ဩဂုတ်၁၇၊ ၂၀၂၂
မြန်မာနိုင်ငံအတွင်း Facebook သုံးစွဲမှုကို ကန့်သတ်ဖို့ နည်းလမ်း ၂ မျိုးနဲ့ ကျိုးစားနေပြီး Facebook ရဲ့ အဓိက ဝင်ငွေရလမ်းဖြစ်တဲ့ ကြေညာတွေကို ပိတ်ပစ်မယ်လို့ ဒီနေ့(ဩဂုတ်၁၇) မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကသတင်းထောက်တစ်ဦးမေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
“Facebook Team အနေနဲ့ မြန်မာနိုင်ငံအတွင်း ဒီလောက်ပြလို့ရအောင် ဘယ်ကနေ ဝင်ငွေတွေရ ရှိနေသလဲ။ ဒါက ကျွန်တော်တို့ရဲ့ကြေညာတွေဖြစ်ပါ တယ်။ ကျွန်တော်တို့က ဒီကြေညာတွေကို ကြေညာနေတဲ့ မြန်မာကုမ္ပဏီတွေကိုလည်း ကန့်သတ်မှုများလုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ပြော ပါတယ်။
ထို့အပြင် အမျိုးသားအကျိုးစီးပွား၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးတွေမှာ ဆုတ်ယုတ်အောင်ဆောင်ရွက်နေတဲ့ Facebook ကို ပြည်သူတွေမသုံးဆွဲနိုင်အောင် ကန့်သတ်ထားပေမဲ့ အပြည့်အဝမအောင်မြင်သေးတာ ကိုလည်း ဝန်ခံပါတယ်။
အဲဒီအတွက် မြန်မာနိုင်ငံကနေ Facebook အစားထိုး လူမှုကွန်ယက် ဆိုရှယ်မီဒီယာတစ်ခုတည်ဆောက် ဖို့ ကျိုးပန်းနေကြောင်းလည်းပြောပါတယ်။
“ဒီဟာကို မသုံးနဲ့လို့ ကန့်သတ်လိုက်ရင် စိတ်ရဲ့အလိုဆန္ဒအရ မသုံးစွဲလို့မရပါဘူး။ ဒါကိုလည်း ကျွန်တော်တို့က ကြည့်ရမှာပါ။ အဲဒီနေရာကို အစားထိုးနိုင်ဖို့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုကို တီထွင်ဆောင်ရွက်လျှက်ရှိပါတယ်။ ဝန်ကြီးဌာန ၂ ခု၊ ၃ခုပေါင်းပြီး ပညာရှင်တွေနဲ့ တီထွင်ဆောင်ရွက် လျှက်ရှိပါတယ်” လို့ပြောပါတယ်။
Facebook Team က စစ်ကောင်စီဘက်ကတင်နေတဲ့ post တွေကို အတင်မခံပဲဖြုတ်ချနေတာကြောင့် Facebook ရဲ့ community standard ကိုလည်း မေးခွန်းထုတ်လိုက်ပါသေးတယ်။ Facebook က အမျိုးသားရေး၊ ဘာသာရေးနဲ့ပတ်သက်တဲ့ post တွေကို အတင်မခံပဲ ဖြုတ်ချနေတဲ့အကြောင်းလည်း ပြောပါတယ်။