ေနတဲ့ အျခားဘဏ္ဝန္ထမ္းေတြရဲ႕ မိဘေတြ ျဖစ္ပါတယ္။ သူတို႔က လူနာနံပါတ္ ၃၇၈ နဲ႔ ၃၇၉ ပါ။

ဒါက ဘာကို ျပသလဲဆိုရင္ ပိုးက လူနာ ၃၇၅ ကေန သူနဲ႔အတူလုပ္တဲ့ အျခားဝန္ထမ္းဆီပါသြားတယ္။ သူတို႔က ဘာမွ မျဖစ္ပဲ ပိုးမေတြ႕ပဲ သူတို႔မိဘေတြကို သြားကူးတာပါ။ Secondary Contact ပါ။ သတိထားဖို႔ လိုပါတယ္။

လူနာနံပါတ္ ၃၇၇ ကေတာ့ အုန္းေတာေခ်ဘဂၤါလီ ဒုကၡသည္စခန္းကို တာဝန္အရ သြားေရာက္ခဲ့တဲ့ NGO ဝန္ထမ္းတဦးပါ။ သူကေတာ့ စစ္ေတြေဆးရံုကို လာျပရာမွာ လကၡဏာေတြ ေတြ႕လို႔ ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ပီး ထားရွိခဲ့တာျဖစ္ပါတယ္။

စစ္ေတြမွာ လူနာနံပါတ္ ၃၇၅ နဲ႔ ထိေတြ႕ခဲ့တဲ့ ဘဏ္ဝန္ထမ္းေတြသာမက သူတို႔ရဲ႕ မိသားစုေတြကိုပါ Q ထားပီး စစ္ေဆးလို႔ ေတြ႕ရွိခဲ့တာပါ။က်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔ တတ္နိုင္သမွ် လူနာအကုန္ အုပ္မိေအာင္ ႀကိဳးစားေနပါတယ္။ အမ်ားျပည္သူေတြအေနနဲ႔လည္း ဒုတိယလိႈင္း မျဖစ္ေအာင္ ကာကြယ္ၾကဖို႔ ဝန္ႀကီးဌာနက ပန္ၾကားလႊာ ထုတ္ထားပါတယ္။

လက္ေဆးပါ။

Mask တပ္ပါ။

တတ္နိုင္သမွ် လူၾကားထဲ မသြားပါနဲ႔။ အိမ္မွာပဲ ေနၾကပါ။

၆ ေပအကြာမွ ေနထိုင္ေျပာဆိုၾကပါ။

ရပ္႐ြာထဲ နိုင္ငံျခားက ျပန္လာသူရွိရင္ Q ဝင္ဖို႔ တိုက္တြန္းပါ။ သတင္းပို႔႔ပါ။

အထူးမွာခ်င္တာကေတာ့ လံုးဝ မေပါ့သင့္တဲ့ အခ်ိန္တခုကို ထပ္မံရင္ဆိုင္ရမွာျဖစ္လို႔ ၂ ပတ္ေလာက္ေတာ့ အထူးသတိထားပီး ေနထိုင္ျကပါ။

ျပည္သူသာလွွ်င္ အဓိက ၿဖစ္ပါတယ္။

Nay thway

Unicode

လုံးဝ မပေါ့သင့်တဲ့ အချိန်တခုကို ထပ်မံရင်ဆိုင်ရမှာဖြစ်လို့ ၂ ပတ်လောက်တော့ အထူးသတိထားပီး နေထ

စစ်တွေ Update ( အထူးဂရုစိုက်ကြရန် )

မနက်က ထပ်တွေ့တဲ့ စစ်တွေက COVID လူနာ ၂ ဦးဟာ ဟိုတနေ့က လူနာအမှတ် ၃၇၅ ဘဏ်ဝန်ထမ်းနဲ့ အတူ တာဝန်ထမ်းဆောင်နေတဲ့ အခြားဘဏ်ဝန်ထမ်းတွေရဲ့ မိဘတွေ ဖြစ်ပါတယ်။ သူတို့က လူနာနံပါတ် ၃၇၈ နဲ့ ၃၇၉ ပါ။

ဒါက ဘာကို ပြသလဲဆိုရင် ပိုးက လူနာ ၃၇၅ ကနေ သူနဲ့အတူလုပ်တဲ့ အခြားဝန်ထမ်းဆီပါသွားတယ်။ သူတို့က ဘာမှ မဖြစ်ပဲ ပိုးမတွေ့ပဲ သူတို့မိဘတွေကို သွားကူးတာပါ။ Secondary Contact ပါ။ သတိထားဖို့ လိုပါတယ်။

လူနာနံပါတ် ၃၇၇ ကတော့ အုန်းတောချေဘင်္ဂါလီ ဒုက္ခသည်စခန်းကို တာဝန်အရ သွားရောက်ခဲ့တဲ့ NGO ဝန်ထမ်းတဦးပါ။ သူကတော့ စစ်တွေဆေးရုံကို လာပြရာမှာ လက္ခဏာတွေ တွေ့လို့ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပီး ထားရှိခဲ့တာဖြစ်ပါတယ်။

စစ်တွေမှာ လူနာနံပါတ် ၃၇၅ နဲ့ ထိတွေ့ခဲ့တဲ့ ဘဏ်ဝန်ထမ်းတွေသာမက သူတို့ရဲ့ မိသားစုတွေကိုပါ Q ထားပီး စစ်ဆေးလို့ တွေ့ရှိခဲ့တာပါ။ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တတ်နိုင်သမျှ လူနာအကုန် အုပ်မိအောင် ကြိုးစားနေပါတယ်။ အများပြည်သူတွေအနေနဲ့လည်း ဒုတိယလှိုင်း မဖြစ်အောင် ကာကွယ်ကြဖို့ ဝန်ကြီးဌာနက ပန်ကြားလွှာ ထုတ်ထားပါတယ်။

လက်ဆေးပါ။

Mask တပ်ပါ။

တတ်နိုင်သမျှ လူကြားထဲ မသွားပါနဲ့။ အိမ်မှာပဲ နေကြပါ။

၆ ပေအကွာမှ နေထိုင်ပြောဆိုကြပါ။

ရပ်ရွာထဲ နိုင်ငံခြားက ပြန်လာသူရှိရင် Q ဝင်ဖို့ တိုက်တွန်းပါ။ သတင်းပို့ပါ။

အထူးမှာချင်တာကတော့ လုံးဝ မပေါ့သင့်တဲ့ အချိန်တခုကို ထပ်မံရင်ဆိုင်ရမှာဖြစ်လို့ ၂ ပတ်လောက်တော့ အထူးသတိထားပီး နေထိုင်ကြပါ။

ပြည်သူသာလျှင် အဓိက ဖြစ်ပါတယ်။

Nay thway