ONE ဝိတ္တန္းႏွစ္ခုခ်န္ပီယံ ျမန္မာ MMA ကစားသမား ေအာင္လအန္ဆန္ ၏ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ကာကြယ္ပြဲကို ေအာက္တိုဘာ ၃၀ ရက္တြင္ က်င္းပမည္ျဖစ္သည္။
ေအာင္ လအန္ဆန္သည္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲအျဖစ္ နယ္သာလန္ ႏိုင္ငံသား ဒီရစ္ဒါႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ရမည္ျဖစ္သည္။
ONE Championship သည္ ေအာက္တိုဘာ ၃၀ ရက္တြင္ Inside The Matrix အမည္ျဖင့္ က်င္းပမည့္ၿပိဳင္ပြဲတြင္ ပါဝင္မည့္ ကမာၻ႔ခ်န္ပီယံစိန္ေခၚပြဲ ေလးပြဲကို ထုတ္ျပန္ခဲ့ရာ ေအာင္လအန္ဆန္၏ တြဲဆိုင္းလည္း ပါဝင္ခဲ့ျခင္းျဖစ္သည္။
ကမာၻ႔ႏိုင္ငံမ်ားတြင္ ျဖစ္ေပၚေနသည့္ ကိုဗစ္-၁၉ ေရာဂါ အေျခအေနေၾကာင့္ ေအာင္လအန္ဆန္အေနျဖင့္ ယခုႏွစ္အတြင္း ပထမဆုံးပြဲကို ေအာက္တိုဘာမွ ယွဥ္ၿပိဳင္ထိုးသတ္ရျခင္းျဖစ္သည္။
ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲကို ၂၀၁၉ ခုႏွစ္ မတ္လက ေနာက္ဆုံးထိုးသတ္ခဲ့ၿပီး တစ္ႏွစ္ခြဲေက်ာ္ အၾကာမွ ျပန္လည္ထိုးသတ္ရျခင္း ျဖစ္သည္။
ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲ ေလးပြဲေျမာက္ အျဖစ္ ဒီရစ္ဒါႏွင့္ ထိုးသတ္ျခင္း ျဖစ္ၿပီး ၿပီးခဲ့သည့္သုံးပြဲစလုံး အႏိုင္ရထားသည္။ ေအာင္လအန္ဆန္သည္ ဂ်ပ န္ႏို င္ငံသား ဟဆဲဂါဝါႏွင့္ ႏွစ္ပြဲ၊ လက္ဘႏြန္ႏိုင္ငံသား ကရာကီႏွင့္ တစ္ပြဲထိုးသတ္ထားရာ သုံးပြဲစလုံး အႏိုင္ရၿပီး ခ်န္ပီယံဆုကာကြယ္ထားသည္။
ဒီရစ္ဒါသည္ ၁၂ ပြဲစလုံး အႏိုင္ရကာ မွတ္တမ္းေကာင္းပိုင္ဆိုင္ထားၿပီး မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုကို ကာကြယ္ခြင့္ရခဲ့ျခင္း ျဖစ္သည္။ ေအာင္လအန္ဆန္သည္ ၂၀၁၉ ခုႏွစ္ ေအာက္ တိုဘာက ေနာက္ဆုံးထိုးသတ္ခဲ့သည့္ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲတြင္လည္း ဖိလစ္ပိုင္ႏိုင္ငံသား ဘရန္ဒန္ဗီရာကို အႏိုင္ရထားသည္။
ေအာင္လအန္ဆန္သည္ ONE Cham pionship ၏ မစ္ဒယ္ဝိတ္တန္းႏွင့္ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံျဖစ္ၿပီး မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲသုံးပြဲ၊ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲ တစ္ပြဲ ထိုးသ တ္ထားရာ ပြဲတိုင္းအႏိုင္ရထားသည္။
Credit to ညီျမတ္ေသာ္တာ/MDN
Unicode
အောင်လအန်ဆန် ရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ကျင်းပမည့်ရက်ကို ထုတ်ပြန်
ONE ဝိတ်တန်းနှစ်ခုချန်ပီယံ မြန်မာ MMA ကစားသမား အောင်လအန်ဆန် ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကို အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။
အောင် လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် နယ်သာလန် နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
ONE Championship သည် အောက်တိုဘာ ၃၀ ရက်တွင် Inside The Matrix အမည်ဖြင့် ကျင်းပမည့်ပြိုင်ပွဲတွင် ပါဝင်မည့် ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ လေးပွဲကို ထုတ်ပြန်ခဲ့ရာ အောင်လအန်ဆန်၏ တွဲဆိုင်းလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် အောင်လအန်ဆန်အနေဖြင့် ယခုနှစ်အတွင်း ပထမဆုံးပွဲကို အောက်တိုဘာမှ ယှဉ်ပြိုင်ထိုးသတ်ရခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ၂၀၁၉ ခုနှစ် မတ်လက နောက်ဆုံးထိုးသတ်ခဲ့ပြီး တစ်နှစ်ခွဲကျော် အကြာမှ ပြန်လည်ထိုးသတ်ရခြင်း ဖြစ်သည်။
အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ လေးပွဲမြောက် အဖြစ် ဒီရစ်ဒါနှင့် ထိုးသတ်ခြင်း ဖြစ်ပြီး ပြီးခဲ့သည့်သုံးပွဲစလုံး အနိုင်ရထားသည်။ အောင်လအန်ဆန်သည် ဂျပ န်နို င်ငံသား ဟဆဲဂါဝါနှင့် နှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီနှင့် တစ်ပွဲထိုးသတ်ထားရာ သုံးပွဲစလုံး အနိုင်ရပြီး ချန်ပီယံဆုကာကွယ်ထားသည်။
ဒီရစ်ဒါသည် ၁၂ ပွဲစလုံး အနိုင်ရကာ မှတ်တမ်းကောင်းပိုင်ဆိုင်ထားပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ် အောက် တိုဘာက နောက်ဆုံးထိုးသတ်ခဲ့သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင်လည်း ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာကို အနိုင်ရထားသည်။
အောင်လအန်ဆန်သည် ONE Cham pionship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲသုံးပွဲ၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ တစ်ပွဲ ထိုးသ တ်ထားရာ ပွဲတိုင်းအနိုင်ရထားသည်။
Credit to ညီမြတ်သော်တာ/MDN