ပြည်တွင်းသတင်း

“အ​မေဘာဘဲဖြစ်ဖြစ် အ​မေ့ကိုပါ ရောဂါကူးချင် ကူးပါ​စေ​တော့ဆရာမ​တွေကို ​ပြောပြီးသမီး​လေးနဲ့အတူ အ​မေ​ဘေးမှာရှိ​နေ​ပေးမယ်​နော်”တဲ့

“အ​မေဘာဘဲဖြစ်ဖြစ် အ​မေ့ကိုပါ ရောဂါကူးချင် ကူးပါ​စေ​တော့ဆရာမ​တွေကို ​ပြောပြီးသမီး​လေးနဲ့အတူ အ​မေ​ဘေးမှာရှိ​နေ​ပေးမယ်​နော်”တဲ့

မှတ်မှတ်ရရ ၂၂.၁၀ .၂၀ရက်​နေ့
ကိုဗစ်​ကြောင့်ကျ​နော့ နှလုံးသားအရင့်အမာကြီးကို မျက်ရည်ကျ​အောင် ဖန်တီးလိုက်တဲ့ ​မေ့မရနိုင်​တော့မယ့် ​ကြေကွဲစရာ​နေ့ တ​နေ့ဆိုလည်းမမှားပါဘူး။

ယ္ခင် အကြိမ်​တွေလိုဘဲ Quarantine က​နေပိုးမရှိတဲ့သူဆို ​ပျော်ရွှင်စွာအိမ်ပြန်ကြပိုး​တွေ့တဲ့သူ​တွေဆို ဆက်လက်​နေပြီး
နောက်ရက်မှာ ကုသ​ရေးစင်တာကိုသွားကြရတယ်။

ဒီ​နေ့မှာ ဖြစ်သွားတဲ့ဖြစ်စဥ်လေးပါ”အ​မေ! အ​ဖေ! သမီးတ​ယောက်ထဲဒီမှာ ​နေခဲ့ရမှာလား ဟင်”
“​အေး​ပေါ့သမီး​လေးရယ် သမီးက ပို့​တွေ့လူနာဖြစ်​နေ​တော့ ​ဆေးကုသခံရမယ်လေ သမီး​လေးရဲ့””ဟုတ်လားဟင် မေရီး​ဖေရီး​ပြောတာ”

သမီး​လေး ​ဆေးကုသခံလိုက်​နော်သမီးဘာ​ကြောက်စရာမဟုတ်ပါဘူး ကျန်းမာသွားရင် အ​မေကိုယ်တိုင် လာ​ခေါ်မယ်​နော်
သမီး​လေးရယ် တိတ် တိတ်”

ဟင့်အင်း ဟင့်အင်း မလိုက် ပါရ​စေနဲ့ မေ​မေနဲ့ ​ဖေ​ဖေရယ် ​နော် သမီး​ကြောက်တယ် ​နော် ဖေရီး”
​ကြေကွဲစရာ ရင်နင့်စရာ မြင်ကွင်းနဲ့ အသံ​လေး​တွေကြားမှာ
ကျနော် စီး​မျောရင်း စွံ့အနေတဲ့အချိန်မှာ”ကဲဘာသမီးရယ်…အ​မေ ရင်ခွင်ထဲမှာဘဲ​နေ​တော့​နော်”

မိခင်ဖြစ်သူမှ ခ​လေးအနားပြန်သွားရင်း”အ​မေဘာဘဲဖြစ်ဖြစ် အ​မေ့ကိုပါ ​ရောဂါကူးချင် ကူးပါ​စေ​တော့ဆရာမ​တွေကို ​ပြောပြီးသမီး​လေးနဲ့အတူ အ​မေ​ဘေးမှာရှိ​နေ​ပေးမယ်​နော်”တဲ့

ဒိထက်​ကြေကွဲ ​သေပွဲ​တွေနဲ့ခွဲခွာ ခံစားကြရတဲ့ ပုံရိပ်​တွေဟာဘယ်​လောက်​တောင် ဖြစ်​နေပြီလဲဆိုတာ​……
@အုန်းဟန် အုန်းဟန်
@Aungmyint Kyaw





သမီး​လေးရယ် တိတ် တိတ်”



@အုန်းဟန် အုန်းဟန်
@Aungmyint Kyaw