ကျောင်းသွားတိုင်း မသန်စွမ်းတဲ့ညီငယ်လေးကို ပွေ့ချီပြီး အမြဲကျောင်းတက်နေရတဲ့ ကောင်လေး
ကျောင်းသားအတော်များများက အားလပ်အချိန်မှာ ပြေးလွှားဆော့ကစားခွင့်ရခဲ့ကြပေမဲ့လည်း ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့ အသက်
11 နှစ်အရွယ် Alxis Peralta အမည်ရှိတဲ့ ကောင်လေးကတော့ 4 နှစ်အရွယ် မသန်စွမ်းညီငယ်လေး AJ ကို ပြုစုစောင့်ရှောက်နေခဲ့ရ
တာပါ ။

ဖြစ်စဉ်ကတော့ Alxis ရဲ့ ပထွေးဖြစ်သူဟာ AJ က သူ့သားအရင်းဖြစ်ပေမဲ့လည်း လုံးဝတာဝန်မယူတဲ့အပြင် ၊ သူတို့ကို မကျွေးမွေးခဲ့ပါ
ဘူး ။မိခင်ဖြစ်သူကတော့ အငယ်ဆုံးကလေးနှစ်ယောက်နဲ့အတူ မြို့တက်ပြီး အိမ်ဖော်အလုပ်ဝင်လုပ်နေခဲ့တာပါ ။

ကျောင်းသို့ 3 km ခန့် လမ်းလျှောက်ပြီး ကျောင်းတက်ရလို့ အဆင်မပြေဖြစ်နတဲ့ Alxis တို့ညီအစ်ကိုအဖြစ်ကို ကျောင်းအုပ်ကြီးက မ
ကြည့်ရက်ပဲ ကျောင်းရဲ့ရုံခန်းတစ်ခုမှာ နေထိုင်ခွင့်ပေးခဲ့လို့ Alxis, AJ နဲ့ နောက်ထပ် ညီတစ်ဦးဖြစ်သူ 3 ယောက်သား ကျောင်းထဲမှာ
နေထိုင်ခွင့်ရခဲ့ကြပါတယ် ။

အားလပ်ချိန်တွေမှာဆိုရင် AJ ကို ရုံခန်းထဲမှာ ခဏထားခဲ့ပြီး Alxis က အဝတ်တွေ လျှော်ဖွတ်ခဲ့ရတာပါ ။ ညနေခင်းဖက်တွေမှာဆိုရင်
လည်း ကျောင်းရဲ့ကန်တင်းမှာ ညီငယ်တွေ စားသောက်ဖို့ Alxis က ချက်ပြုတ်နေခဲ့ရပြန်ပါတယ် ။

Alxis ရဲ့ ညီအစ်ကိုတွေရဲ့အဖြစ် video ဟာ social media ပေါ်မှာ အတော်ပျံ့နှံ့သွားခဲ့ပြီးနောက် ၊ လူအတော်အများက ကူညီပေးခဲ့ကြတဲ့
အပြင် ၊ မိခင်နဲ့အတူ ပြန်ဆုံဆည်းခွင့်လည်းရခဲ့ကြကြောင်း သိရှိရပါတယ် ။
Credit
ေက်ာင္းသြားတိုင္း မသန္စြမ္းတဲ့ညီငယ္ေလးကို ေပြ႕ခ်ီၿပီး အၿမဲေက်ာင္းတက္ေနရတဲ့ ေကာင္ေလး
ေက်ာင္းသားအေတာ္မ်ားမ်ားက အားလပ္အခ်ိန္မွာ ေျပးလႊားေဆာ့ကစားခြင့္ရခဲ့ၾကေပမဲ့လည္း ဖိလစ္ပိုင္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 11
ႏွစ္အ႐ြယ္ Alxis Peralta အမည္ရွိတဲ့ ေကာင္ေလးကေတာ့ 4 ႏွစ္အ႐ြယ္ မသန္စြမ္းညီငယ္ေလး AJ ကို ျပဳစုေစာင့္ေရွာက္ေနခဲ့ရတာပါ ။
ျဖစ္စဥ္ကေတာ့ Alxis ရဲ႕ ပေထြးျဖစ္သူဟာ AJ က သူ႔သားအရင္းျဖစ္ေပမဲ့လည္း လုံးဝတာဝန္မယူတဲ့အျပင္ ၊ သူတို႔ကို မေကြၽးေမြးခဲ့ပါဘူး
။မိခင္ျဖစ္သူကေတာ့ အငယ္ဆုံးကေလးႏွစ္ေယာက္နဲ႔အတူ ၿမိဳ႕တက္ၿပီး အိမ္ေဖာ္အလုပ္ဝင္လုပ္ေနခဲ့တာပါ ။
ေက်ာင္းသို႔ 3 km ခန႔္ လမ္းေလွ်ာက္ၿပီး ေက်ာင္းတက္ရလို႔ အဆင္မေျပျဖစ္နတဲ့ Alxis တို႔ညီအစ္ကိုအျဖစ္ကို ေက်ာင္းအုပ္ႀကီးက မၾက
ည့္ရက္ပဲ ေက်ာင္းရဲ႕႐ုံခန္းတစ္ခုမွာ ေနထိုင္ခြင့္ေပးခဲ့လို႔ Alxis, AJ နဲ႔ ေနာက္ထပ္ ညီတစ္ဦးျဖစ္သူ 3 ေယာက္သား ေက်ာင္းထဲမွာ ေနထို
င္ခြင့္ရခဲ့ၾကပါတယ္ ။
အားလပ္ခ်ိန္ေတြမွာဆိုရင္ AJ ကို ႐ုံခန္းထဲမွာ ခဏထားခဲ့ၿပီး Alxis က အဝတ္ေတြ ေလွ်ာ္ဖြတ္ခဲ့ရတာပါ ။ ညေနခင္းဖက္ေတြမွာဆိုရင္လ
ည္း ေက်ာင္းရဲ႕ကန္တင္းမွာ ညီငယ္ေတြ စားေသာက္ဖို႔ Alxis က ခ်က္ျပဳတ္ေနခဲ့ရျပန္ပါတယ္ ။
Alxis ရဲ႕ ညီအစ္ကိုေတြရဲ႕အျဖစ္ video ဟာ social media ေပၚမွာ အေတာ္ပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္ ၊ လူအေတာ္အမ်ားက ကူညီေပးခဲ့ၾက
တဲ့အျပင္ ၊ မိခင္နဲ႔အတူ ျပန္ဆုံဆည္းခြင့္လည္းရခဲ့ၾကေၾကာင္း သိရွိရပါတယ္ ။
Credit



