အနုပညာ

ဒီနေ့မှာပဲ နှစ်ဖက်မိဘတွေရဲ့သဘောတူညီချက်နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီးရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပြီဖြစ်တဲ့ အိမ့်ချစ်တို့ ချစ်သူစုံတွဲ

ပရိသတ်တွေလေးစားအားကျနေရတဲ့ ချစ်သူစုံတွဲလေးတစ်တွဲဖြစ်တဲ့ အိမ့်ချစ်တို့ချစ်သူစုံတွဲလေးကတော့ ဒီနေ့မှာပဲ နှစ်ဖက်မိဘတွေရဲ့ သဘောတူညီချက်နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီးရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပြီပဲဖြစ်ပါတယ်။ အဲဒီအကြောင်းလေးကိုတော့ အိမ့်ချစ်က “မေတ္တာတရားတွေလွှမ်းခြုံပြီး ဒီနေ့ ၆.၆.၂၀၂၀ မှာ အိမ့်ချစ်တို့ ချစ်သူနှစ်ဦးနှစ်ဖက်မိဘများနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီး ရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပါပြီ

ဘဝကိုခက်ခက်ခဲခဲပင်ပင်ပန်းပန်းဖြတ်သန်းလာပြီး လှမ်းကြည့်လိုက်တိုင်းမှာအမေပဲရှိခဲ့တာ မပြည့်စုံတဲ့မိန်းမတစ်ယောက်ရဲ့နေ့ရက်တွေက ခါးသီးလွန်းခဲ့တယ် ခက်ခဲတဲ့အချိန်တွေဖြတ်ကျော်ရတိုင်းပင်ပန်းတဲ့ အချိန်တွေရင်ဆိုင်ရတိုင်းမှာ မှီစရာပခုံးလေးတစ်ခု နားခိုစရာရင်ခွင်လေးတစ်ခု လိုချင်ခဲ့တာ… ဒီနေ့မှာတော့ လိုချင်ခဲ့တဲ့ပခုံးလေးတစ်ခု ကမ်းလင့်တဲ့လက်လေးတစ်စုံကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ မေလတုန်းကစေ့စပ်ပွဲလေးကိုတော့ဖျက်လိုက်ရပေမယ့် ရည်ရွယ်ထားစီစဉ်ထားတဲ့အတိုင်းဒီနေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါပြီ

မင်္ဂလာဧည့်ခံပွဲကတော့ ကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အချိန်အားလုံးအေးချမ်းသွားတဲ့အချိန်မှပဲ
ကျင်းပပါမယ်ရှင့် အိမ့်ချစ်ကိုချစ်သလို အိမ့်ချစ်ရဲ့လက်တွဲဖော်ကိုလဲ ချစ်ပေးကြပါလို့ “ဆိုပြီး သူမရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…။

Source:Eint Chit

Zawgyi

ဒီေန႔မွာပဲ ႏွစ္ဖက္မိဘေတြရဲ႕သေဘာတူညီခ်က္နဲ႔ ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္တရားသူႀကီးေရွ႕ေမွာက္မွာ မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထိုးခဲ့ၾကၿပီျဖစ္တဲ့ အိမ့္ခ်စ္တို႔ ခ်စ္သူစုံတြဲ

ပရိသတ္ေတြေလးစားအားက်ေနရတဲ့ ခ်စ္သူစုံတြဲေလးတစ္တြဲျဖစ္တဲ့ အိမ့္ခ်စ္တို႔ခ်စ္သူစုံတြဲေလးကေတာ့ ဒီေန႔မွာပဲ ႏွစ္ဖက္မိဘေတြရဲ႕ သေဘာတူညီခ်က္နဲ႔ ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္တရားသူႀကီးေရွ႕ေမွာက္မွာ မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထိုးခဲ့ၾကၿပီပဲျဖစ္ပါတယ္။ အဲဒီအေၾကာင္းေလးကိုေတာ့ အိမ့္ခ်စ္က “ေမတၱာတရားေတြလႊမ္းၿခဳံၿပီး ဒီေန႔ ၆.၆.၂၀၂၀ မွာ အိမ့္ခ်စ္တို႔ ခ်စ္သူႏွစ္ဦးႏွစ္ဖက္မိဘမ်ားနဲ႔ ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္တရားသူႀကီး ေရွ႕ေမွာက္မွာ မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထိုးခဲ့ၾကပါၿပီ

ဘဝကိုခက္ခက္ခဲခဲပင္ပင္ပန္းပန္းျဖတ္သန္းလာၿပီး လွမ္းၾကည့္လိုက္တိုင္းမွာအေမပဲရွိခဲ့တာ မျပည့္စုံတဲ့မိန္းမတစ္ေယာက္ရဲ႕ေန႔ရက္ေတြက ခါးသီးလြန္းခဲ့တယ္ ခက္ခဲတဲ့အခ်ိန္ေတြျဖတ္ေက်ာ္ရတိုင္းပင္ပန္းတဲ့ အခ်ိန္ေတြရင္ဆိုင္ရတိုင္းမွာ မွီစရာပခုံးေလးတစ္ခု နားခိုစရာရင္ခြင္ေလးတစ္ခု လိုခ်င္ခဲ့တာ… ဒီေန႔မွာေတာ့ လိုခ်င္ခဲ့တဲ့ပခုံးေလးတစ္ခု ကမ္းလင့္တဲ့လက္ေလးတစ္စုံကို ပိုင္ဆိုင္ခြင့္ရခဲ့ၿပီ ေမလတုန္းကေစ့စပ္ပြဲေလးကိုေတာ့ဖ်က္လိုက္ရေပမယ့္ ရည္႐ြယ္ထားစီစဥ္ထားတဲ့အတိုင္းဒီေန႔မွာလက္မွတ္ေရးထိုးခဲ့ၾကပါၿပီ

မဂၤလာဧည့္ခံပြဲကေတာ့ ကပ္ေရာဂါႀကီးၿပီးဆုံးသြားတဲ့အခ်ိန္အားလုံးေအးခ်မ္းသြားတဲ့အခ်ိန္မွပဲ
က်င္းပပါမယ္ရွင့္ အိမ့္ခ်စ္ကိုခ်စ္သလို အိမ့္ခ်စ္ရဲ႕လက္တြဲေဖာ္ကိုလဲ ခ်စ္ေပးၾကပါလို႔ “ဆိုၿပီး သူမရဲ႕လူမႈကြန္ရက္မွာေရးသားေဖာ္ျပထားခဲ့တာျဖစ္ၿပီး ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…။