သြစတြေးလျရှိ ပြည်နယ်တစ်ခုမှ ဗီယက်နမ်ဖွား မြို့တော်ဝန် ဖြစ်လာခဲ့ပြီး တက္ကသိုလ်တစ်ခုမှ ဘွဲ့ရရှိခဲ့တဲ့ Anthony Tran ၎င်းရဲ့မိသားစုသာမက ဗီယက်နမ်လူမျိုးများအတွက် ဂုဏ်ယူစရာဖြစ်လာခဲ့ပါတယ် ။ အသက် 22 နှစ်မှာပင် လူများစွာက ဘွဲ့နှင်းသဘင် ပရောဂျက်များနဲ့ ရုန်းကန်နေရဆဲဖြစ်ပြီး လက်တွေ့မဆန်တဲ့ အိပ်မက်များနဲ့ ရည်မှန်းချက်များစွာဖြင့် ဘွဲ့ရရုံမျှသာ ရှိသေးပါတယ် ။ ဒါပေမဲ့ Anthony Tran အတွက်ကတော့ ဘွဲရပြီးနောက် သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ် Maribyrnong မြို့တော်ဝန်ဖြစ်လာခဲ့ပါတယ် ။ Anthony Tran ဟာ ငယ်စဉ်ကပင် ငယ်ရွယ်ပြီး အရည်အချင်းရှိတာကြောင့် လူအများက သဘောကျနှစ်သက်ကာ ခေါင်းဆောင်တစ်ဦးဖြစ်လာရန် စိတ်ကူးရှိခဲ့တာပါ ။

နှစ်ပေါင်းများစွာ လေ့ကျင့်ပြီး စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း လေးနက်မှုနဲ့ မဆုတ်မနစ်သော အားထုတ်မှုများဖြင့် Anthony Tran က သူရဲ့အိပ်မက်ကို တဖြည်းဖြည်း အောင်နိုင်ခဲ့ပါတယ် ။ သူ့မိသားစုရဲ့ တိုင်းပြည်အပေါ် ချစ်စိတ်ကြောင့် စိတ်အားထက်သန်တဲ့ Anthony Tran က ဗီယက်နမ်နိုင်ငံအကြောင်းကို ပိုမိုရှာဖွေတွေ့ရှိရန် အားလပ်ချိန်ပြန်လာရန် အမြဲမျှော်လင့်ထားပါတယ် ။ ပြီးခဲ့တဲ့ရက်က Maribyrnong မြို့တော်ကောင်စီရဲ့ အစည်းအဝေးခန်းမှာ Anthony Tran က ထိုဧရိယာရဲ့မြို့တော်ဝန်နေရာကို ဆက်ခံရန်အသက်အငယ်ဆုံးလူအဖြစ်သတ်မှတ်ခဲ့ပါတယ် ။

လူတိုင်းရှေ့မှာ ရပ်နေတဲ့ Anthony Tran က သူ့ရဲ့ စိတ်ခံစားချက်ကို ဖုံးကွယ်မထားနိုင်ဘဲ အင်္ဂလိပ်နဲ့ ဗီယက်နမ် နှစ်ဘာသာလုံးနဲ့ အထင်ကြီးလောက်တဲ့ မိန့်ခွန်းကို ပြောခဲ့တယ် ။ ထို့အပြင် အသက် 22 နှစ်အရွယ်နဲ့ မြို့တော်ဝန်သစ်က ၎င်းရဲ့ မျိုးဆက်သစ်လူငယ်များကို ယုံကြည်အားကိုးမှုအတွက် Maribyrnong မြို့အသိုက်အဝန်းရှိ ၎င်းရဲ့မိသားစုနဲ့ အကြီးအကဲများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ် ။ Anthony Tran က သူ့ရဲ့ကိုယ်စားပြုမှုဟာ လူငယ်တွေ သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဆက်လက်လှုံ့ဆော်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

JRose (KB Chimmy One)
Reference : bestie
Zawgyi
ၾသစေၾတးလ်ရွိ ျပည္နယ္တစ္ခုမွ ဗီယက္နမ္ဖြား ၿမိဳ႕ေတာ္ဝန္ ျဖစ္လာခဲ့ၿပီး တကၠသိုလ္တစ္ခုမွ ဘြဲ႕ရရွိခဲ့တဲ့ Anthony Tran ၎ရဲ႕မိသားစုသာမက ဗီယက္နမ္လူမ်ိဳးမ်ားအတြက္ ဂုဏ္ယူစရာျဖစ္လာခဲ့ပါတယ္ ။ အသက္ 22 ႏွစ္မွာပင္ လူမ်ားစြာက ဘြဲ႕ႏွင္းသဘင္ ပေရာဂ်က္မ်ားနဲ႔ ႐ုန္းကန္ေနရဆဲျဖစ္ၿပီး လက္ေတြ႕မဆန္တဲ့ အိပ္မက္မ်ားနဲ႔ ရည္မွန္းခ်က္မ်ားစြာျဖင့္ ဘြဲ႕ရ႐ုံမွ်သာ ရွိေသးပါတယ္ ။ ဒါေပမဲ့ Anthony Tran အတြက္ကေတာ့ ဘြဲရၿပီးေနာက္ ၾသစေၾတးလ်ႏိုင္ငံ၊ ဗစ္တိုးရီးယားျပည္နယ္ Maribyrnong ၿမိဳ႕ေတာ္ဝန္ျဖစ္လာခဲ့ပါတယ္ ။ Anthony Tran ဟာ ငယ္စဥ္ကပင္ ငယ္႐ြယ္ၿပီး အရည္အခ်င္းရွိတာေၾကာင့္ လူအမ်ားက သေဘာက်ႏွစ္သက္ကာ ေခါင္းေဆာင္တစ္ဦးျဖစ္လာရန္ စိတ္ကူးရွိခဲ့တာပါ ။

ႏွစ္ေပါင္းမ်ားစြာ ေလ့က်င့္ၿပီး စိန္ေခၚမႈမ်ားစြာကို ရင္ဆိုင္ခဲ့ရေသာ္လည္း ေလးနက္မႈနဲ႔ မဆုတ္မနစ္ေသာ အားထုတ္မႈမ်ားျဖင့္ Anthony Tran က သူရဲ႕အိပ္မက္ကို တျဖည္းျဖည္း ေအာင္ႏိုင္ခဲ့ပါတယ္ ။ သူ႔မိသားစုရဲ႕ တိုင္းျပည္အေပၚ ခ်စ္စိတ္ေၾကာင့္ စိတ္အားထက္သန္တဲ့ Anthony Tran က ဗီယက္နမ္ႏိုင္ငံအေၾကာင္းကို ပိုမိုရွာေဖြေတြ႕ရွိရန္ အားလပ္ခ်ိန္ျပန္လာရန္ အၿမဲေမွ်ာ္လင့္ထားပါတယ္ ။ ၿပီးခဲ့တဲ့ရက္က Maribyrnong ၿမိဳ႕ေတာ္ေကာင္စီရဲ႕ အစည္းအေဝးခန္းမွာ Anthony Tran က ထိုဧရိယာရဲ႕ၿမိဳ႕ေတာ္ဝန္ေနရာကို ဆက္ခံရန္အသက္အငယ္ဆုံးလူအျဖစ္သတ္မွတ္ခဲ့ပါတယ္ ။

လူတိုင္းေရွ႕မွာ ရပ္ေနတဲ့ Anthony Tran က သူ႔ရဲ႕ စိတ္ခံစားခ်က္ကို ဖုံးကြယ္မထားႏိုင္ဘဲ အဂၤလိပ္နဲ႔ ဗီယက္နမ္ ႏွစ္ဘာသာလုံးနဲ႔ အထင္ႀကီးေလာက္တဲ့ မိန႔္ခြန္းကို ေျပာခဲ့တယ္ ။ ထို႔အျပင္ အသက္ 22 ႏွစ္အ႐ြယ္နဲ႔ ၿမိဳ႕ေတာ္ဝန္သစ္က ၎ရဲ႕ မ်ိဳးဆက္သစ္လူငယ္မ်ားကို ယုံၾကည္အားကိုးမႈအတြက္ Maribyrnong ၿမိဳ႕အသိုက္အဝန္းရွိ ၎ရဲ႕မိသားစုနဲ႔ အႀကီးအကဲမ်ားကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္ ။ Anthony Tran က သူ႔ရဲ႕ကိုယ္စားျပဳမႈဟာ လူငယ္ေတြ သူတို႔ရဲ႕အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ဆက္လက္လႈံ႕ေဆာ္ေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ။

JRose (KB Chimmy One)



