ပရိသတ်ကြီးရေ လွန်ခဲ့တဲ့နှစ်တွေက အရမ်းကိုအောင်မြင်လူကြိုက်များခဲ့တဲ့ “မင်းလက်ကလေး ကိုင်ချင်လို့ တစ်စက္ကန့်လောက် ခွင့်ပြုပါ” ဆိုတဲ့ သီချင်းလေးကိုတော့ ပရိသတ်တွေ ယနေ့အချိန်ထိ စွဲမြဲစွာ အမှတ်ရနေကြဦးမှာပါနော်။ “တစ်စက္ကန့်”သီချင်းလေးကို
Rဇာနည်၊ ကျော်သူစိုးနဲ့အတူ တွဲဖက်ပြီးသီဆိုခဲ့တဲ့ Rapper အဆိုတော် စိုးမိုးမင်းကတော့ ယနေ့မှာပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်နော်။
Rap ဂီတကို ရူးသွပ်ကာ အနုပညာရှင်အချင်းချင်းကတောင် လေးစားအားကျခဲ့ရ Zero အဖွဲ့မှ Rapper အဆိုတော် စိုးမိုးမင်းဟာ အသည်းရောဂါနဲ့ ချင်းမိုင်မြို့မှာ ကွယ်လွန်သွားတာပါ။အကြွေစောလွန်းတဲ့ စိုးမိုးမင်းရဲ့ စိတ်မကောင်းစရာသတင်းကတော့ ဂီတ
အနုပညာရှင်တွေကို အတော်လေး အံ့သြသင့်စေခဲ့ပြီး မယုံနိုင်လောက်အောင် စိတ်မကောင်းဖြစ်နေတာလည်း တွေ့ရပြီး ဝမ်းနည်းစကားလေးတွေလည်း ဆိုထားကြပါတယ်နော်။
“သူငယ်ချင်းတို့ ငါတို့ကောင်ကြီး ” စိုးမိုးမင်း” ဆုံးသွားပြီ.. ကျော်သူစိုး လှမ်းပြောတာ
ကောင်းရာမွန်ရာရောက်ပါစေကွာ..” ဆိုပြီး ရန်ရန်ချမ်းက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေး ပြောပြထားတာပဲ ဖြစ်ပါတယ်..။
ဂီတအနုပညာရှင်တွေ စိတ်မကောင်းဖြစ်နေကြသလို “မြန်မာပြည် hip hop ခေတ်ဦးတွင်
ဦးဆောင်သူတစ်ယောက်ဖြစ်သော…
မြန်မာ့ ပထမဆုံး hiphop အဖွဲ့ tu-ballz
ပူးတွဲတည်ထောင်သူ
ကျွန်တော်တို့ထက်
Rap ဂီတကိုရှေ့ဆောင်လမ်းပြပြုလုပ်ခဲ့သူ…
သူ့rap flowများကို
ကျွန်တော်တို့ကိုယ်တိုင် လေးစားအားကျခဲ့ရသူ…
“ငါ့နာမည် S double M
တချိန်မှာမိုက်ခဲ့ကြတာ အမှန်”
ငယ်စဉ်ထဲက ကဲဖေါ်ကဲဘက် အမိုက်စား Rapperကြီး
Zero အဖွဲ့မှ စိုးမိုးမင်း အသည်းရောဂါဖြင့် ချင်းမိုင်မြို့တွင်
ယနေ့ကွယ်လွန်သွားပါသည်။
မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။..” ဆိုပြီးတော့လည်း သားစိုးက ဝမ်းနည်းကြောင်း ရေးသားဖော်ပြထားပြီး အားလုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်..။
Swelsone News